Monday, January 13, 2014

လစ်ဗျားဒုဝန်ကြီး ဇာတိမြို့သို့ အလည်အပတ် သွားရောက်စဉ် လုပ်ကြံခံရ

Photo: လစ်ဗျားဒုဝန်ကြီး ဇာတိမြို့သို့ အလည်အပတ် သွားရောက်စဉ် လုပ်ကြံခံရ

ထရိုင်ပိုလီ၊ ဇန်နဝါရီ ၁၂

လစ်ဗျား စက်မှုဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးဖြစ်သူ ဟက်ဆန်အယ်လ်ဒရူအီသည် စနေနေ့က ၎င်း၏ ဇာတိမြို့ဖြစ်သော ဆတ်မြို့သို့ အလည်အပတ် ခရီးသွားရောက်စဉ် သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံခံရပြီး သေဆုံးသွားခဲ့သည်ဟု လစ်ဗျား အာဏာပိုင်များက ထုတ်ပြန်ခဲ့ကြောင်း BBC သတင်းဌာနတွင် ဖော်ပြထားသည်။

လက်ရှိ အချိန်တွင် ဟက်ဆန်အယ်လ်ဒရူအီကို လုပ်ကြံ သတ်ဖြတ်သွားသူများကို မဖော်ထုတ် နိုင်သေးကြောင်းနှင့် ဟက်ဆန်အယ်လ်ဒရူအီသည် ၂၀၁၁ ခုနှစ် အောက်တိုဘာလတွင် အာဏာရှင် ကဒါဖီ အစိုးရအဖွဲ့ ကျဆုံးပြီး နောက်ပိုင်းတွင် ပထဆုံး လုပ်ကြံခံရသည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦး ဖြစ်သည်ဟု တာဝန်ရှိသူများက ထုတ်ပြန်ခဲ့သည်။

“စက်မှုဝန်ကြီးဌာန ဒုဝန်ကြီး ဟက်ဆန်အယ်လ်ဒရူအီဟာ သူ့ရဲ့ဇာတိမြို့ဖြစ်တဲ့ ဆတ်မြို့ကို အလည်အပတ် ခရီးသွားရောက်စဉ်မှာ အမည်မသိ လက်နက်ကိုင် လူတစ်စုရဲ့ ပစ်ခတ် လုပ်ကြံခြင်းကို ခံရပြီး သေဆုံးသွားခဲ့ပါတယ်” ဟု လုံခြုံရေး တာဝန်ခံတစ်ဦးက ပြောကြားသည်။

ဆတ်မြို့ရှိ ဆေးရုံမှ တာဝန်ရှိသူ တစ်ဦးက ဟက်ဆန်အယ်လ်ဒရူအီ သေဆုံးမှုကို အတည်ပြုပေးခဲ့ပြီး စက်မှုဒုတိယဝန်ကြီးသည် ခန္ဓာကိုယ် နေရာ အနှံ့အပြားတွင် သေနတ်ဒဏ်ရာများရရှိပြီး သေဆုံး သွားခဲ့ခြင်း ဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။

လစ်ဗျားနိုင်ငံ အရှေ့ဘက်ဒေသရှိ မြို့များဖြစ်သော ဘန်ဂါဇီနှင့် ဒါနာမြို့တို့တွင်လည်း အစွန်းရောက် အစ္စလာမ္မစ်အဖွဲ့ များ၏ လက်ချက်ဟု ယူဆရသော ပစ်ခတ်လုပ်ကြံမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး အများအားဖြင့် စစ်တပ် ထိပ်ပိုင်းအရာရှိများနှင့် ရဲအရာရှိများကို ပစ်မှတ်ထား လုပ်ကြံလေ့ရှိသည်။

ဟက်ဆန်အယ်လ်ဒရူအီသည် လစ်ဗျားနိုင်ငံကို  ၄၂ နှစ်ကြာအုပ်ချုပ်ခဲ့သော အာဏာရှင် ကဒါဖီကို တော်လှန် တိုက်ခိုက်ခဲ့သူများ၏ နိုင်ငံရေး အဖွဲ့အစည်းဖြစ်သော အမျိုးသား ယာယီအုပ်ချုပ်ရေးအဖွဲ့  အဖွဲ့ဝင်ဟောင်း တစ်ဦးလည်း ဖြစ်သည်။

ဟက်ဆန်အယ်လ်ဒရူအီသည် ယာယီအစိုးရအဖွဲ့ ဝန်ကြီးချုပ် အာဘဒယ်ရာဟင်မ်အယ်ကပ်ဘ် လက်ထက်တွင် စက်မှုဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပြီး လက်ရှိဝန်ကြီးချုပ် အလီဇိုင်ဒန် အာဏာလွှဲပြောင်းရယူသည့် အခါတွင်လည်း အဆိုပါ ရာထူး၌ပင် ဆက်လက် တာဝန် ထမ်းဆောင်ခဲ့သည်။

ဒရူအီ၏ ဇာတိမြို့ဖြစ်သော ဆတ်မြို့ သည် လစ်ဗျားနိုင်ငံ၏ မြို့တော်ဖြစ်သော ထရီပိုလီမြို့ အရှေ့ဘက် မိုင် ၂၅၀ ခန့် အကွာတွင် တည်ရှိပြီး ကဒါဖီ၏ နောက်ဆုံး ခံတပ်ဖြစ်ခဲ့သော မြို့လည်း ဖြစ်သည်။

လစ်ဗျားနိုင်ငံတွင် အာဏာရှင် ကဒါဖီ၏ အစိုးရအဖွဲ့ ကျဆုံးသွားပြီး နောက်ပိုင်း၌ စစ်တပ် ထိပ်ပိုင်း အရာရှိကြီးများနှင့် လုံခြုံရေး အရာရှိများ လုပ်ကြံခံရခြင်း အပါအဝင် အကြမ်းဖက် တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

ထို့ပြင် လစ်ဗျားနိုင်ငံတွင် မတူကွဲပြားသည့် လက်နက်ကိုင် အဖွဲ့အစည်းပေါင်း ၁၇၀၀ အထိရှိနေပြီး တိုင်းပြည် စည်းလုံးညီညွတ်မှု မပြိုကွဲရေး အတွက်လည်း ရုန်းကန်ရလျက်ရှိသည်။
လစ်ဗျား စက်မှုဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးဖြစ်သူ ဟက်ဆန်အယ်လ်ဒရူအီသည် စနေနေ့က ၎င်း၏ ဇာတိမြို့ဖြစ်သော ဆတ်မြို့သို့ အလည်အပတ်ခရီးသွားရောက်စဉ် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံ ခံရပြီး သေဆုံးသွားခဲ့သည်ဟု လစ်ဗျားအာဏာပိုင်များက ထုတ်ပြန်ခဲ့ကြောင်း BBC သတင်းဌာန တွင် ဖော်ပြ ထားသည်။
လက်ရှိ အချိန်တွင် ဟက်ဆန်အယ်လ်ဒရူအီကို လုပ်ကြံ သတ်ဖြတ်သွားသူများကို မဖော် ထုတ် နိုင်သေးကြော င်းနှင့် ဟက်ဆန်အယ်လ်ဒရူအီသည် ၂၀၁၁ ခုနှစ် အောက်တိုဘာလတွင် အာဏာရှင် ကဒါဖီ အစိုးရအဖွဲ့ ကျဆုံးပြီး နောက်ပိုင်းတွင် ပထဆုံး လုပ်ကြံခံရသည့် အစိုးရအဖွဲ့ဝင် ဝန်ကြီး တစ် ဦး ဖြစ် သည်ဟု တာဝန်ရှိသူများက ထုတ်ပြန်ခဲ့သည်။

“စက်မှုဝန်ကြီးဌာန ဒုဝန်ကြီး ဟက်ဆန်အယ်လ်ဒရူအီဟာ သူ့ရဲ့ဇာတိမြို့ဖြစ်တဲ့ ဆတ်မြို့ကို အလည်အပတ် ခရီးသွားရောက်စဉ်မှာ အမည်မသိ လက်နက်ကိုင် လူတစ်စုရဲ့ ပစ်ခတ် လုပ်ကြံခြင်း ကို ခံရပြီး သေဆုံး သွားခဲ့ပါတယ်” ဟု လုံခြုံရေး တာဝန်ခံတစ်ဦးက ပြောကြား သည်။

ဆတ်မြို့ရှိ ဆေးရုံမှ တာဝန်ရှိသူ တစ်ဦးက ဟက်ဆန်အယ်လ်ဒရူအီ သေဆုံးမှုကို အတည်ပြုပေးခဲ့ပြီး စက်မှု ဒုတိယဝန်ကြီးသည် ခန္ဓာကိုယ် နေရာ အနှံ့အပြားတွင် သေနတ်ဒဏ်ရာများရရှိပြီး သေဆုံး သွားခဲ့ခြင်း ဖြစ် သည်ဟုလည်း ပြောကြားခဲ့သည်။

လစ်ဗျားနိုင်ငံ အရှေ့ဘက်ဒေသရှိ မြို့များဖြစ်သော ဘန်ဂါဇီနှင့် ဒါနာမြို့တို့တွင်လည်း အစွန်းရောက် အစ္စလာမ္မစ်အဖွဲ့ များ၏ လက်ချက်ဟု ယူဆရသော ပစ်ခတ်လုပ်ကြံမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး အများအားဖြင့် စစ်တပ် ထိပ်ပိုင်းအရာရှိများနှင့် ရဲအရာရှိများကို ပစ်မှတ်ထား လုပ်ကြံလေ့ရှိသည်။

ဟက်ဆန်အယ်လ်ဒရူအီသည် လစ်ဗျားနိုင်ငံကို ၄၂ နှစ်ကြာအုပ်ချုပ်ခဲ့သော အာဏာရှင် ကဒါဖီကို တော်လှန် တိုက်ခိုက်ခဲ့သူများ၏ နိုင်ငံရေး အဖွဲ့အစည်းဖြစ်သော အမျိုးသား ယာယီအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဟောင်း တစ်ဦးလည်း ဖြစ်သည်။

ဟက်ဆန်အယ်လ်ဒရူအီသည် ယာယီအစိုးရအဖွဲ့ ဝန်ကြီးချုပ် အာဘဒယ်ရာဟင်မ်အယ် ကပ်ဘ် လက်ထက် တွင် စက်မှုဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပြီး လက်ရှိဝန်ကြီးချုပ် အလီဇိုင်ဒန် အာဏာလွှဲပြောင်းရယူသည့် အခါတွင်လည်း အဆိုပါ ရာထူး၌ပင် ဆက်လက် တာဝန် ထမ်းဆောင်ခဲ့သည်။

ဒရူအီ၏ ဇာတိမြို့ဖြစ်သော ဆတ်မြို့ သည် လစ်ဗျားနိုင်ငံ၏ မြို့တော်ဖြစ်သော ထရီပိုလီမြို့ အရှေ့ဘက် မိုင် ၂၅၀ ခန့် အကွာတွင် တည်ရှိပြီး ကဒါဖီ၏ နောက်ဆုံး ခံတပ်ဖြစ်ခဲ့သော မြို့လည်း ဖြစ်သည်။

လစ်ဗျားနိုင်ငံတွင် အာဏာရှင် ကဒါဖီ၏ အစိုးရအဖွဲ့ ကျဆုံးသွားပြီး နောက်ပိုင်း၌ စစ်တပ် ထိပ်ပိုင်း အရာရှိ ကြီး များနှင့် လုံခြုံရေး အရာရှိများ လုပ်ကြံခံရခြင်း အပါအဝင် အကြမ်းဖက် တိုက်ခိုက်မှုများ မကြာခဏ ဖြစ် ပွား လျက်ရှိသည်။

ထို့ပြင် လစ်ဗျားနိုင်ငံတွင် မတူကွဲပြားသည့် လက်နက်ကိုင် အဖွဲ့အစည်းပေါင်း ၁၇၀၀ အထိ ရှိနေပြီး တိုင်းပြည် စည်းလုံးညီညွတ်မှု မပြိုကွဲရေး အတွက်လည်း ရုန်းကန်ရလျက် ရှိသည်။

The Voice Weekly

No comments:

Post a Comment