Friday, January 31, 2014

မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီသို့ ကူးပြောင်းရာတွင် ပြုပြင်ပြောင်းလဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် အရေးပါသည့် စိန်ခေါ်မှုများအဖြစ် ရှိနေကြောင်း ဗြိတိန်ဝန်ကြီး ပြောကြား

မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်အဖြစ် ရောက်ရှိနေသော အာရှဆိုင်ရာ ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီး Hugo Swire က ယခုနှစ်များအတွင်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင် ကူးပြောင်းရေး သည် အားတက်ဖွယ် ရာ ဖြစ်ခဲ့သော်လည်း ဆက်လက်လုပ်ဆောင်ရမည့် ဒီမိုကရေစီဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနှင့် ငြိမ်း ချမ်းရေး လုပ်ငန်းစဉ်များသည် စိန်ခေါ်မှုများအဖြစ် ရှိနေသေးကြောင်း ဇန်န၀ါရီ ၃၀ ရက်က ဗြိတိသျှကောင်စီ တွင် ပြောကြားသည့် မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

“ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်မှာ လူကြီးမင်းတို့ဟာ စိန်ခေါ်မှုအများအပြားကို ရင်ဆိုင်နေကြရ ပါတယ်။ သို့ပေမဲ့ အရေးကြီးတဲ့နေရာကို ရောက်ရှိလာနေတဲ့ ကိစ္စရပ်နှစ်ခု ရှိပါတယ်။ အဲဒီနှစ်ခုကတော့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးရယ်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရယ် ပါပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။

သို့သော် ရှေ့ဆက်၍ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရန်အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ပြင်ဆင် ရန် လိုအပ်နေပြီး ထိုကဲ့သို့ ပြင်ဆင်မှသာ ဒီမိုကရေစီစံနှုန်းနှင့် ကိုက်ညီသော နိုင်ငံရေး အခြေ အနေ တစ်ရပ် ပေါ်ပေါက်ပြီး ပြည်သူလူထု၏ သဘောဆန္ဒကို ထင်ဟပ်နိုင်မည် ဖြစ်သည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို သာမန်လူတွေကနေ သောင်းသောင်းဖြဖြ ထောက် ခံနေကြ ပါ တယ်။ နိုင်ငံတကာ ဒီမိုကရေစီစံနှုန်းတွေနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက် လာစေမယ့် အပြောင်း အလဲ၊ ခိုင်မာတောင့်တင်းတဲ့ ဖက်ဒရယ်စနစ်တစ်ရပ်နဲ့ ပြည်နယ် နဲ့ တိုင်းဒေသကြီးတွေကို အာဏာ ပိုမိုအပ်နှင်းတဲ့ အပြောင်းအလဲ၊ တရားစီရင်ရေးရဲ့ မှီခိုမှု ကင်းမဲ့ ပြီး လွတ်လပ်မှုကို ခိုင်မာစေမယ့် အပြောင်း အလဲ၊ ဒီမိုကရေစီ ပြုပြင်ပြောင်း လဲရေးမှာ စစ်တပ်ရဲ့ တစ်ချက်လွှတ် ပိတ်ပင်ခွင့်အာဏာကို ဖယ် ရှားပြီး နိုင်ငံသူနိုင်ငံသားတွေ ကနေ ကိုယ့်ကြမ္မာကို ကိုယ်တိုင်ဖန်တီးနိုင်တဲ့ အပြောင်း အလဲတွေ ဖော်ဆော င်ပေး မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှုကို လိုလားနေကြပါတယ်” ဟု Hugo Swire က မိန့် ခွန်းတွင် ထည့်သွင်းပြောကြားသည်။

ထို့အပြင် ဒီမိုကရေစီရဲ့ဗဟိုချက်အဖြစ် ပြည်သူများသည် ၎င်းတို့၏ အုပ်ချုပ်သူ ခေါင်းဆောင်ကို ကိုယ် တိုင်ရွေးချယ် တင်မြှောက်ခွင့်ရှိသင့်ကြောင်း၊ လက်ရှိအခြေခံဥပဒေမှ အတိုက် အခံခေါင်းဆောင် ဒေါ်အောင် ဆန်း စုကြည်ကို သမ္မတမဖြစ်ရန် တားဆီးနေကြောင်း ဆက် လက်ပြောကြားသည်။

“၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တစ်မူထူးကောင်း ထူးနေပါလိမ့်မယ်။ နိုင်ငံသား တစ်ယောက်ရဲ့ အရွယ်ရောက်ပြီး သားသမီးတွေရဲ့ နိုင်ငံသားဖြစ်မှုကြောင့် အဲဒီ နိုင်ငံသားကို သမ္မတဖြစ်ဖို့ ကန့်သတ်တဲ့ အရည်အချင်း ပြဋ္ဌာန်းချက်ပါတဲ့ တခြားဖွဲ့စည်းပုံအခြေခံဥပဒေတွေ ကျွန်တော်တွေးကြည့်လို့မရပါဘူး။ ဒီလို ကျိုးကြောင်း မဆီလျော်တဲ့ ကန့်သတ်ချက်ဟာ မြန်မာနိုင်ငံ ရဲ့ ၁၉၄၇ ခုနှစ်နဲ့ ၁၉၇၄ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွေမှာလည်း မပါရှိခဲ့ပါဘူး” ဟု ၎င်းက ဝေဖန်ထောက်ပြခဲ့သည်။

လက်ရှိတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန်အတွက် တပ်မတော်သားအမတ်များ၏ ထောက်ခံမှု လို အပ်နေ ပြီး ၎င်းတို့မှ အပြုသဘောဆောင်သည့် ချဉ်းကပ်ဆောင်ရွက်မှု ပြုလုပ်ပါက ဗြိတိန်နိုင်ငံက မြန် မာနိုင်ငံနှင့် စစ်ရေးဆက်ဆံမှု ပြန်လည်စတင်လာခြင်းသည် မှန်ကန်ကြောင်း သက်သေပြခြင်းဖြစ်ကြော င်းနှင့် တပ်မတော်အနေဖြင့် ဒီမိုကရေစီ နည်းကျသည့် တပ်မတော်ဖြစ်ရန် ကြိုးစား သင့်ကြောင်း နိုင် ငံခြားရေး ရုံးဝန်ကြီး က ပြောကြား သည်။

မြန်မာနိုင်ငံအတွက် နောက်ထပ် စိန်ခေါ်မှုတစ်ခုမှာ ငြိမ်းချမ်းရေးလမ်းစဉ်ဖြစ်ကြောင်း၊ နှစ်ပေါင်းခြောက် ဆယ်ကျော် ကြာမြင့်ခဲ့သည့် ပြည်တွင်းစစ်ကြောင့် ထိခိုက်နစ်နာသူများ သန်းနှင့်ချီ၍ ဒုက္ခရောက်နေကြော င်း ပြောကြားသည်။

ငြိမ်းချမ်းရေးဆွေးနွေးမှုများ လုပ်ဆောင်ရာတွင်လည်း ကွဲပြားနေသည့် သဘောထားများ ကိုက်ညီမှုရှိစေ ရန် ဆောင်ရွက်မှသာ ငြိမ်းချမ်းသည့် ဒီမိုကရေစီနိုင်ငံတစ်ရပ် ဖြစ်လာ မည်ဖြစ် သည်။ ဗြိတိန်နိုင်ငံအနေဖြင့် လ ည်း မြောက်အိုင်ယာလန် ပဋိပက္ခမှ အတွေ့ အကြုံ များကို ပြန်လည်ဝေမျှနိုင်မည်ဖြစ်သည့်အပြင် နည်း ပညာနှင့် ဘဏ္ဍာရေးအထောက်အပံ့များ ထပ်မံပေး အပ်သွားရန် အသင့်ရှိနေကြောင်း တက်ရောက် လာသည့် မီဒီယာသမားများနှင့် လူငယ်များကို ဗြိတိန် နိုင်ငံခြားရေးရုံးဝန်ကြီးက အသိပေးခဲ့ သည်။

ထို့အပြင် ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံ အနှံ့အပြားတွင် ဖြစ်ပွားခဲ့သည့် ဘာသာရေးပဋိပက္ခ ဆန်ဆန် အဖြစ် အပျက်များ၏ နောက်ကွယ်မှ ကြိုးကိုင်သူများကို မြန်ဆန်စွာ ဖော်ထုတ်ရန်နှင့် “လုံးဝ သည်းခံမည် မဟုတ်” ဟူသော ကတိက၀တ်နှင့်အညီ အရေးယူရန် တိုက်တွန်းသည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးရုံးဝန်ကြီး Hugo Swire သည် ၀န်ကြီးဖြစ်ပြီးနောက် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ က မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် လာရောက်ခဲ့သည်။

Eleven Media Group

No comments:

Post a Comment