Thursday, January 23, 2014

၂၀၁၄-၂၀၁၅ တွင် အလယ်တန်းပညာရေးအတွက် သင်ထောက်ကူ ပစ္စည်းများဖြင့် အခမဲ့စတင်သင်ကြားမည်

လာမည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှစ၍ အလယ်တန်းပညာရေးကို အခမဲ့အလယ်တန်း ပညာရေးစနစ် အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ဇန်န၀ါရီ ၂၂ ရက်တွင် မြန်မာနိုင်ငံပညာရေး သုတေ သနအဖွဲ့ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသိမ်းကြီး က မဇိ္ဈမကို ပြောသည်။
ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမ၌ ပြုလုပ်သော အခြေခံပညာကဏ္ဍဆိုင်ရာမူဝါဒ(မူကြမ်း)များ ညှိနှို င်း ဆွေးနွေးပွဲအပြီးတွင် ယင်းသို့ပြောကြားခြင်းဖြစ်ပြီး အလယ်တန်းအဆင့် အခမဲ့အကောင် အထည်ဖော် ရခြင်းမှာ မူလတန်းအဆင့်မှ အလယ်တန်းဆင့်သို့ အတန်းကူးပြောင်းနှုန်းမြင့်မားရန်နှင့် အလယ်တန်းဆင့် တွင် အတန်းနေနှုန်း မြင့်မားရန်အတွက် ဖြစ်သည်ဟု ဆိုသည်။

“အလယ်တန်း ကျောင်းသူကျောင်းသားတွေကို ကျောင်းလခတွေ မကောက်ဘူး။ သင်ထောက်ကူ ပစ္စည်း တွေ ထောက်ပံ့ပေးသွားမယ်။ ကျောင်းတွေကိုတော့ ပညာရေး ၀န်ကြီးဌာနကနေ နိုင်ငံတော် ရဲ့ခွင့်ပြု ရန်ပုံ ငွေနဲ့ ထောက်ပံ့ကြေးတွေ ပေးသွားမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာ မျိုးသိမ်းကြီးက မဇ္ဈိမကို ပြော သည်။

ယင်းအပြင် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် မူလတန်းပညာရေးကို အခမဲ့ မသင်မနေရ ပညာရေး အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိတွင် မူလတန်းပညာရေးသည် အခမဲ့ ပညာရေး စနစ်ဖြစ်သည်။

အခမဲ့ အလယ်တန်းပညာရေးစနစ်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရန် အလယ် တန်းကျောင်း သူကျောင်းသားများကို ကျောင်းလခလွတ်ငြိမ်းခွင့်နှင့် ပြဋ္ဌာန်းစာအုပ်များ၊ ဗလာ စာအုပ်များ၊ စာရေးကိရိ ယာများ၊ အထွေထွေအသုံးအဆောင်ပစ္စည်းများ အခမဲ့ထောက်ပံ့ပေး သွား မည်ဖြစ်ပြီး ကျောင်းများအ တွက် လိုအပ်သည့် ရန်ပုံငွေများကို နိုင်ငံတော်၏ ခွင့်ပြုရန် ပုံငွေဖြင့် ထောက်ပံ့ပေးသွားမည် ဖြစ်သည်။

ရန်ကုန်တက္ကသိုလ်ရှိ စိန်ရတုခန်းမတွင် ဇန်န၀ါရီလ ၂၁ ရက်မှ၂၂ရက်အထိ မူကြိုပညာဆိုင်ရာ မူဝါဒ၊ အခြေခံပညာဆိုင်ရာ မူဝါဒ၊ ဆရာအတတ်ပညာဆိုင်ရာမူဝါဒ၊ သင်ရိုးညွှန်းတမ်းဆိုင်ရာ မူဝါဒ၊ ကလေး ဗဟိုပြု သင်ကြားပို့ချခြင်းဆိုင်ရာမူဝါဒ၊ ကျောင်းပြင်ပပညာရေးဆိုင်ရာမူဝါဒ စသည့် မူဝါဒမူကြမ်းများကို ညှိနှိုင်းဆွေးနွေးခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ ပညာရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဒေါက်တာဇော်မင်းအောင်နှင့် တာဝန်ရှိသူ များ၊ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER)၊ ပညာရေးမြှင့်တင်မှုအကောင် အထည်ဖော်ရေးကော်မတီနှင့် တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ တက်ရောက်ခဲ့ကြသည်။

Mizzima - News in Burmese

No comments:

Post a Comment