တရုတ်-မြန်မာနယ်စပ်မြို့
ရွှေလီ၊ ကြယ်ဂေါင်ဒေသများတွင် တရုတ်နှစ်သစ်ကူးကာလအတွင်း
ဝင်ထွက်ခွင့် လက်မှတ် မပါရှိသူများကို တရုတ်ရဲမှ နေ့စဉ်
စစ်ဆေးဖမ်းဆီးနေကြောင်း သတင်းရရှိသည်။
ယင်းကဲ့သို့ ဖမ်းဆီးမှုမျိုးကို ယခင်လများအတွင်းက တစ်လလျှင် တစ်ကြိမ်၊ နှစ်ကြိမ်ခန့်သာ ပြုလုပ်လေ့ ရှိသော် လည်း ယခုနှစ် တရုတ်နှစ်သစ်ကူးကာလ နီးလာချိန်တွင် ဖမ်းဆီးမှုများ ပိုမိုပြုလုပ်လာကြောင်း သိရှိရ သည်။
““ဖမ်းတာက နေ့တိုင်းဖမ်းနေတာ၊ နံနက် ၆ နာရီကနေ ၁၀ နာရီအထိ တစ်ကြိမ်၊ ညနေ ၂ နာရီ နောက်ပိုင်းကနေ မိုးချုပ်ထိ မထင်ရင်မထင်သလို ဖမ်းနေတာ၊ ဖမ်းမိရင် တရုတ်ယွမ်ငွေ ၅၀၀ နဲ့ ပြန်ရွေး ရတယ်။ မရွေးနိုင်ရင် တရုတ်ထောင်သုံးလကျခံရတယ်””ဟု ကြယ်ဂေါင်ဒေသတွင် ကျောက်စိမ်း လုပ်ငန်း လုပ် ကိုင်နေသူတစ်ဦးကပြောသည်။
ဖမ်းဆီးသည့်နေရာမှာ ကြယ်ဂေါင်ရွှေလီတံတားအလွန် နေရာနှင့် တရုတ်-မြန်မာနယ်စပ် စည်းရိုးခတ် ထားသော ဆင်ဖြူပေါက် သံဆန်ခါခိုးဝင်ပေါက်နေရာများ၊ စက်လှေဆိပ်များတွင် အဓိက ဖမ်းဆီးမှုပြု လုပ်လေ့ ရှိကြောင်း သိရှိရသည်။
““မှတ်ပုံတင်မရှိတဲ့သူတွေက ခိုးပေါက်ကနေ၀င်ကြတယ်။ ခိုးပေါက်က သံဆန်ခါကာထားတဲ့နေရာမှာ လူ ၀င်ပေါက် လုပ်ထားတာ။ မိရင်မလွယ်ဘူး။ မရွေးနိုင်တဲ့လူတွေကို အလုပ်စခန်းတွေကို အပို့ခံရတယ်။ ဒီရက် ပိုင်း မိတဲ့သူတွေများတယ်””ဟု ရွှေလီမြို့အတွင်းရှိ အလှပြင်ဆိုင်တစ်ခုမှ မအေးနန်းက ပြောသည်။
တရုတ်-မြန်မာနယ်စပ်ဖြတ်သန်းခွင့်အတွက် ၆ ညအိပ် ၇ ရက် လက်မှတ်ကို ငွေတစ်ထောင် ကျပ်ဖြင့် ပြု လုပ်ပေးနေသော် လည်း မှတ်ပုံတင်မရှိသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် နယ်ဒေသများမှ လာရောက် အလုပ်လုပ်သူများမှာ တစ်ခါတစ်ရံတွင် ၀င်ထွက်ခွင့်လက်မှတ်မပြုလုပ်ဘဲ ခိုးပေါက်များမှ ၀င် ထွက်လေ့ရှိရာ တရုတ်ရဲများက မကြာခဏ ဖမ်းဆီးလေ့ရှိသည်။ ယခု တရုတ်နှစ်သစ်ကူးကာလဖြစ်နေ၍ ဆက်တိုက်ဖမ်းဆီး မှု များ ပြုလုပ်နေခြင်းဖြစ်ကြောင်း မူဆယ်ဒေသခံအချို့က သုံးသပ်ပြောကြားသည်။
Author: ကံသာ
7day Daily

No comments:
Post a Comment