Monday, January 13, 2014

ထိုင်းနိုင်ငံရေး ပဋိပက္ခ ယခုတစ်ပတ်တွင်း အဆိုးဆုံး အဆင့်သို့ ရောက်နိုင် ကုလအကြီးအကဲ ကြားဝင် ဖျန်ဖြေရန် စတင်ကြိုးပမ်း

Photo: ထိုင်းနိုင်ငံရေး ပဋိပက္ခ ယခုတစ်ပတ်တွင်း အဆိုးဆုံး အဆင့်သို့ ရောက်နိုင် ကုလအကြီးအကဲ ကြားဝင် ဖျန်ဖြေရန် စတင်ကြိုးပမ်း
Monday, January 13, 2014

ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် ဦးဆောင်သည့် အစိုးရကို ဖြုတ်ချရန် ကြိုးပမ်းလျက် ရှိသည့် အတိုက်အခံ အင်အားစုများနှင့် အစိုးရ ထောက်ခံသူ အင်အားစုများ အကြား ပဋိပက္ခမှာ ယခုရက်သတ္တတစ်ပတ် အတွင်း အဆိုးရွားဆုံး အဆင့်သို့ ရောက်ရှိလာပြီး မြို့တော် ဘန်ကောက် ရပ်ဆိုင်းသွားမည့် အနေအထားတွင်ရှိရာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြဿနာ အားလုံး ပြေလည်စေရေးအတွက် ကြားဝင် ဖျန်ဖြေရေး ကြိုးပမ်းချက် တစ်ရပ်ကို စတင်လိုက်ပြီ ဖြစ်ကြောင်း The Nation သတင်းစာက ရေးသား ဖော်ပြသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် ဝန်ကြီးချုပ် ယင်းလပ်နှင့် တွေ့ဆုံဆွေးနွေးပြီး ဖြစ်သလို အတိုက်အခံ ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် အဘီ ဆစ်ဝိချာချီဝနှင့်လည်း တွေ့ဆုံပြီး ဖြစ်ရာ ၎င်းအနေနှင့် နှစ်ဖက်စလုံး၏ မတူညီမှုများကို ပေါင်းကူး ပေးနိုင်ရေးအတွက် အကူအညီ ပေးသွားမည်ဟု ဆိုသည်။ 

“လာမယ့် ရက်တွေမှာ အခြေအနေ အရပ်ရပ်တွေက ပိုမို ဆိုးရွားလာမှာကို ကျွန်တော် အထူးပဲ စိုးရိမ်မိပါတယ်။ အထူးသဖြင့် တနင်္လာနေ့(၁၃ရက်နေ့)ပေါ့ ဗျာ။ အတိုက်အခံ ဆန္ဒပြ အင်အားစုတွေက ဘန်ကောက် ရပ်ဆိုင်းသွားအောင် လုပ်မယ်လို့ ပြောလိုက်တဲ့အချိန်မှာ ကျွန်တော် အင်မတန် စိုးရိမ် ပူပန်မိသွားပါတယ်” ဟု ဘန်ကီမွန်းက ပြောကြားသည်။ 

“သက်ဆိုင်သူတွေ အားလုံးအနေနဲ့ ရန်စလိုတဲ့ လုပ်ဆောင်ချက်တွေ မပြုလုပ်ဘဲ နေထိုင်ကြပြီး မတူညီမှုတွေကို ငြိမ်းချမ်းစွာနဲ့ ဒိုင်ယာလော့ခ် လုပ်ပြီး ဖြေရှင်းကြဖို့ ကျွန်တော် တိုက်တွန်းလိုပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။ 

အတိုက်အခံ အင်အားစုများကမူ ၎င်းတို့အနေနှင့် ယင်းလပ်ရှင်နာဝပ် အစိုးရကို ဖြုတ်မချ နိုင်သေးသရွေ့ မြို့တော် ဘန်ကောက်ကို သိမ်းပိုက်ထားမည် ဖြစ်သည်ဟု အတိအလင်း ကြေညာထားသည်။ 

ဘန်ကောက်မြို့တော် ရပ်ဆိုင်းရေး ဆန္ဒပြပွဲကြီး အဆိုးဆုံး အဆင့်သို့ ရောက်ရှိ လာမည်ကို စိုးရိမ်သောကြောင့် ထိုင်းအာဏာပိုင်များက တစ်မြို့လုံးတွင် ရဲတပ်ဖွဲ့အင်အား ၁၅,၀၀၀ နီးပါးခန့် တပ်ဖြန့် ချထားမည် ဖြစ်သည်ဟု ဆိုသည်။ 

အတိုက်အခံတို့၏ ဆန္ဒပြမှု များကြောင့် ထိုင်းဝန်ကြီးချုပ် ယင်းလပ်သည် ပါလီမန် လွှတ်တော်ကို ဖျက်သိမ်းပြီး လာမည့် ဖေဖော်ဝါရီလတွင် ရွေးကောက်ပွဲသစ် တစ်ရပ် ကျင်းပ ပြုလုပ်ပေးမည် ဖြစ်သည်ဟု ကြေညာခဲ့သော်လည်း အတိုက်အခံများက ယင်း ရွေးကောက်ပွဲသည် လက်ရှိ ဝန်ကြီးချုပ်နှင့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် တို့၏ ချမ်းသာကြွယ်ဝသော မိသားစုဝင်များ ဆက်လက် သြဇာလွှမ်းမိုးနိုင်ရန်သာ ဦးတည်ထားခြင်း ဖြစ်သည်ဟု ဆိုကာ ဆန္ဒပြမှုများကို ဆက်လက် လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။ 

ထိုင်းနိုင်ငံရေး သမိုင်းကြောင်းတွင် သြဇာအာဏာကြီးမားသည့် စစ်တပ်က ယခုနိုင်ငံရေး အကျပ်အတည်းတွင် ပါဝင် ပတ်သက်လိုခြင်း မရှိဟု ထုတ်ဖော် ပြောဆို ထားသော်လည်း ကြားဝင် ဖျန်ဖြေပေးလာဖွယ်ရှိသည်ဟု လေ့လာ စောင့်ကြည့်သူများက ခန့်မှန်းကြသည်။

ထိုင်းအခြေစိုက် နိုင်ငံခြား သံတမန်ကြီးများက ၎င်းတို့၏ သံရုံး အများစုသည် ဆန္ဒပြမှုများ အဓိက ပြုလုပ်မည့် နေရာ ခုနစ်ခု ထဲတွင် ပါဝင်သောကြောင့် အလွန်အမင်း စိုးရိမ်ပူပန်လျက်ရှိရာ ထိုင်း အစိုးရက သံတမန်များနှင့် သံရုံးများ လုံခြုံရေးအတွက် အာမခံကြောင်း အသိပေး ပြောဆိုထားသည်။

The Voice Weekly
ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် ဦးဆောင်သည့် အစိုးရကို ဖြုတ်ချရန် ကြိုးပမ်းလျက် ရှိသည့် အတိုက်အခံ အင်အားစုများနှင့် အစိုးရ ထောက်ခံသူ အင်အားစုများ အကြား ပဋိပက္ခမှာ ယခုရက် သတ္တတစ်ပတ် အတွင်း အဆိုးရွားဆုံး အဆင့်သို့ ရောက်ရှိလာပြီး မြို့တော် ဘန်ကောက် ရပ်ဆိုင်းသွားမည့် အနေအထားတွင်ရှိရာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က ပြဿနာ အားလုံး ပြေ လည်စေရေးအတွက် ကြားဝင် ဖျန်ဖြေရေး ကြိုးပမ်းချက် တစ်ရပ်ကို စတင် လိုက်ပြီ ဖြစ်ကြောင်း The Nation သတင်းစာက ရေးသား ဖော်ပြသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် ဝန်ကြီးချုပ် ယင်းလပ်နှင့် တွေ့ဆုံဆွေးနွေးပြီး ဖြစ်သလို အတိုက်အခံ ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် အဘီ ဆစ်ဝိချာချီဝနှင့်လည်း တွေ့ဆုံပြီး ဖြစ်ရာ ၎င်းအနေနှင့် နှစ်ဖက်စလုံး၏ မတူညီမှုများကို ပေါင်းကူး ပေးနိုင်ရေးအတွက် အကူအညီ ပေးသွားမည်ဟု ဆိုသည်။ 

“လာမယ့် ရက်တွေမှာ အခြေအနေ အရပ်ရပ်တွေက ပိုမို ဆိုးရွားလာမှာကို ကျွန်တော် အထူးပဲ စိုးရိမ်မိပါတယ်။ အထူးသဖြင့် တနင်္လာနေ့(၁၃ရက်နေ့)ပေါ့ ဗျာ။ အတိုက်အခံ ဆန္ဒပြ အင်အားစုတွေက ဘန်ကောက် ရပ်ဆိုင်းသွားအောင် လုပ်မယ်လို့ ပြောလိုက်တဲ့အချိန်မှာ ကျွန်တော် အင်မတန် စိုးရိမ် ပူပန်မိသွားပါတယ်” ဟု ဘန်ကီမွန်းက ပြောကြားသည်။ 

“သက်ဆိုင်သူတွေ အားလုံးအနေနဲ့ ရန်စလိုတဲ့ လုပ်ဆောင်ချက်တွေ မပြုလုပ်ဘဲ နေထိုင်ကြပြီး မတူညီမှုတွေကို ငြိမ်းချမ်းစွာနဲ့ ဒိုင်ယာလော့ခ် လုပ်ပြီး ဖြေရှင်းကြဖို့ ကျွန်တော် တိုက်တွန်းလိုပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။ 

အတိုက်အခံ အင်အားစုများကမူ ၎င်းတို့အနေနှင့် ယင်းလပ်ရှင်နာဝပ် အစိုးရကို ဖြုတ်မချ နိုင်သေးသရွေ့ မြို့တော် ဘန်ကောက်ကို သိမ်းပိုက်ထားမည် ဖြစ်သည်ဟု အတိအလင်း ကြေညာထားသည်။ 

ဘန်ကောက်မြို့တော် ရပ်ဆိုင်းရေး ဆန္ဒပြပွဲကြီး အဆိုးဆုံး အဆင့်သို့ ရောက်ရှိ လာမည်ကို စိုးရိမ်သောကြောင့် ထိုင်းအာဏာပိုင်များက တစ်မြို့လုံးတွင် ရဲတပ်ဖွဲ့အင်အား ၁၅,၀၀၀ နီးပါးခန့် တပ်ဖြန့် ချထားမည် ဖြစ်သည်ဟု ဆိုသည်။ 

အတိုက်အခံတို့၏ ဆန္ဒပြမှု များကြောင့် ထိုင်းဝန်ကြီးချုပ် ယင်းလပ်သည် ပါလီမန် လွှတ်တော်ကို ဖျက်သိမ်းပြီး လာမည့် ဖေဖော်ဝါရီလတွင် ရွေးကောက်ပွဲသစ် တစ်ရပ် ကျင်းပ ပြုလုပ်ပေးမည် ဖြစ်သည်ဟု ကြေညာခဲ့သော်လည်း အတိုက်အခံများက ယင်း ရွေးကောက်ပွဲသည် လက်ရှိ ဝန်ကြီးချုပ်နှင့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် တို့၏ ချမ်းသာကြွယ်ဝသော မိသားစုဝင်များ ဆက်လက် သြဇာလွှမ်းမိုးနိုင်ရန်သာ ဦးတည်ထားခြင်း ဖြစ်သည်ဟု ဆိုကာ ဆန္ဒပြမှုများကို ဆက်လက် လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။ 

ထိုင်းနိုင်ငံရေး သမိုင်းကြောင်းတွင် သြဇာအာဏာကြီးမားသည့် စစ်တပ်က ယခုနိုင်ငံရေး အကျပ် အတည်းတွင် ပါဝင် ပတ်သက်လိုခြင်း မရှိဟု ထုတ်ဖော် ပြောဆို ထားသော်လည်း ကြားဝင် ဖျန်ဖြေပေး လာဖွယ် ရှိသည်ဟု လေ့လာ စောင့်ကြည့်သူများက ခန့်မှန်းကြသည်။

ထိုင်းအခြေစိုက် နိုင်ငံခြား သံတမန်ကြီးများက ၎င်းတို့၏ သံရုံး အများစုသည် ဆန္ဒပြမှုများ အဓိက ပြုလုပ်မည့် နေရာ ခုနစ်ခု ထဲတွင် ပါဝင်သောကြောင့် အလွန်အမင်း စိုးရိမ်ပူပန်လျက်ရှိရာ ထိုင်း အစိုးရက သံတမန်များနှင့် သံရုံးများ လုံခြုံရေးအတွက် အာမခံကြောင်း အသိပေး ပြောဆိုထားသည်။

The Voice Weekly

No comments:

Post a Comment