တောင်ကြီးမြို့ မြို့မဈေး အပေါ်ထပ်တွင် အမျိုးသားတဦးအား မတော်တဆ တိုက်မိသည့် အမျိုးသမီး တဦးကို အဆိုပါအမျိုးသား၏ အပေါင်းအပါ ၅ ဦးက ၀င်ရောက် ထိုးကြိတ် ရိုက်နှက်ရာ အမျိုးသမီးမှာ ဒဏ်ရာ အပြင်း အထန်ဖြင့် ဆေးရုံ တင်လိုက် ရသော်လည်း အမျိုးသားများအား ရဲစခန်းက အာမခံဖြင့် လွှတ်ထားဆဲဖြစ်ကြောင်း သိရှိရပါသည်။
“ကျမတို့ ရဲစခန်းမှာအမှုသွားဖွင့်တာလဲ အချိန် ၆ နာရီတောင်ကြာတယ် ၊ ကျမ တို့ကို ဆင်းရဲသား ဈေးသည်ဆိုပြီး အဘက်ဘက်က အနိုင်ကျင့်နေတာ ၊ ကျမသမီး သွေးသံတရဲရဲနဲ့ အကျီကြယ်သီး တွေ ပြုတ်ပြီး ကျမဆီပြေးလာ တဲ့မြင်ကွင်း ကျမ မြင်ယောင်နေမိတယ်။ ကျမ မခံစားနိုင်ဘူး။ အမှားကျူးလွန် တဲ့ ဟို ၆ ယောက်ကိုလဲအာမခံနဲ့ပြန် လွှတ်ပေးတယ် ” ဟု မမြင့်မြင့်အေး၏ မိခင်ဖြစ်သူ ဒေါ်သီ က ပြောသည်။
ယမန်နေ့မနက်က ဂျန္နဝါရီလ ၂၈ ရက်က မြို့မဈေးအပေါ်ထပ် ရွှေရုပ်လွှာ အထည်ဆိုင်ရှေ့ တွင် လမ်းလျှောက်ဖြတ် လာသော ချမ်းမြသာစည် ရပ်ကွက်သူ မမြင့်မြင့်အေး (၂၄)နှစ် က အဆိုပါဆိုင်မှ ၀န်ထမ်း အမျိုးသား တဦးနှင့် မတော်တဆ ၀င်တိုက်မိရာမှ သူမအား ဝိုင်းဝန်းထိုးကြိတ် ခဲ့ကြခြင်းဖြစ် သည်။
“ကျမတို့ အရင်ကလည်း ဘာရန်ငြိုး ရန်စမှမရှိပါဘူး။ ကျမ မတော်တဆ ၀င်တိုက်မိတာပါ။ သံလက်သီး တွေ စွပ်ပြီး ကျမကို တစ်ယောက်က အရင်ထိုးတယ်။ ကျမနှုတ်ခမ်းပေါက်သွားတယ်။ ကျန်တဲ့လူတွေ က ရောက် လာ ပြီး ကျမကိုထပ်ဝိုင်းထိုးကြတယ်။ ဘယ်နှစ်ချက်မှန်း မသိဘူး ကျမ မူးပြီးသွေးအန်တဲ့အထိ ဘဲ ” ဟု မမြင့်မြင့်အေးမှ ရှင်းပြသည်။
မမြင့်မြင့်အေး၏ မိခင်ဖြစ်သူမှာ အဆိုပါ ဆိုင်တန်းတွင်မူ ဈေးရောင်းကြောင်း၊ အဆိုပါ အမျိုးသား ၆ ဦးထိုးကြိတ်ရိုက်နှက်ပြီး ထွက်ပြေးသွားပြီးနောက် မိန်းခလေးမှာ မိခင်ဈေးရောင်းရာ ဈေးဆိုင်သို့ ပြေး ကာ အကူအညီတောင်း ဆိုကြောင်း ဒဏ်ရာပြင်းထန်သဖြင့်ဆေးရုံသို့ ပို့ဆောင်ကုသပြီး အဆိုပါ အမျိုး သား များကိုလည်း အမှုဖွင့်အရေးယူထားကြောင်း မိခင်ဖြစ်သူ ဒေါ်သီက ပြောပါသည်။
ယင်းအကြမ်းဖက်မှုဖြစ်ပွားချိန်တွင် ၀င်ရောက်ဖျန်ဖြေပေးသော မရွှေသဲ ဆိုသူအားလည်း မြို့မဈေး ၊ ဈေးခေါင်းရုံးက မျက်မြင်သက်သေအဖြစ် လက်မှတ်ရေးထိုးခိုင်းခဲ့ကြောင်း ဒေါ်သီက ဆိုပါသည်။
အဆိုပါ အမျိုးသား ၆ ဦးအား အမှတ်(၁) မြို့မရဲစခန်း၌ (ပ)၃၁/ ၂၀၁၄ ပုဒ်မ ၂၉၄ ညစ်ညမ်းစွာ ဆဲဆိုခြင်း ၊ ပုဒ်မ ၃၅၄ မိန်းမ ကာယိနြေ္ဒ ပျက်စီးအောင် ကိုယ်ထိလက် ရောက်ကျူးလွန်ခြင်း၊ ပုဒ်မ ၃၂၃ နာကျင်အောင် ကိုယ်ထိလက်ရောက်ကျူးလွန်ရိုက်နှက်ခြင်း အစရှိ အမှုများဖွင့်ထားကြောင်း ၊ သို့သော် အမျိုးသားခြောက်ဦး အား အာမခံချက်ဖြင့် ရဲစခန်းက လွှတ်ပေးထားကြောင်း သိရှိရပါသည်။
သျှမ်းသံတော်ဆင့်
No comments:
Post a Comment