Friday, January 24, 2014

နာမည်ကြီး အဆိုတော် တစ်ဦး၏ မိခင် ကျပ်သိန်းပေါင်း ငါးသောင်းကျော် အလွဲသုံးစားမှုဖြင့် တရားစွဲခံရ လိမ်လည်ခံရသူများတွင် နာမည်ကြီး အဆိုတော်များလည်း ပါဝင်

Photo: နာမည်ကြီး အဆိုတော် တစ်ဦး၏ မိခင် ကျပ်သိန်းပေါင်း ငါးသောင်းကျော် အလွဲသုံးစားမှုဖြင့် တရားစွဲခံရ လိမ်လည်ခံရသူများတွင် နာမည်ကြီး အဆိုတော်များလည်း ပါဝင်
Friday, January 24, 2014

ယုံကြည်စွာဖြင့် အကျိုးတူခံစားခွင့် ရရှိရန် အစုငွေ ထည့်ဝင်ထားသော ကျပ်သိန်းပေါင်း ငါးသောင်းကျော်အား ရှယ်ယာရှင်များကို မရှင်းပေးဘဲ တိမ်းရှောင်နေသူ ဒေါ်ဆွေဆွေအုန်းအား ပုဒ်မ ၄၀၆ ဖြင့် ၂၁-၁-၂၀၁၄ တွင် ဒဂုံ ဆိပ်ကမ်းမြို့နယ် အရေးယူထားသည်ဟု ကျပ်(၁၃၁၈)သိန်း ထည့်ဝင်သူ ကိုဖြိုးမင်းသိန်းက မြန်မာ သံတော်ဆင့်သို့ ပြောသည်။

၎င်းက ““ကျွန်တော်တို့က အမှတ်(၅) ရှင်စောပုလမ်း၊ စမ်းချောင်းမှာ နေတာပါ။ ကျွန်တော်တို့ တိုက်ခန်းကို ဒေါ်ဆွေဆွေအုန်းတို့က ငှားနေပါတယ်။ ဒီ ၂၀၁၄ မတ်လကျမှ စာချုပ် ပြည့်ပါမယ်။ တိုက်ခန်း ငှားရမ်းခက တစ်လကို လေးသိန်းပါ။ စာချုပ်မှာ တစ်နှစ်ချုပ်ပေမယ့် လစာကိုတော့ ၆လ တစ်ခါ ရှင်းပါတယ်။ သူက လုပ်ငန်း ကြီး လုပ်ကိုင်တော့ ရှယ်ယာတွေ ထည့်ဝင်ကြတာပေါ့။ Cupid ပရိဘောဂပစ္စည်း ထုတ်တာပေါ့နော်။ ဒဂုံဆိပ်ကမ်း မြို့နယ် စက်မှုဇုန်(၂)၊ ဦးဘိုးလှိုင်လမ်းမှာလည်း သူ့စက်ရုံ ရှိတယ်လို့ သိရတယ်။ ကျွန်တော် တို့နဲ့ ခင်နေတာလည်း အတော်ကြာပါပြီ။ အစုထည့်ဝင်ငွေအတွက် တစ်လကို ကျပ်(၄၄) သိန်း ကျွန်တော်တို့က ရတယ်။ ပထမတော့ အမြတ်ငွေကို မှန်မှန်ပေးတယ်။ နောက်တော့ လုပ်ငန်းရှုံးလို့ဆိုပြီး ငါးသိန်းပေးလိုက်၊ ငါးသိန်းပေးလိုက် တစ်ခါတလေ သိန်း(၅၀)ပေးနဲ့ လစဉ်ရှင်းရမယ့် ငွေကြေးက အမြဲတမ်း ကျန်တယ်။ ခုပြီးသွားတဲ့ ဒီဇင်ဘာဆိုရင် ငွေ(၇)သိန်းပဲ ရသေးတယ်””ဟု ပြောသည်။

၎င်းကဆက်၍ ““ကျွန်တော်တို့နဲ့ မျက်နှာချင်းဆိုင် တိုက်ခန်း အမှတ်(၈) ဆိုရင်လည်း တစ်ခန်း ရောင်းပြီးသားကို နောက်လူထပ်ရောင်းနဲ့ ပြဿနာတွေ ကြားနေရတယ်။ ကျွန်တော် ငှားထားတဲ့ အခန်းကိုလည်း ဘာမှ မဖြစ်ပါစေနဲ့လို့ ဆုတောင်းနေရတယ်။ ကျွန်တော့်ဦးလေးတွေ အဒေါ်တွေဆိုရင် ၀န်ထမ်းလစာ ရတဲ့ငွေကို စုဆောင်းပြီး ထည့်ထားတာ ခုတော့ သူဘယ်လို ရှင်းမလဲ။ ကျွန်တော်တို့ ရမယ့် ငွေကြေးအတွက် ရှိတာကုန် သွားမှာမို့ တရားလည်း မစွဲနိုင်တော့ပါဘူး။ တချို့ဆို လူကို ယုံကြည်မှုနဲ့ စာချုပ်တောင် မချုပ်ဘဲ အလွတ် ပေးကြတာတွေ ရှိတယ်။ ခုလိုအရေးယူ ခံရတယ် ဆိုတော့လည်း စိတ်မကောင်းပါဘူး။ သူ့ကိုတွေ့ရင် မေးချင်တာ တစ်ခုပဲ ရှိတယ်။ ဒီလောက်ငွေတွေ အများကြီး ဘာတွေ သုံးလိုက်တာလဲ ဆိုတာပါပဲ””ဟု ပြောသည်။

အဆိုပါ ဒေါ်ဆွေဆွေအုန်းထံတွင် အစုရှယ်ယာ ထည့်ဝင်ကြသည့် လူတန်းစားများမှာ တရားရုံးချုပ်(ငြိမ်း) တရားသူကြီးများ၊ နာမည်ကြီး အဆိုတော်များ၊ နိုင်ငံခြား ရောက်နေသူများ ပါဝင်ပြီး နာမည်ကြီး အဆိုတော် တစ်ဦးထံ ဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ အစုထည့်ဝင်ခြင်း မဟုတ်ပါဟု ငြင်းဆိုသည်။ ထိုသူမှာ ထွန်းထွန်း (Example) ဖြစ်သည်။

သိန်းပေါင်း (၆၃၀၀) အစု ထည့်ဝင်သူ (အမည်မဖော်လိုသူ) ကလည်း ““ကျွန်မ ဖခင်နဲ့မိခင်က နိုင်ငံခြားမှာ သွားအလုပ်လုပ်ပြီး ပြန်လာတာ၊ ဒေါ်ဆွေဆွေအုန်းကို ယုံကြည်ပြီး ရှယ်ယာ ထည့်ပါတယ်။ တစ်ခါတည်း ဆုံးရော။ သူနဲ့ ရန်ဖြစ်ရတာလည်း အတော်မောနေပြီ၊ အမှုလည်း ဆက်မလုပ် ချင်တော့ပါဘူး။ အရင်ဘ၀က ၀ဋ်ကြွေးလို့ပဲ သဘောထားပါတယ်။ သိပ်လည်း မရင်းနှီးဘဲ ဒီလောက် ငွေကြေးတွေ ထည့်ဝင်ဖြစ်တာ ကိုယ့်ကိုယ်ကိုယ်လည်း အံ့သြလို့ မဆုံးဘူး။ သြော် ငါးထမင်းချဉ်တော့ မကြာခဏ လာပို့တယ် ””ဟု ပြောသည်။

မှတ်ချက်။ (အဆိုပါသူအား ဂုဏ်သိက္ခာအရ အမည် မဖော်ပြသော်လည်း တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်း နိုင်သည်။)

ပတ်ဝန်းကျင်တွင် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်လည်း သိန်း (၁၀၀၀) ပါဝင်သည်ဟု သတင်းကြားသဖြင့် ဆက်သွယ် မေးမြန်းရာ အ၀င်ဖုန်း ပိတ်ထားသည်ဟု ဖြေကြားသည်။

တရားလို (အမည်မဖော်လိုသူ) ကျွန်းပါကေးတုံးပေါင်း (၃၅၁၀၀)တန်ဖိုးငွေကျပ် သိန်း (၃၀၀) အတွက် အမှုဖွင့် ထားသူကလည်း ရှယ်ယာငွေ ကျပ်သိန်း(၂၀၀၀) ထည့်ထားသည့် အမှုအတွက် မည်သို့မျှ ဒေါ်ဆွေဆွေအုန်းနှင့် မရင်ဆိုင်ရသေးကြောင်း၊ ယင်းသိန်း ၂၀၀၀ သည် ဆွေမျိုးများ၏ ၀ိုင်းဝန်း ထည့်ဝင်ငွေများ ဖြစ်ပြီး ၄င်းက တာဝန်ခံ ထားသဖြင့် စိုက်ရှင်းရမည် ဖြစ်၍ ခေါင်းခဲလျက် ရှိကြောင်း ပြောကြားသည်။

““ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၆ ဆိုတာက မည်သူမဆို ရာဇ၀တ် မကင်းသော ယုံကြည် အပ်နှံရေး ဖောက်ဖျက်မှုကို ကျူးလွန်ရင် အဲဒီလူကို သုံးနှစ်ထိ ထောင်ဒဏ် ဖြစ်စေ၊ တစ်မျိုးမျိုးကို ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေ ချမှတ်ရမယ်တဲ့။ နောက်ပြီး အာမခံ မပေးနိုင်ဘူး။ ကျေအေးခွင့် မရှိဘူး၊ ရဲအရေးပိုင်တဲ့ အမှုဖြစ်တယ်””ဟု တရားရုံးချုပ် လ/ထ ညွှန်ကြားရေးမှူး (ငြိမ်း) တရားလွှတ်တော် ရှေ့နေ ဦးသောင်းမြင့်က ပြောသည်။

အဆိုပါ အစုရှယ်ယာရှင် အချို့ထံ ဒေါ်ဆွေဆွေအုန်းက ငါးထမင်းချဉ် ပေးပို့လေ့ ရှိသည်ဟုလည်း သိရပြီး ၂၂-၁-၂၀၁၄ တွင် အစုရှယ်ယာရှင်များကို ဒေါ်ဆွေဆွေအုန်းက တွေ့ဆုံ ညှိနှိုင်းမည်ဟု အကြောင်းကြား ထားသော် လည်း ၂၁-၁-၂၀၁၄ တွင် ဒဂုံဆိပ်ကမ်းမြို့နယ် တရားရုံး၌ ပုဒ်မ ၄၀၆ ဖြင့် အရေးယူ ခံထားရသဖြင့် မည်သို့ ဆက်လက် ဆောင်ရွက်မည် မသိကြောင်း အခုရှယ်ယာရှင် ကိုဖြိုးမင်းသိန်းက ထပ်လောင်း ပြောကြားသည်။

ဒေါ်ဆွေဆွေအုန်း၏ အကျိုးဆောင် တရားလွှတ်တော် ရှေ့နေ ဦးခင်ဇော်(မရမ်းကုန်း)ထံ ဆက်သွယ် မေးမြန်းရာ ““မိသားစု သော်လည်းကောင်း၊ ဆွေမျိုး များမှသော်လည်းကောင်း အမှုကိစ္စနှင့် ပတ်သက်၍ အမှုသည်၏ ညွှန်ကြားချက်အရ ပြောဆိုမည် ဖြစ်သော်လည်း ညွှန်ကြားချက်နှင့် သွေဖည်သော မည်သည့် လူပုဂ္ဂိုလ် အဖွဲ့အစည်းအား ပြောကြားခွင့် မရှိပါ။ အခြား လိုအပ်တာ မှန်သမျှ လုံးဝ ကူညီမည်”” ဟုပြောသည်။

စိန်မျက်ခုံး
Myanmartandawsint Newspaper
ယုံကြည်စွာဖြင့် အကျိုးတူခံစားခွင့်ရရှိရန် အစုငွေထည့်ဝင်ထားသော ကျပ်သိန်းပေါင်း ငါးသောင်းကျော် အား ရှယ်ယာရှင်များကို မရှင်းပေးဘဲ တိမ်းရှောင်နေသူ ဒေါ်ဆွေဆွေအုန်းအား ပုဒ်မ ၄၀၆ ဖြင့် ၂၁-၁-၂၀၁၄ တွင် ဒဂုံ ဆိပ်ကမ်းမြို့နယ် အရေးယူထားသည်ဟု ကျပ်(၁၃၁၈) သိန်း ထည့်ဝင်သူ ကိုဖြိုးမင်းသိန်းက မြန်မာ သံတော်ဆင့်သို့ ပြောသည်။
၎င်းက ““ကျွန်တော်တို့က အမှတ်(၅) ရှင်စောပုလမ်း၊ စမ်းချောင်းမှာ နေတာပါ။ ကျွန်တော်တို့ တိုက်ခန်းကို ဒေါ်ဆွေဆွေအုန်းတို့က ငှားနေပါတယ်။ ဒီ ၂၀၁၄ မတ်လကျမှ စာချုပ် ပြည့်ပါမယ်။ တိုက်ခန်း ငှားရမ်းခက တစ်လကို လေးသိန်းပါ။ စာချုပ်မှာ တစ်နှစ်ချုပ်ပေမယ့် လစာကိုတော့ ၆လ တစ်ခါ ရှင်းပါတယ်။ သူက လုပ်ငန်း ကြီး လုပ်ကိုင်တော့ ရှယ်ယာတွေ ထည့်ဝင်ကြတာပေါ့။ Cupid ပရိဘောဂပစ္စည်း ထုတ်တာပေါ့နော်။ ဒဂုံဆိပ်ကမ်း မြို့နယ် စက်မှုဇုန်(၂)၊ ဦးဘိုးလှိုင်လမ်းမှာလည်း သူ့စက်ရုံ ရှိတယ်လို့ သိရတယ်။ ကျွန်တော် တို့နဲ့ ခင်နေတာလည်း အတော်ကြာပါပြီ။ အစုထည့်ဝင်ငွေအတွက် တစ်လကို ကျပ်(၄၄) သိန်း ကျွန်တော်တို့က ရတယ်။ ပထမတော့ အမြတ်ငွေကို မှန်မှန်ပေးတယ်။ နောက်တော့ လုပ်ငန်းရှုံးလို့ဆိုပြီး ငါးသိန်းပေးလိုက်၊ ငါးသိန်းပေးလိုက် တစ်ခါတလေ သိန်း(၅၀)ပေးနဲ့ လစဉ်ရှင်းရမယ့် ငွေကြေးက အမြဲတမ်း ကျန်တယ်။ ခုပြီးသွားတဲ့ ဒီဇင်ဘာဆိုရင် ငွေ(၇)သိန်းပဲ ရသေးတယ်””ဟု ပြောသည်။

၎င်းကဆက်၍ ““ကျွန်တော်တို့နဲ့ မျက်နှာချင်းဆိုင် တိုက်ခန်း အမှတ်(၈) ဆိုရင်လည်း တစ်ခန်း ရောင်းပြီး သား ကို နောက်လူထပ်ရောင်းနဲ့ ပြဿနာတွေ ကြားနေရတယ်။ ကျွန်တော် ငှားထားတဲ့ အခန်းကိုလည်း ဘာမှ မဖြစ်ပါစေနဲ့လို့ ဆုတောင်းနေရတယ်။ ကျွန်တော့် ဦးလေးတွေ အဒေါ်တွေဆိုရင် ၀န်ထမ်းလစာ ရတဲ့ငွေကို စုဆောင်းပြီး ထည့်ထားတာ ခုတော့ သူ ဘယ် လို ရှင်းမလဲ။ ကျွန်တော်တို့ ရမယ့် ငွေကြေး အတွက် ရှိတာကုန် သွားမှာမို့ တရားလည်း မစွဲနိုင်တော့ပါဘူး။ တချို့ဆို လူကို ယုံကြည်မှုနဲ့ စာချုပ်တောင် မချုပ်ဘဲ အလွတ် ပေးကြ တာတွေ ရှိတယ်။ ခုလိုအရေးယူ ခံရတယ် ဆိုတော့လည်း စိတ်မကောင်းပါဘူး။ သူ့ကိုတွေ့ရင် မေးချင်တာ တစ်ခုပဲ ရှိတယ်။ ဒီလောက်ငွေတွေ အများကြီး ဘာတွေ သုံးလိုက်တာလဲ ဆိုတာ ပါပဲ”” ဟု ပြောသည်။

အဆိုပါ ဒေါ်ဆွေဆွေအုန်းထံတွင် အစုရှယ်ယာ ထည့်ဝင်ကြသည့် လူတန်းစားများမှာ တရားရုံးချုပ်(ငြိမ်း) တရားသူကြီးများ၊ နာမည်ကြီး အဆိုတော်များ၊ နိုင်ငံခြား ရောက်နေသူများ ပါဝင်ပြီး နာမည်ကြီး အဆိုတော် တစ်ဦးထံ ဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ အစုထည့်ဝင်ခြင်း မဟုတ်ပါဟု ငြင်းဆိုသည်။ ထိုသူမှာ ထွန်းထွန်း (Example) ဖြစ်သည်။

သိန်းပေါင်း (၆၃၀၀) အစု ထည့်ဝင်သူ (အမည်မဖော်လိုသူ) ကလည်း ““ကျွန်မ ဖခင်နဲ့မိခင်က နိုင်ငံခြားမှာ သွားအလုပ်လုပ်ပြီး ပြန်လာတာ၊ ဒေါ်ဆွေဆွေအုန်းကို ယုံကြည်ပြီး ရှယ်ယာ ထည့်ပါတယ်။ တစ်ခါတည်း ဆုံးရော။ သူနဲ့ ရန်ဖြစ်ရတာလည်း အတော်မောနေပြီ၊ အမှုလည်း ဆက်မလုပ် ချင်တော့ပါဘူး။ အရင်ဘ၀က ၀ဋ်ကြွေးလို့ပဲ သဘောထားပါတယ်။ သိပ်လည်း မရင်းနှီးဘဲ ဒီလောက် ငွေကြေးတွေ ထည့်ဝင်ဖြစ်တာ ကိုယ့်ကိုယ်ကိုယ်လည်း အံ့သြလို့ မဆုံးဘူး။ သြော် ငါးထမင်းချဉ်တော့ မကြာခဏ လာပို့တယ် ””ဟု ပြောသည်။

မှတ်ချက်။ (အဆိုပါသူအား ဂုဏ်သိက္ခာအရ အမည် မဖော်ပြသော်လည်း တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်း နိုင်သည်။)

ပတ်ဝန်းကျင်တွင် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်လည်း သိန်း (၁၀၀၀) ပါဝင်သည်ဟု သတင်းကြားသဖြင့် ဆက်သွယ် မေးမြန်းရာ အ၀င်ဖုန်း ပိတ်ထားသည်ဟု ဖြေကြားသည်။

တရားလို (အမည်မဖော်လိုသူ) ကျွန်းပါကေးတုံးပေါင်း (၃၅၁၀၀)တန်ဖိုးငွေကျပ် သိန်း (၃၀၀) အတွက် အမှုဖွင့်ထားသူကလည်း ရှယ်ယာငွေကျပ်သိန်း(၂၀၀၀) ထည့်ထားသည့် အမှုအတွက် မည်သို့မျှ ဒေါ်ဆွေဆွေအုန်းနှ င့် မရင်ဆိုင်ရသေးကြောင်း၊ ယင်းသိန်း ၂၀၀၀ သည် ဆွေမျိုးများ၏ ၀ိုင်းဝန်း ထည့်ဝင်ငွေများ ဖြစ်ပြီး ၄င်းက တာဝန်ခံ ထားသဖြင့် စိုက်ရှင်းရမည် ဖြစ်၍ ခေါင်းခဲလျက် ရှိကြောင်း ပြော ကြား သည်။

““ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၆ ဆိုတာက မည်သူမဆို ရာဇ၀တ် မကင်းသော ယုံကြည် အပ်နှံရေး ဖောက် ဖျက် မှု ကို ကျူးလွန်ရင် အဲဒီလူကို သုံးနှစ်ထိ ထောင်ဒဏ် ဖြစ်စေ၊ တစ်မျိုးမျိုးကို ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေ ချမှတ်ရမယ်တဲ့။ နောက်ပြီး အာမခံ မပေးနိုင်ဘူး။ ကျေအေးခွင့် မရှိဘူး၊ ရဲအရေးပိုင်တဲ့ အမှုဖြစ်တယ်””ဟု တရားရုံးချုပ် လ/ထ ညွှန်ကြားရေးမှူး (ငြိမ်း) တရားလွှတ်တော် ရှေ့နေ ဦးသောင်းမြင့်က ပြောသည်။

အဆိုပါ အစုရှယ်ယာရှင် အချို့ထံ ဒေါ်ဆွေဆွေအုန်းက ငါးထမင်းချဉ် ပေးပို့လေ့ ရှိသည်ဟုလည်း သိရပြီး ၂၂-၁-၂၀၁၄ တွင် အစုရှယ်ယာရှင်များကို ဒေါ်ဆွေဆွေအုန်းက တွေ့ဆုံ ညှိနှိုင်းမည်ဟု အကြောင်းကြား ထားသော် လည်း ၂၁-၁-၂၀၁၄ တွင် ဒဂုံဆိပ်ကမ်းမြို့နယ် တရားရုံး၌ ပုဒ်မ ၄၀၆ ဖြင့် အရေးယူ ခံထားရသဖြင့် မည်သို့ ဆက်လက် ဆောင်ရွက်မည် မသိကြောင်း အခုရှယ်ယာရှင် ကိုဖြိုးမင်းသိန်းက ထပ်လောင်း ပြောကြားသည်။

ဒေါ်ဆွေဆွေအုန်း၏ အကျိုးဆောင် တရားလွှတ်တော် ရှေ့နေ ဦးခင်ဇော်(မရမ်းကုန်း)ထံ ဆက် သွယ် မေးမြန်းရာ ““မိသားစု သော်လည်းကောင်း၊ ဆွေမျိုး များမှသော်လည်းကောင်း အမှု ကိစ္စနှင့် ပတ် သက် ၍ အမှုသည်၏ ညွှန်ကြားချက်အရ ပြောဆိုမည် ဖြစ်သော်လည်း ညွှန်ကြား ချက်နှင့် သွေ ဖည်သော မည်သည့် လူပုဂ္ဂိုလ် အဖွဲ့အစည်းအား ပြောကြားခွင့် မရှိပါ။ အခြား လိုအပ်တာ မှန်သမျှ လုံးဝ ကူညီ မည်””  ဟုပြောသည်။

စိန်မျက်ခုံး
Myanmartandawsint Newspaper

No comments:

Post a Comment