Tuesday, January 28, 2014

ကျန်းမာရေးကွန်ရက် ရွေ့လျား ကျန်းမာရေး ဝန်ဆောင်မှု ထပ်တိုးမည်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းထားသော ကျန်းမာရေးကွန်ရက်၏ ရွေ့လျားကျန်းမာရေး ဝန်ဆောင်မှုများကို လာမည့်ဖေဖော်ဝါရီတွင်ကျင်းပမည့် ဂီတဖျော်ဖြေပွဲ ပြီးပါကထပ်မံ တိုးမြှင့်သွား မည် ဖြစ်ကြောင်း အဆိုပါ ကွန်ရက် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက The Voice သို့ ပြောကြားသည်။

လက်ရှိတွင် နယ်လှည့် ဆေးကုသရေး အစီအစဉ်များ လိုက်လံ ဆောင်ရွက်နေပြီး ခွဲစိတ်ခန်းနှင့် မေ့ဆေး ဆရာဝန်များ ပါဝင်သော ဆေးကုသရေး ကားများနှင့် အသေးစား ခွဲစိတ် ကုသမှုများ လိုက်လံ ကုသရန် ထပ်မံ၍ စီစဉ်ထားကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

နယ်လှည့် ကုသခဲ့သော ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည် နယ်၊ မွန်ပြည်နယ်တို့တွင်ပင် ဆေးကုသရေး ကားများနှင့် ကုသပေးမည် ဖြစ်ကြောင်း ဒေါက်တာ တင်မျိုးဝင်း က ဖြည့်စွက် ပြောဆိုသည်။

အဆိုပါ ဆေးကုသမှု ဝန်ဆောင်မှုသည် နိုင်ငံတကာတွင် အသုံးပြုနေသော စနစ်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ယင်းကဲ့သို့ ကုသမှုများ မရှိခဲ့ကြောင်း ကျန်းမာရေး အသိုင်းအဝိုင်းထံမှ သိရသည်။

“အမေရိကားမှာဆိုရင် ဒီလို စနစ်မျိုး သုံးတဲ့အတွက် လမ်းမှာပဲ နှလုံး ရပ်မသွားအောင်၊ အသက်ရှူ ရပ်မ သွားအောင်၊ သွေးတိတ်အောင် လုပ်ပေးတဲ့အတွက် လူ၁၀၀ မှာ ၈၀ လောက်ကို ကယ်နိုင်တယ်” ဟု မြန် မာနိုင်ငံ ဆရာဝန်အသင်းမှ အထွေထွေရောဂါကု ဆရာဝန် တစ်ဦးက ဆိုသည်။

ယခု ကျန်းမာရေး ကွန်ရက်၏ ပထမဆုံးအကြိမ် ဂီတရန်ပုံငွေ ပွဲတော်ကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ပြီး တေးသံရှင် Rဇာနည်၊ ဟန်ထွန်း၊ ဘိုဘို၊ ထွန်းအိန္ဒြာဗိုတို့ ပါဝင် ကူညီ သွားမည် ဖြစ်ကြောင်း အဆိုပါ ကွန်ရက်ထံမှ စုံစမ်း သိရှိရသည်။

The Voice Weekly

No comments:

Post a Comment