Sunday, January 19, 2014

အစိုးရအရာရှိ လေးဆယ်ကျော်အား လာဘ်ပေးလာဘ်ယူတိုက်ဖျက်ရေးဆိုင်ရာ သင်တန်းပို့ချ

မြန်မာနိုင်ငံရှိ အကြီးတန်းအရာရှိကြီး ၄၄ ဦးအား လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးအပါအ၀င် အခြားသော ခေါင်းဆောင်မှုဆိုင်ရာ အကြောင်းအရာများကို သင်တန်းပို့ချခဲ့ကြောင်း သတင်းရရှိသည်။
စင်ကာပူနိုင်ငံရှိ လီကွမ်ယု ပြည်သူ့ရေးရာမူဝါဒကျောင်း (LKYS) က လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးနှင့် စီမံခန့်ခွဲမှုအရည်အချင်း၊ ခေါင်းဆောင်နိုင်မှု အရည်အသွေးအပါအ၀င် အခြားသော နယ်ပယ်ကဏ္ဍ အသီးသီးတွင် ယှဉ်ပြိုင်နိုင်စွမ်းရှိရန် အဓိက သင်ကြားပေးနေခြ င်းဖြ စ်ကြောင်း GE ဖောင်ဒေးရှင်း၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။သင်တန်းတွင် မြန်မာနိုင်ငံရှိ ၀န်ကြီးဌာနနှင့် ဌာနဆိုင်ရာ အဖွဲ့အ စည်းပေါင်းစုံ မှ အကြီးတန်းအရာရှိကြီးများ တက်ရောက်ခဲ့ပြီး သမ္မတရုံး၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနနှင့် စည်ပင်ဌာနတို့လည်း ပါဝင်ကြောင်း သိရှိရသည်။

GE ဖောင်ဒေးရှင်းက  ဦးဆောင်ကာ အဆိုပါ အကြီးတန်း စီမံခန့်ခွဲမှုသင်တန်းကို ထောက် ပံ့ပေးခဲ့ခြင်းဖြ စ်ပြီး မြန်မာနိုင်ငံရှိ အစိုးရအရာရှိကြီးများအနေဖြင့် မြန်မာနိုင်ငံအခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး ကို ပိုမိုလုပ်ဆောင်နိုင်ရန်နှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိစေရန် အဓိ ကရည်ရွယ်၍ပြုလုပ်ရခြင်းဖြစ်ကြောင်း GE ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါသင်တန်းကို   နေပြည်တော်၊ သင်္ဂဟဟိုတယ်တွင် ဇန်န၀ါရီ ၁၃ ရက်မှ စတင်ကာ ပို့ ချခဲ့ပြီး ဇန်န၀ါရီ ၁၇ ရက်ထိ ငါးရက်ဆက်တိုက် သင်ကြားခဲ့သည်။

လီကွမ်ယုပြည်သူ့ရေးရာကျောင်း၌ အုပ်ချုပ်မှုနှင့်  အဖွဲ့အစည်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကို အဓိက ထားဆောင်ရွက်သော ပါမောက္ခနှစ်ဦး၊ ဖွံ့ဖြိုးဆဲတိုင်းပြည်များတွင် မူဝါဒပြောင်းလဲရေးကို လေ့လာ ဆန်းစစ်ခြင်း နှင့် အကဲဖြတ်စစ်ဆေးမှု အထူးပြုသော ပါမောက္ခတစ်ဦးနှင့် အာဆီယံလေ့လာမှုစင်တာမှ ဦးဆောင်သုတေသီ တစ်ဦးတို့ ပါဝင်သင်ကြားခြင်းဖြစ်သည်။

အာဆီယံနှင့် တောင်အာရှနိုင်ငံတို့မှ အတွေ့အကြုံများနှင့် သင်ခန်းစာများကို အတုယူကာ အဆိုပါ သင်တန်းသားများအား အာဆီယံမူဝါဒခေါင်းဆောင်မှုဖိုရမ် (APLF) မှ ချမှတ် ထားသော အစီအစဉ်များကို လက်တွေ့အကောင်အထည်ဖော် သင်ကြားပေးနေကြောင်း သိရသည်။

Author: ဇွဲမာန်
7day Daily

No comments:

Post a Comment