Sunday, January 19, 2014

တိုင်းရင်းသား ရိုးရာ ဝတ်စုံများကို နိုင်ငံခြားသားများ အမြတ်တနိုး ဝယ်ယူ ဝတ်ဆင်မှု မြင့်တက်လာ

Photo: တိုင်းရင်းသား ရိုးရာ ဝတ်စုံများကို နိုင်ငံခြားသားများ အမြတ်တနိုး ဝယ်ယူ ဝတ်ဆင်မှု မြင့်တက်လာ
Sunday, January 19, 2013

မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုးများ၏ ရိုးရာဝတ်စုံများကို နိုင်ငံခြား ခရီးသွားများမှ အမြတ်တနိုးဖြင့် ဝယ်ယူ ဝတ်ဆင်မှု များပြားလာကြောင်း ဗိုလ်ချုပ်ဈေး အတွင်းရှိ တိုင်းရင်း သား ရိုးရာဝတ်စုံ အရောင်းဆိုင် တစ်ဆိုင်မှ သိရသည်။

ယခုအခါ ပြည်တွင်းသို့ ပြည်ပ နိုင်ငံများမှ စီးပွားရေး လုပ်ငန်းရှင်များ၊ ပညာရှင်များနှင့် လာရောက် လည်ပတ်သူ ခရီးသွား အမြောက်အမြား ဝင်ရောက် လာကြသည်။ မြန်မာနိုင်ငံ တွင် နှစ်ရှည်စီးပွားရေး လုပ်ငန်းများ လာရောက် လုပ်ကိုင်သော နိုင်ငံခြားသား အများစုမှာ မြန်မာဘာသာ စကားကိုပင် သင်ယူတတ်မြောက် နေကြသည့် အပြင် မြန်မာ့ရိုးရာ ဝတ်စုံ များကိုလည်း အမြတ်တနိုးဖြင့် ဝယ်ယူ ဝတ်ဆင် လာကြသည်။

နိုင်ငံခြား ခရီးသွား အများစုမှာ တိုင်းရင်းသား ရိုးရာဝတ်စုံများကို ပုံစံသစ်ပြန်လည် ဆန်းသစ် တီထွင် ထားသော ပုံစံများကို လွန်စွာ ကြိုက်နှစ်သက်ပြီး ဝယ်ယူမှုများ ပြားကြောင်း ၄င်းက ဆက်လက် ပြောကြားခဲ့သည်။ ပြည်ပ ခရီးသွားများ ဝယ်ယူမှု များပြားသည်မှာ ရှမ်းတိုင်းရင်း သားဝတ်စုံ၊ မြန်မာ၊ ကချင်၊ ချင်း၊ မွန်၊ ရခိုင်တိုင်းရင်းသား ဝတ်စုံများကို ဝယ်ယူမှု များပြား ကြောင်းသိရသည်။

ထက်နေ
မြ၀တီ
မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုးများ၏ ရိုးရာဝတ်စုံများကို နိုင်ငံခြား ခရီးသွားများမှ အမြတ်တနိုးဖြင့် ဝယ်ယူ ဝတ်ဆင်မှု များပြားလာကြောင်း ဗိုလ်ချုပ်ဈေး အတွင်းရှိ တိုင်းရင်း သား ရိုးရာဝတ်စုံ အရောင်းဆိုင် တစ်ဆိုင်မှ သိရသည်။
ယခုအခါ ပြည်တွင်းသို့ ပြည်ပ နိုင်ငံများမှ စီးပွားရေး လုပ်ငန်းရှင်များ၊ ပညာရှင်များနှင့် လာရောက် လည်ပတ်သူ ခရီးသွား အမြောက်အမြား ဝင်ရောက် လာကြသည်။ မြန်မာနိုင်ငံ တွင် နှစ်ရှည်စီးပွားရေး လုပ်ငန်းများ လာရောက် လုပ်ကိုင်သော နိုင်ငံခြားသား အများစုမှာ မြန်မာဘာသာ စကားကိုပင် သင်ယူတတ်မြောက် နေကြသည့် အပြင် မြန်မာ့ရိုးရာ ဝတ်စုံ များကိုလည်း အမြတ်တနိုးဖြင့် ဝယ်ယူ ဝတ်ဆင် လာကြသည်။

နိုင်ငံခြား ခရီးသွား အများစုမှာ တိုင်းရင်းသား ရိုးရာဝတ်စုံများကို ပုံစံသစ်ပြန်လည် ဆန်းသစ် တီထွင် ထားသော ပုံစံများကို လွန်စွာ ကြိုက်နှစ်သက်ပြီး ဝယ်ယူမှုများ ပြားကြောင်း ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။ ပြည်ပ ခရီးသွားများ ဝယ်ယူမှု များပြားသည်မှာ ရှမ်းတိုင်းရင်း သားဝတ်စုံ၊ မြန်မာ၊ ကချင်၊ ချင်း၊ မွန်၊ ရခိုင်တိုင်းရင်းသား ဝတ်စုံများကို ဝယ်ယူမှု များပြား ကြောင်းသိရသည်။

ထက်နေ
မြ၀တီ

No comments:

Post a Comment