Tuesday, January 28, 2014

ဗို့ အား ၁၄၀၀၀ ရှိတဲ့ ဓာတ်ကြိုးကြောင့် မျက်လုံးထဲမှာ ကြယ် ပုံ စွဲထင်သွားတဲ့ လူ


အလုပ်မှာ ဗို့ အား ၁၄၀၀၀၀ ရှိတဲ့ ဓာတ်ကြိုးနဲ့ မတော်တဆထိခိုက်မိပြီး လျှစ်စစ်ကျွမ်းကျင်သူ တစ်ယောက်ဟာ မျက်လုံးအိမ်ထဲမှာ ကြယ်ပုံသဏ္ဍာန် တိမ်စွဲသွားပါတယ်။

ကယ်လီဖိုးနီးယားက အသက် ၄၂ နှစ်အရွယ် အမျိုးသားဟာ အလုပ်ခွင်မှာ ဓာတ်အားကြိုးနဲ့ သူ့ ပခုံး မတော်တဆထိခိုက်မိပြီး ခန္ဓာကိုယ်တစ်ကိုယ်လုံးကို ပြင်းထန်တဲ့ လျှပ်စစ်ဗို့ အားစီးဝင်သွားခဲ့ပါတယ်။ စက္ခုအာရုံကြောကိုပါ ဗို့ အားစီးဝင်သွားပြီး အခုလို အဖြစ်အပျက်ကို ကြုံတွေ့ ခဲ့ရတာပါ။

ထူးထူးဆန်းဆန်း ဒီအဖြစ်အပျက်ကြောင့် သူ့ မျက်လုံးနှစ်ဖက်လုံးမှာ ကြယ်ပုံသဏ္ဍာန် စွဲထင်သွား တယ်လို့ နယူးအင်္ဂလန်ဆေးပညာဂျာနယ်ကဖော်ပြထားပါတယ်။

ကယ်လီဖိုးနီးယားတက္ကသိုလ်မှ အမြင်အာရုံစက္ခုပိုင်းဆိုင်ရာ ပရော်ဖက်ဆာ ဒေါက်တာ ဘော်ဘီကောန်း က “ဒီပြင်းထန်တဲ့ လျှပ်စီးဗို့ အားက သူ့ ရဲ့ သဘာဝအာရုံကြောကို ထိခိုက်မိပြီး အလိုအလျောက် ကြယ်ပုံသဏ္ဍာန် တိမ် စွဲကပ်သွားခဲ့တာပါ။ ဘာကြောင့် ဒီလို ကြယ်ပုံသဏ္ဍာန် တိမ်စွဲကပ်သွားရတာလဲ ဆိုတာကတော့ အခုထိ မဖြေရှင်းနိုင်သေးပါဘူး” လို့ NBC news ကို ပြောကြားသွားခဲ့ပါတယ်။

ဒီအဖြစ်အပျက်ကြောင့် အမည်မဖော်ပြထားတဲ့ လျှစ်စစ်ဝန်ထမ်းဟာ အမြင်အာရုံကောင်းကောင်း မရတော့ ဘဲ အကန်းနီးနီး အသက်ရှင်နေထိုင်နေရတယ်လို့ ဂျာနယ်မှာ ဖော်ပြထားပါတယ်။

Ref: NBC news
Trend Myanmar

No comments:

Post a Comment