Monday, January 13, 2014

အိမ်ခြံမြေအရောင်းအ၀ယ်အမှုများထဲမှ တရားရုံးများလက်မခံသော အမှုကို ကြေညာ

Photo: အိမ်ခြံမြေအရောင်းအ၀ယ်အမှုများထဲမှ တရားရုံးများလက်မခံသော အမှုကို ကြေညာ 
Monday, January 13, 2014

အိမ်ခြံမြေ အရောင်းအ၀ယ်များ ပြုလုပ်ရာတွင် ဂျန်နရယ်ပါဝါ၊ စပယ်ရှယ်ပါဝါဖြင့် စာချုပ် ချုပ်ဆို လွှဲပြောင်းရောင်းဝယ်ထားခြင်းများတွင် နိုင်ငံတော်က သတ်မှတ်ထားသော ဥပဒေများနှင့် အညီ ဆောင်ရွက်ထားခြင်း မဟုတ်ပါက တရားစွဲဆိုမှုများ ဖြစ်လာလျှင် တရားရုံးများ အနေဖြင့် လက်ခံဆောင်ရွက် ပေးသွား မည်မဟုတ်ကြောင်း သတင်းရရှိသည်။

အိမ်ခြံမြေရောင်းဝယ်ခြင်းကို GP,SP များဖြင့် ပြုလုပ်ခြင်းများသည် မိမိပိုင်ငွေနှင့်ပစ္စည်းများ ဆုံးရှုံးနိုင်ကြောင်း၊ မရွှေ့မပြောင်းနိုင်သောပစ္စည်းများ ပိုင်ရေးပိုင်ခွင့် ခိုင်မြဲစေရေးဆောင်ရွက်ကြရန် အခွန်ဌာနမှ ထုတ်ပြန်ကြေညာထားသည်။
““အခွန်လာမဆောင်လို့ အကျပ်ကိုင်တဲ့သဘောပဲ။ အခွန်နှုန်းထားတွေအရမ်းများလို့ မဆောင်ကြလို့ လုပ်တာ။ ဒါက အာဃာတ  တရားနဲ့ လုပ်တဲ့သဘောပဲ””ဟု မန္တလေးမြို့မှ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ထိုသို့ အိမ်ခြံမြေအရောင်းအ၀ယ် ပြုလုပ်ရာ၌ GP,SP စနစ်ဖြင့် ပြုလုပ်မှုများနေခြင်းမှာ နိုင်ငံတော်မှ သတ်မှတ်ထားသော စံသတ်မှတ်ချက်နှုန်းများသည် နေရာအချို့တွင် ကာလပေါက်ဈေးထက် တစ်ဆခန့် မြင့်တက်နေသည့်အတွက်ဖြစ်ကြောင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်များကပြောသည်။

ကာလပေါက်ဈေးထက် သတ်မှတ်သည့်ဈေးနှုန်းမှာ များနေသည့်အပြင် အခွန်နှုန်းထားမှာလည်း ၃၇ ရာခိုင်နှုန်း ဖြစ်နေသောကြောင့် ရန်ကုန်နှင့်မန္တလေးတို့တွင် နေရာအလိုက် ဈေးနှုန်းများ သတ်မှတ်ပေးပြီးနောက်ပိုင်းGP,SP များဖြင့် အရောင်းအ၀ယ် ပြုလုပ်မှုများ ရှိလာကြောင်း သတင်းရရှိသည်။

““တရားမ၀င်ဘူးပြောတာ အိမ်ခြံမြေမှာ ဒီလိုနဲ့ပဲ အရောင်းအ၀ယ်လုပ်လာတာ နှစ် ဆယ်နဲ့ချီနေပါပြီ။ ဒါကလည်း ဒီလိုလုပ်ရအောင်လုပ်ထားလို့ လုပ်နေတာပဲ”” ဟု အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းရှင်တစ်ဦးကပြောသည်။
ထို့ကြောင့် ယခုကဲ့သို့ ထုတ်ပြန်ကြေညာလိုက်သော်လည်း SP အနေဖြင့် အရောင်းအ၀ယ်ပြုလုပ်မှုမှာ ဆက်ရှိနေဦးမည်ဖြစ်ကြောင်း အိမ်ခြံမြေလုပ်ငန်းရှင်များကဆိုသည်။

အိမ်ခြံမြေ၀ယ်ယူထားသော စာချုပ်များသည် တရားမ၀င်ဖြစ်နေပါက မူလရောင်းချသူက နောက်တစ်ဦးကို ထပ်မံရောင်းချပါကလည်း တရားစွဲဆိုနိုင်မည်မဟုတ်ကြောင်း သတင်းရရှိသည်။ ၎င်းစာချုပ်သည် လွဲပြောင်းသူ မသေဆုံးမီက တရားဝင်မှတ်ပုံတင်ထားမှသာ ထိုစာချုပ်သည် တရားဝင်မည်ဟုဆိုသည်။ ထို့အတူ SP ပေးထားသူသည် အကြောင်းအမျိုးမျိုး ကြောင့် သေဆုံး၊ ရူးသွပ်သွားပါက မိမိလက်ဝယ်တွင်ရှိသော SP နှင့် သေဆုံးသူ ရေးထိုးပေးခဲ့သော လက်မှတ်သည် ဥပဒေအရ တရားဝင်တော့မည်မဟုတ်ဟု သတင်းရရှိသည်။

““အရပ်ကတိစာချုပ်နဲ့ အရောင်းအ၀ယ်လုပ်တာ မှတ်ပုံမတင်ရင် တရားမ၀င်ဘူး။ ဒါပေမဲ့ ဥပဒေအရတော့ အသုံးပြုလို့ရတယ်။ ဆိုလိုတာက  ကိုယ်ဝယ်ထားတဲ့ အိမ်၊ တိုက်ခန်းကနေ သူများနှင်ချလို့မရဘူး။ လာတရားစွဲလို့မရဘူး။ ဓားသဖွယ် အသုံးပြုလို့မရဘူး။ ဒိုင်းသဖွယ်တော့ သုံးလို့ရတဲ့သဘောပဲ””ဟု စာရေးဆရာ ရှေ့နေ့ ဦးခင်ဇော် (မရမ်းကုန်း)က ပြောသည်။

အထက်ပါ ““မရွှေ့မပြောင်းနိုင်သောပစ္စည်းများ ပိုင်ရေးပိုင်ခွင့် ခိုင်မြဲစေရေး ဆောင်ရွက်ကြပါရန် နှိုးဆော်ချက်””ဆိုသော နိုင်ငံပိုင်သတင်းစာတွင် ဇန်န၀ါရီ၁၂ ရက်၌ ပါရှိလာသည်မှာ မည်သည့်ဌာနကမှ ထုတ်ပြန်ကြောင်း မပါရှိ၍ တရားမ၀င်သောစာဖြစ်နေသည်။  ပစ္စည်းရွှေ့ပြောင်းခြင်းဥပဒေပုဒ်မ ၅၃-ကအရ ပစ္စည်းများကို ပဋိညာဉ်ဖြင့် တစ်စိတ်တစ်ပိုင်း ပိုင်ထားလျှင်ပင် တစ်စုံတစ်ဦးက တရားစွဲဆိုပါက ကတိစာချုပ်ဖြင့် ခုခံနိုင်ကြောင်း ၎င်းက ပြောသည်။

ထို့ကြောင့် အထက်ပါစာသည် တရားရေးကို လွှမ်းမိုးခြင်းဖြစ်၍ လက်မခံနိုင်ကြောင်း ဦးခင်ဇော်(မရမ်းကုန်း)က ပြောကြားသည်။

7day Daily
အိမ်ခြံမြေ အရောင်းအ၀ယ်များ ပြုလုပ်ရာတွင် ဂျန်နရယ်ပါဝါ၊ စပယ်ရှယ်ပါဝါဖြင့် စာချုပ် ချုပ်ဆို လွှဲပြော င်းရောင်းဝယ်ထားခြင်းများတွင် နိုင်ငံတော်က သတ်မှတ်ထားသော ဥပဒေများနှင့်အညီ ဆောင်ရွက် ထားခြင်း မဟုတ်ပါက တရားစွဲဆိုမှုများ ဖြစ်လာလျှင် တရားရုံးများ အနေဖြင့် လက်ခံဆောင်ရွက် ပေးသွား မည် မဟုတ်ကြောင်း သတင်းရရှိသည်။
အိမ်ခြံမြေရောင်းဝယ်ခြင်းကို GP,SP များဖြင့် ပြုလုပ်ခြင်းများသည် မိမိပိုင်ငွေနှင့်ပစ္စည်းများ ဆုံးရှုံးနိုင်ကြော င်း၊ မရွှေ့မပြောင်းနိုင်သောပစ္စည်းများ ပိုင်ရေးပိုင်ခွင့် ခိုင်မြဲစေရေးဆောင်ရွက်ကြ ရန် အခွန်ဌာနမှ ထုတ်ပြန်ကြေညာ ထားသည်။

““အခွန်လာမဆောင်လို့ အကျပ်ကိုင်တဲ့သဘောပဲ။ အခွန်နှုန်းထားတွေအရမ်းများလို့ မဆောင်ကြ လို့ လုပ်တာ။ ဒါက အာဃာတ  တရားနဲ့ လုပ်တဲ့သဘောပဲ””ဟု မန္တလေးမြို့မှ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ထိုသို့ အိမ်ခြံမြေအရောင်းအ၀ယ် ပြုလုပ်ရာ၌ GP,SP စနစ်ဖြင့် ပြုလုပ်မှုများနေခြင်းမှာ နိုင်ငံတော်မှ သတ် မှတ်ထားသော စံသတ်မှတ်ချက်နှုန်းများသည် နေရာအချို့တွင် ကာလပေါက်ဈေးထက် တစ်ဆခန့် မြင့် တက်နေသည့်အတွက်ဖြစ်ကြောင်း အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းရှင် များကပြောသည်။

ကာလပေါက်ဈေးထက် သတ်မှတ်သည့်ဈေးနှုန်းမှာ များနေသည့်အပြင် အခွန်နှုန်းထားမှာ လည်း ၃၇ ရာခိုင်နှုန်း ဖြစ်နေသောကြောင့် ရန်ကုန်နှင့်မန္တလေးတို့တွင် နေရာအလိုက် ဈေးနှုန်းများ သတ် မှတ်ပေးပြီးနောက် ပိုင်းGP,SP များဖြင့် အရောင်းအ၀ယ် ပြုလုပ်မှုများ ရှိလာကြောင်း သတင်းရရှိသည်။

““တရားမ၀င်ဘူးပြောတာ အိမ်ခြံမြေမှာ ဒီလိုနဲ့ပဲ အရောင်းအ၀ယ်လုပ်လာတာ နှစ် ဆယ်နဲ့ချီနေပါပြီ။ ဒါကလည်း ဒီလိုလုပ်ရအောင်လုပ်ထားလို့ လုပ်နေတာပဲ”” ဟု အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းရှင်တစ်ဦး ကပြော သည်။

ထို့ကြောင့် ယခုကဲ့သို့ ထုတ်ပြန်ကြေညာလိုက်သော်လည်း SP အနေဖြင့် အရောင်း အ၀ယ်ပြု လုပ်မှုမှာ ဆက်ရှိနေဦးမည်ဖြစ်ကြောင်း အိမ်ခြံမြေလုပ်ငန်းရှင်များက ဆိုသည်။

အိမ်ခြံမြေ၀ယ်ယူထားသော စာချုပ်များသည် တရားမ၀င်ဖြစ်နေပါက မူလရောင်းချသူက နောက်တစ်ဦးကို ထပ်မံရောင်းချပါကလည်း တရားစွဲဆိုနိုင်မည်မဟုတ်ကြောင်း သတင်းရရှိ သည်။ ၎င်းစာချုပ်သည် လွဲပြောင်းသူ မသေဆုံးမီက တရားဝင်မှတ်ပုံတင်ထားမှသာ ထိုစာချုပ် သည် တရားဝင်မည်ဟုဆိုသည်။ ထို့အတူ SP ပေးထားသူသည် အကြောင်းအမျိုးမျိုး ကြောင့် သေဆုံး၊ ရူးသွပ်သွားပါက မိမိလက်ဝယ်တွင် ရှိသော SP နှင့် သေဆုံးသူ ရေးထိုးပေးခဲ့သော လက်မှတ်သည် ဥပဒေအရ တရားဝင်တော့မည်မဟုတ်ဟု သတင်းရရှိ သည်။

““အရပ်ကတိစာချုပ်နဲ့ အရောင်းအ၀ယ်လုပ်တာ မှတ်ပုံမတင်ရင် တရားမ၀င်ဘူး။ ဒါပေမဲ့ ဥပဒေအရတော့ အသုံးပြုလို့ရတယ်။ ဆိုလိုတာက  ကိုယ်ဝယ်ထားတဲ့ အိမ်၊ တိုက်ခန်းကနေ သူများနှင်ချလို့မရဘူး။ လာတရားစွဲလို့မရဘူး။ ဓားသဖွယ် အသုံးပြုလို့မရဘူး။ ဒိုင်း သဖွယ်တော့ သုံး လို့ ရတဲ့သဘောပဲ””ဟု စာရေးဆရာ ရှေ့နေ့ ဦးခင်ဇော် (မရမ်းကုန်း)က ပြောသည်။

အထက်ပါ ““မရွှေ့မပြောင်းနိုင်သောပစ္စည်းများ ပိုင်ရေးပိုင်ခွင့် ခိုင်မြဲစေရေး ဆောင်ရွက်ကြပါရန် နှိုးဆော် ချက်”” ဆိုသော နိုင်ငံပိုင်သတင်းစာတွင် ဇန်န၀ါရီ၁၂ ရက်၌ ပါရှိလာသည်မှာ မည်သည့်ဌာနကမှ ထုတ်ပြန်ကြောင်းမပါရှိ၍ တရားမ၀င်သောစာဖြစ်နေသည်။  ပစ္စည်းေ ရွှ့ပြော င်းခြင်း ဥပဒေပုဒ်မ ၅၃-ကအရ ပစ္စည်းများကို ပဋိညာဉ်ဖြင့် တစ်စိတ်တစ်ပိုင်း ပိုင်ထားလျှင်ပင် တစ်စုံတစ်ဦးက တရားစွဲဆိုပါက ကတိ စာချုပ်ဖြင့် ခုခံနိုင်ကြောင်း ၎င်းက ပြောသည်။

ထို့ကြောင့် အထက်ပါစာသည် တရားရေးကို လွှမ်းမိုးခြင်းဖြစ်၍ လက်မခံနိုင်ကြောင်း ဦးခင်ဇော် (မရမ်းကုန်း) က ပြောကြားသည်။

7day Daily

No comments:

Post a Comment