Wednesday, January 29, 2014

အငြင်းပွားဖွယ်ကျွန်းအကြောင်း ဂျပန်သင်ရိုးညွှန်းတမ်းမှာ ထည့်သွင်းမယ်

အငြင်းပွားဖွယ်ကျွန်းအကြောင်း ဂျပန်သင်ရိုးညွှန်းတမ်းမှာ ထည့်သွင်းမယ်
Wednesday, January 29, 2014

တရုတ်နိုင်ငံအပြင် တောင်ကိုးရီးယားနိုင်ငံနဲ့ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကျွန်းတွေကို ဂျပန်အစိုးရက အဲဒီကျွန်းတွေ ဂျပန်က ပိုင်ဆိုင်ကြောင်း ပညာရေး သင်ရိုးညွန်းတမ်းမှာ ပြဌာန်းဖို့ လုပ်နေပါတယ်။

အရှေ့တရုတ်ပင်လယ်ပြင်အတွင်းမှာ ရှိတဲ့ ကျွန်းစုတွေကို ဂျပန်၊ တရုတ်နဲ့ တောင်ကိုးရီးယားနိုင်ငံတို့က သူပိုင် ငါပိုင် အငြင်းပွားနေကြချိန်မှာပဲ ဂျပန်အစိုးရက ဒီကျွန်းတွေကို ဂျပန်က ပိုင်ဆိုင်တယ်ဆိုတာ မေးခွန်းထုတ်
စရာတောင် မလိုတဲ့အကြောင်း အလယ်တန်းနဲ့ အထက်တန်းကျောင်း
စာတွေမှာ ထည့်သွင်းဖို့ ဂျပန်အစိုးရက ပညာရေးဌာနကို ညွန်ကြားထား
ပါတယ်။

ဂျပန်အစိုးရရဲ့ ညွန်ကြားချက်ကြောင့် ဒေသတွင်းနိုင်ငံတွေနဲ့ ထားရှိတဲ့ ဆက်ဆံရေး ပိုမိုထိခိုက်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

အရှေ့တရုတ်ပင်လယ်ပြင်အတွင်းက ကျွန်းစုတွေကို ဂျပန်နိုင်ငံက Senkaku ကျွန်းလို့ခေါ်ပြီး တရုတ်ကလည်း Diaoyus ကျွန်းလို့ခေါ်ပြီး ပိုင်ဆိုင်မှု အငြင်းပွားနေကြတာ ဖြစ်ပါတယ်။

ABC
တရုတ်နိုင်ငံအပြင် တောင်ကိုးရီးယားနိုင်ငံနဲ့ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကျွန်းတွေကို ဂျပန်အစိုးရက အဲဒီကျွန်းတွေ ဂျပန်က ပိုင်ဆိုင်ကြောင်း ပညာရေး သင်ရိုးညွန်းတမ်းမှာ ပြဌာန်းဖို့ လုပ်နေပါတယ်။
အရှေ့တရုတ်ပင်လယ်ပြင်အတွင်းမှာ ရှိတဲ့ ကျွန်းစုတွေကို ဂျပန်၊ တရုတ်နဲ့ တောင်ကိုးရီးယားနိုင်ငံတို့က သူပိုင် ငါပိုင် အငြင်းပွားနေကြချိန်မှာပဲ ဂျပန်အစိုးရက ဒီကျွန်းတွေကို ဂျပန်က ပိုင်ဆိုင်တယ် ဆိုတာ မေးခွန်းထုတ်စရာတောင် မလိုတဲ့အကြောင်း အလယ်တန်းနဲ့ အထက်တန်းကျောင်းစာတွေမှာ ထည့်သွင်းဖို့ ဂျပန်အစိုးရက ပညာရေးဌာနကို ညွန်ကြားထားပါတယ်။

ဂျပန်အစိုးရရဲ့ ညွန်ကြားချက်ကြောင့် ဒေသတွင်းနိုင်ငံတွေနဲ့ ထားရှိတဲ့ ဆက်ဆံရေး ပိုမိုထိခိုက်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

အရှေ့တရုတ်ပင်လယ်ပြင်အတွင်းက ကျွန်းစုတွေကို ဂျပန်နိုင်ငံက Senkaku ကျွန်းလို့ခေါ်ပြီး တရုတ် ကလည်း Diaoyus ကျွန်းလို့ခေါ်ပြီး ပိုင်ဆိုင်မှု အငြင်းပွားနေကြတာ ဖြစ်ပါတယ်။

ABC

No comments:

Post a Comment