Wednesday, January 15, 2014

ပြည်သူတို့ ယုံကြည်မှုအားနည်းနေပြီး နှစ်စဉ်အရှုံးပေါ်နေသော စာပို့လုပ်ငန်းအား ဂျပန်နိုင်ငံနှင့် ပူးပေါင်း၍ အစိုးရဌာနတစ်ခု အနေဖြင့် ဆက်လက်လုပ်ကိုင်မည်

ပြည်သူတို့ ယုံကြည်မှုအားနည်းနေပြီး နှစ်စဉ်အရှုံးပေါ်နေသော စာပို့လုပ်ငန်းအား ဂျပန်နိုင်ငံနှင့် ပူးပေါင်း၍ အစိုးရဌာနတစ်ခု အနေဖြင့် ဆက်လက်လုပ်ကိုင်မည်ဖြစ်ကြောင်း ဆက်သွယ်ရေး၊ သတင်းအချက် အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းက ပြောကြား သည်။
၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆက်သွယ်ရေး၊ သတင်း အချက် အလက်နှင့် နည်းပညာဝန်ကြီးဌာန၏ အကောင်အထည်ဖော်ဆောင်မည့် စီမံ ကိန်း များနှင့် ပတ်သက်၍ ဇန်န၀ါရီ ၁၄ ရက်ကပြုလုပ်သော ပြည်ထောင်စုလွှတ်တော်၌ ရှင်းလင်းတင်ပြရာတွင် ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန အနေဖြင့် တယ်လီဖုန်း သိပ်သည်းဆကို ၅၀ ရာခိုင်နှုန်းနှင့် အင်တာနက် ထိုးဖောက်သုံးစွဲနိုင်မှုကို မြို့ပြတွင်သာမက ကျေးလက်ဒေသအရောက် ၂၀ ရာခိုင်နှုန်းအထိ တိုးတက်သုံးစွဲနိုင်ရေး၊ ဆက်သွယ်ရေး ကဏ္ဍ၏ စုစုပေါင်း ၀န်ဆောင်မှုတန်ဖိုးကို အခြေခံနှစ်၏ ၁ ဒသမ ၆၅ ဖြစ်ပေါ်စေရန်နှင့် တိုးတက်မှုနှုန်းအဖြစ် ၁၁ ဒသမ ၇၆ ရာခိုင်နှုန်း ဖြစ်ပေါ်စေရေး တို့ကို ရည်မှန်းဆောင်ရွက်သွားမည်ကြောင်း ၀န်ကြီးဦးမြတ်ဟိန်း ၏ ပြောကြားချက်အရ သိရ သည်။

“စာပို့လုပ်ငန်းများကို နိုင်ငံတော်ဘတ်ဂျက်ဖြင့် ၀န်ဆောင်မှုလုပ်ငန်းများ ဆက်လက်ဆောင် ရွက် သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ စာပို့လုပ်ငန်းဟာ နှစ်စဉ်အရှုံးပေါ်နေရုံ သာမက ပြည်သူတို့၏ ယုံကြည်မှု လည်း အထိုက်အလျောက် အားနည်းနေတာ ဖြစ်တဲ့အတွက်ကြောင့်မို့ နည်းပညာနဲ့ နည်းစနစ် အကူအညီ ရရှိရေးအတွက် ဂျပန်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။ လက်ရှိအခြေအနေမှာတော့ နိုင်ငံတော် ဘတ်ဂျက်ကိုသာ အသုံးပြုပြီးတော့ အစိုးရဌာန တစ်ခု အနေနဲ့ ဆက်လက်ဆောင်ရွက်သွားရန် ရည်မှန်း ထား ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းက ပြောကြားသည်။

အလားတူ မိုဘိုင်းဖုန်းနှင့် အော်တိုတယ်လီဖုန်းများ တိုးချဲ့တပ်ဆင်ခြင်း၊ သတင်းအချက် အလက် နည်းပညာ များဖြင့် အင်တာနက်တပ်ဆင်ခြင်း၊ ရေအောက်ကေဘယ်လ် တိုးချဲ့တည်ဆော က်ခြင်း၊ ကုန် တွင်းကေ ဘယ်လ် လမ်းကြော င်း များကို တစ်နိုင်ငံလုံး အနှံ့အပြား တည်ဆောက်ခြင်း တို့ကို ဆောင် ရွက် သွား မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

သို့ဖြစ်၍ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အကုန်တွင် မြန်မာတစ်နိုင်ငံလုံး၌ တယ်လီဖုန်းအလုံးရေ ၁၃ သန်းကျော်၊ မိုဘိုင်းဆက်သွယ်ရေးစခန်း ၅၀၀၀ ကျော်၊ အင်တာနက် အီးမေးလ်လိုင်း နှစ်သန်းကျော်၊ ဖိုက်ဘာ ဆက်ကြောင်း ကီလိုမီတာ ၆၀၀၀ ကျော်၊ ပြည်ပဆက်သွယ်ရေးစခန်း ၂၀၀၀ ကျော်၊ အော်တိုတယ်လီဖုန်း တပ်ဆင်ပြီးသည့် မြို့ပေါင်း ၃၀၀ ကျော်အထိ ရှိလာနိုင်ရန် ၀န်ကြီးဌာနအနေဖြင့် ရည်မှန်းထားကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment