Thursday, January 23, 2014

ကုန်စည်ကိုဝယ်ယူရောင်းချသည့် လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ကြ ပါရန် အသိပေးနှိုးဆော်ချက်

မိမိလုပ်ငန်းသည် တစ်နှစ်ရောင်းရငွေ သိန်း ၁၀၀ အထက်ရှိပါကကုန်သွယ်လုပ်ငန်းခွင် အခွန်ထမ်းအဖြစ် မှတ်ပုံတင်ခွင့်ပြုပါရန် သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး သို့မဟုတ် ကုမ္ပဏီများဆိုင်ရာအခွန် ရုံးတွင် လျှောက်ထား၍လုပ်ငန်းမှတ်ပုံတင်လက်မှတ် ထုတ်ယူကြရ ပါမည်။
ကုန်စည်ဝယ်ယူသူက ပေးချေရမည့် ကုန်စည်၏ ကျသင့် တန်ဖိုးနှင့် အတူကျသင့်ကုန်သွယ် လုပ်ငန်းခွန် ငါးရာ ခိုင်နှုန်းကို ပြေစာဖြင့် တစ်ပါတည်းကောက်ခံပေးရပါမည်။

ကောက်ခံထားသည့် ကုန်သွယ် လုပ်ငန်းခွန် သည် နိုင်ငံတော်၏ အခွန်ဘဏ္ဍာငွေဖြစ်ပါသဖြင့် မြို့နယ်အခွန် ဦးစီးဌာနမှူးရုံးမှ ကြိုတင်ရယူထားသည့် လစဉ်ငွေသွင်းချလန်ပုံစံဖြင့် သက်ဆိုင်ရာ လကုန်ဆုံးပြီး ၁၀ ရက် အတွင်း သက်ဆိုင်ရာမြန်မာ့ စီးပွားရေး ဘဏ်သို့ ပေးသွင်းရပါမည်။

ရောင်းချသည့်ကုန်စည်ကို ဝယ်ယူစဉ် သို့မဟုတ် ကိုယ်တိုင် ပြည်ပမှ တင်သွင်းစဉ် ပေးဆောင်ခဲ့ရသည့် ကုန်သွယ် လုပ်ငန်းခွန်ကို ခုနှိမ်ပေးသွင်းနိုင်ပါသည်။

လစဉ် အခွန်ပေးသွင်းပြီးကြောင်း ချလန်အမှတ်နှင့် ပေးသွင်းရက်စွဲတို့ကို မြို့နယ်အခွန်ဦးစီး ဌာနမှူးရုံးမှ ကြိုတင်ရယူထားသည့် သုံးလတစ်ကြိမ်ကြေညာလွှာတွင် ရေးသွင်းဖော်ပြ၍ သုံးလပတ်ကုန်ဆုံးပြီး တစ်လအတွင်း သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးသို့ ပေးပို့ရပါ မည်။

နှစ်ချုပ်ကြေညာလွှာပုံစံကို မြို့နယ်အခွန်ဦးစီးဌာနမှူးမှရယူ၍ နှစ်အတွင်း အမှန်ရောင်း ရငွေ၊ ပေးဆောင် ထားပြီး အခွန် တို့ကို ဖော်ပြလျက် ဘဏ္ဍာရေးနှစ် ကုန်ဆုံးပြီး သုံးလအတွင်း တင် သွင်းရ ပါမည်။

MOI Webportal Myanmar

No comments:

Post a Comment