Monday, January 13, 2014

ချင်းမိုင်တွင် မြန်မာအလုပ်သမား ၃ ဦး တိုက်ပေါ်က ပြုတ်ကျ၊ ၁ ဦး သေဆုံး

Photo: ချင်းမိုင်တွင် မြန်မာအလုပ်သမား ၃ ဦး တိုက်ပေါ်က ပြုတ်ကျ၊ ၁ ဦး သေဆုံး 
Monday, January 13, 2014

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ မြန်မာပြည်က ရွှေ့ပြောင်းအလုပ်သမား ၃ ဦး ဆောက်လက်စ ၇ ထပ်တိုက်ပေါ်က ပြုတ်ကျပြီး ၁ ဦး သေဆုံးသွားခဲ့ပါတယ်။

အဲဒီ အလုပ်သမားတွေဟာ ချင်းမိုင်မြို့ နောင်ပါခန့်ရပ်ကွက် ဘိက်စီးကုန်တိုက် အနောက်က  ဆောက်လက်စ ၇ ထပ်တိုက်ပေါ်မှာ  ပန်းရန်လုပ်နေတာ ဖြစ်ပြီး ဇန်န၀ါရီ ၁၂ ရက်နေ့ နေခင်း ၁ နာရီ လောက်မှာ ပြုတ်ကျ ခဲ့တာ ဖြစ်ပါတယ်။

လုပ်ဖော်ကိုင်ဖက် အလုပ်သမားတဦးရဲ့ ပြောပြချက်အရ သူတို့တွေဟာ သံတိုသံစတွေကို ပုံးနဲ့ ကောက်ထည့်နေစဉ် ပုံးထဲက သံစတွေရဲ့ အလေးချိန်ကြောင့် သံငြမ်း ကျိုးကျပြီး အလုပ်သမား ၃ ယောက် ၇ ထပ် တိုက်ပေါ်ကနေ ပြုတ်ကျခဲ့တာလို့ ဆိုပါတယ်။

အလုပ်သမား ၃ ယောက်မှာ စိုင်းပီး အသက် ၂၈  နှစ်ခန့်က အခင်းဖြစ်ပွားရာ နေရာမှာ သေဆုံးပြီး လုင်းဝိ အသက် ၄၀ နဲ့ အသက် ၁၇ နှစ်အရွယ် လူငယ်တဦးကတာ့ နခွန်းဖင်ဆေးရုံမှာ အတွင်းလူနာအနေနဲ့ ကုသနေရတယ်လို့ သိရပါတယ်။

သူတို့ ၃ ဦးလုံးဟာ ရှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင်က ဖြစ်ပြီး ထိုင်းနိုင်ငံထဲ လာလုပ်တာ မကြာသေးကြောင်း၊ ၃ ဦးလုံး အလုပ်သမားကတ်တွေ ရှိပြီး အသုဘစရိတ်၊ ဆေးဖိုးဝါးခနဲ့ နစ်နာကြေး စတာတွေ ရရှိဖို့ အလုပ်သမားခေါင်းဆောင်က လိုက်လံ ဆောင်ရွက်ပေးမယ်လို့ ပြောပါတယ်။

အဲဒီ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်သမား ၂၀၀ လောက် ရှိပြီး အများစုက မြန်မာနိုင်ငံသားတွေ ဖြစ်ပါတယ်။

By နန်းမြနဒီ (ဒီဗွီဘီ)
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ မြန်မာပြည်က ရွှေ့ပြောင်းအလုပ်သမား ၃ ဦး ဆောက် လက်စ ၇ ထပ် တိုက်ပေါ် က ပြုတ်ကျပြီး ၁ ဦး သေဆုံးသွားခဲ့ပါတယ်။
အဲဒီ အလုပ်သမားတွေဟာ ချင်းမိုင်မြို့ နောင်ပါခန့်ရပ်ကွက် ဘိက်စီးကုန်တိုက် အနောက်က  ဆောက်လက် စ ၇ ထပ်တိုက်ပေါ်မှာ  ပန်းရန်လုပ်နေတာ ဖြစ်ပြီး ဇန်န၀ါရီ ၁၂ ရက်နေ့ နေခင်း ၁ နာရီ လောက်မှာ ပြုတ်ကျ ခဲ့တာ ဖြစ်ပါတယ်။

လုပ်ဖော်ကိုင်ဖက် အလုပ်သမားတဦးရဲ့ ပြောပြချက်အရ သူတို့တွေဟာ သံတိုသံစတွေကို ပုံးနဲ့ ကောက်ထည့်နေစဉ် ပုံးထဲက သံစတွေရဲ့ အလေးချိန်ကြောင့် သံငြမ်း ကျိုးကျပြီး အလုပ်သမား ၃ ယောက် ၇ ထပ် တိုက်ပေါ်ကနေ ပြုတ်ကျခဲ့တာလို့ ဆိုပါတယ်။

အလုပ်သမား ၃ ယောက်မှာ စိုင်းပီး အသက် ၂၈  နှစ်ခန့်က အခင်းဖြစ်ပွားရာ နေရာမှာ သေဆုံးပြီး လုင်းဝိ အသက် ၄၀ နဲ့ အသက် ၁၇ နှစ်အရွယ် လူငယ်တဦးကတာ့ နခွန်းဖင်ဆေးရုံ မှာ အတွင်းလူနာအနေနဲ့ ကုသနေရတယ်လို့ သိရပါတယ်။

သူတို့ ၃ ဦးလုံးဟာ ရှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင်က ဖြစ်ပြီး ထိုင်းနိုင်ငံထဲ လာလုပ်တာ မကြာသေးေ ကြာင်း၊ ၃ ဦးလုံး အလုပ်သမားကတ်တွေ ရှိပြီး အသုဘစရိတ်၊ ဆေးဖိုးဝါးခနဲ့ နစ်နာကြေး စတာတွေ ရရှိဖို့ အလုပ်သမားခေါင်းဆောင်က လိုက်လံ ဆောင်ရွက်ပေးမယ်လို့ ပြောပါတယ်။

အဲဒီ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်သမား ၂၀၀ လောက် ရှိပြီး အများစုက မြန်မာနိုင်ငံ သားတွေ ဖြစ်ပါတယ်။

By နန်းမြနဒီ (ဒီဗွီဘီ)

No comments:

Post a Comment