Wednesday, January 29, 2014

ဇန်န၀ါရီ ၂၈ ရက်ညပိုင်းက ရွှေဂုံတိုင် Excel Treasure Tower ခြောက်လွှာရှိ အလှပြင်ဆိုင်နှင့် သီရိမင်္ဂလာဈေးဟောင်း အပေါ်ဆုံးထပ်တို့တွင် မီးလောင်ကျွမ်းမှုဖြစ်ပွား

မီးလောင်ကျွမ်းမှုဖြစ်ပွားနေသော သီရိမင်္ဂလာဈေးဟောင်းဇန်န၀ါရီ ၂၈ ရက် ည ၉ နာရီခန့်က ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကိုယ့်မင်းကိုယ်ချင်းရပ်ကွက်၊ ရွှေဂုံတိုင် Excel Treasure Tower ခြောက်လွှာရှိ Royal Treasure အလှပြင်ဆိုင်နှင့် ကြည့်မြင်တိုင်မြို့နယ် သီရိမင်္ဂလာဈေးဟောင်း အပေါ်ဆုံးထပ်တို့တွင် ည ၁၁ နာရီခွဲက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
 
ရွှေဂုံတိုင် Excel Treasure Tower ခြောက်လွှာရှိ Royal Treasure အလှပြင်ဆိုင်ရှိ အင်ဗာတာမှ အပူလွန်ကဲ၍ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ည ၉ နာရီ ၄၀ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ အဆိုပါ မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ ဗဟန်းမြို့နယ်မှူးက “မီးလောင်မှုမှာ သေဆုံးသူ၊ ဒဏ်ရာရသူတော့ မရှိပါဘူး။ ဆိုင်ပိုင်ရှင်ကိုတော့ မီးပေါ့ဆမှုနဲ့ အရေးယူ ဆောင်ရွက်သွားပါမယ်” ဟု ပြောကြားသည်။


 
Excel Treasure Tower ခြောက်လွှာအား မီးငြိမ်းသတ်နေသည်ကိုတွေ့ရစဉ်
ယင်းမီးလောင်ဖြစ်စဉ်ကို မီးသတ်ယာဉ် ၁၉ စီးဖြင့် လာရောက်မီးငြိမ်းသတ်ခဲ့ပြီး ဗဟန်းမြို့မရဲစခန်းမှ (ပ) ၄၅/၂၀၁၄၊ ပုဒ်မ-၂၈၅ ဖြင့် ဆိုင်ပိုင်ရှင် ဦးမြင့်ထွေးအား အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

အလားတူ ၁၁ နာရီခွဲအချိန်တွင် ကြည့်မြင်တိုင်မြို့နယ် သီရိမင်္ဂလာဈေးဟောင်း အပေါ်ဆုံးထပ် မီးလောင်ကျွမ်းမှု ဖြစ်ပွားနေပြီး ရန်ကုန်တိုင်းဒေသကြီး မြို့နယ်အသီးသီးရှိ မီးသတ်စခန်းများမှ မီးသတ်ယာဉ်များ လာရောက်ငြှိမ်းသတ်နေလျက်ရှိပြီး ဇန်န၀ါရီ ၂၉ ရက် နံနက် ၁ နာရီအချိန်အထိ ဆက်လက်လောင်ကျွမ်းလျက်ရှိကြောင်း သိရသည်။  

Eleven

No comments:

Post a Comment