Tuesday, January 21, 2014

First Eleven ၂၀၁၃ ပြည်တွင်းအကောင်းဆုံးဘောလုံးသမားအဖြစ် ကြည်လင်း ရွေးချယ်ခံရ

Photo: First Eleven ၂၀၁၃ ပြည်တွင်းအကောင်းဆုံးဘောလုံးသမားအဖြစ် ကြည်လင်း ရွေးချယ်ခံရ
Tuesday, January 21, 2014

မြန်မာနိုင်ငံ၏ အထင်ကရအားကစားဂျာနယ်တစ်စောင်ဖြစ်သော First Eleven Sports Journal မှ နှစ်စဉ် ရွေးချယ်ချီးမြှင့်လေ့ရှိသည့် တစ်နှစ်တာအတွင်း အကောင်းဆုံးဘောလုံးသမား အဖြစ် မြန်မာ့လက်ရွေးစင်နှင့် ရန်ကုန်ယူနိုက်တက်အသင်းကစားသမား ကြည်လင်း ရွေးချယ်ခံခဲ့ရကြောင်း သိရပါသည်။ ကြည်လင်းသည် ၂၀၁၃ ခုနှစ်အတွက် အကောင်းဆုံးဘောလုံး သမား (ပြည်တွင်း) အဖြစ် ရွေးချယ်ခံရခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် လည်း ထိုဆုကို လက်ခံရရှိခဲ့သူဖြစ်သောကြောင့် ၂ နှစ်ဆက်တိုက် အရွေးခံရသည့် ပထမဆုံးမြန်မာကစား သမားဖြစ်လာသည်။ ၂၀၁၃ ခုနှစ်အတွက် အကောင်းဆုံးဘောလုံးသမား(ပြည်ပ)အဖြစ် ပေါ်တူဂီအသင်းနှင့် ရီးရဲလ်မက်ဒရစ်အသင်းတိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုကို ထိုဂျာနယ်က ရွေးချယ်ခဲ့သည်။

First Eleven Sports Journal သည် ထိုဆုကို ၄င်းဂျာနယ် အယ်ဒီတာအဖွဲ့၏ အာဘော်သက်သက်ဖြင့် ရွေးချယ်ခဲ့ခြင်းမဟုတ်ဘဲ စာဖတ်ပရိသတ်များ၊ ပြင်ပအားကစားကလောင်ရှင်များ၏ ဆန္ဒနှင့် သဘောထားကိုပါ ကောက်ခံရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ရွေးချယ်ရာတွင် ၂၀၁၃ ခုနှစ်အတွင်း ကစားသမား၏ လက်ရွေးစင်အသင်းတွင် အကျိုးပြုသည့်အနေအထား၊ ၄င်းလက်ရွေးစင်အသင်း၏ အောင်မြင်မှု၊ သက်ဆိုင်ရာ ကလပ်အသင်းတွင် အကျိုးပြုသည့်အနေအထား၊ ၄င်းကလပ်အသင်း၏ အောင်မြင်မှုတို့ကိုပါ ခြုံငုံသုံးသပ်ရွေး ချယ်ခဲ့ခြင်းဖြစ်သည်ဟု First Eleven Sports Journal ၏ ဖော်ပြချက်အရသိရပါသည်။

ထို့ပြင် အကောင်းဆုံးဘောလုံးသမားအတွက် ပရိသတ်များ၏ ဆန္ဒမဲကောက်ခံမှုတွင်လည်း ကြည်လင်းသည် ၆၉ ရာခိုင်နှုန်း (260 Votes) ရရှိခဲ့သည်။ တစ်နှစ်တာအတွင်း အကောင်းဆုံးဘောလုံးသမားရွေးချယ်မှုအပြင် အကောင်းဆုံးဘောလုံးအသင်းကိုပါ ရွေးချယ်ခဲ့ရာ ၁၁ ယောက်စာရင်းတွင် ရန်ကုန်ယူနိုက်တက်အသင်းမှ ကစားသမား ၄ ဦး (ကြည်လင်း၊ ကျော်ကိုကို၊ ဒေးဗစ်ထန်း နှင့် ရန်အောင်ကျော်) ပါဝင်ကြောင်း တွေ့ရသည်။

အကောင်းဆုံးဘောလုံးသမားဆုကို ၁၄ ကြိမ်ရွေးချယ်ခဲ့ရာ မြန်မာ့ လက်ရွေးစင်စွယ်စုံရကစားသမား စိုးမြတ်မင်းက ၃ ကြိမ် ရွေးချယ်ခံခဲ့ရပြီး မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးရန်ပိုင် မှာ ၂ ကြိမ်ရွေးချယ်ခံခဲ့ရသည်။ သို့သော် ၂ နှစ်ဆက်တိုက် ရွေးချယ်ခံရသူမှာ ကြည်လင်းတစ်ဦးတည်းသာ ရှိပြီး ထိုဆုကို အခမ်းအနားကျင်းပပြီး ပေးအပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။

Yangon United Football Club
မြန်မာနိုင်ငံ၏ အထင်ကရအားကစားဂျာနယ်တစ်စောင်ဖြစ်သော First Eleven Sports Journal မှ နှစ်စဉ် ရွေးချယ်ချီးမြှင့်လေ့ရှိသည့် တစ်နှစ်တာအတွင်း အကောင်းဆုံးဘောလုံး သမားအဖြစ် မြန်မာ့ လက်ရွေးစင်နှင့် ရန်ကုန်ယူနိုက်တက်အသင်းကစားသမား ကြည်လင်း ရွေးချယ်ခံခဲ့ရကြောင်း သိရပါသည်။
ကြည်လင်းသည် ၂၀၁၃ ခုနှစ်အတွက် အကောင်း ဆုံးဘောလုံး သမား (ပြည်တွင်း)  အဖြစ် ရွေးချယ် ခံရခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် လည်း ထိုဆုကို လက်ခံရရှိခဲ့သူဖြစ်သောကြောင့် ၂ နှစ်ဆက်တိုက် အရွေး ခံရသည့် ပထမဆုံးမြန်မာ ကစားသမားဖြစ်လာသည်။ ၂၀၁၃ ခုနှစ် အတွက် အကောင်းဆုံးဘောလုံးသမား (ပြည်ပ) အဖြစ် ပေါ်တူဂီအသင်းနှင့် ရီးရဲလ်မက်ဒရစ် အသင်းတိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုကို ထို ဂျာနယ် က ရွေးချယ်ခဲ့သည်။

First Eleven Sports Journal သည် ထိုဆုကို ၄င်းဂျာနယ် အယ်ဒီတာအဖွဲ့၏ အာဘော် သက် သက်ဖြင့် ရွေးချယ်ခဲ့ခြင်းမဟုတ်ဘဲ စာဖတ်ပရိသတ်များ၊ ပြင်ပအားကစား ကလောင်ရှင် များ၏ဆန္ဒနှင့် သဘောထားကိုပါ ကောက်ခံရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ရွေးချယ် ရာတွင် ၂၀၁၃ ခုနှစ်အတွင်း ကစားသမား၏ လက်ရွေးစင်အသင်းတွင် အကျိုးပြုသည့်အနေ အထား၊ ၄င်းလက်ရွေးစင်အသင်း ၏ အောင်မြင်မှု၊ သက်ဆိုင်ရာ ကလပ်အသင်းတွင် အကျိုးပြု သည့်အနေအထား၊ ၄င်းကလပ်အသင်း ၏ အောင်မြင်မှုတို့ကိုပါ ခြုံငုံသုံးသပ်ရွေး ချယ်ခဲ့ခြင်းဖြစ် သည်ဟု First Eleven Sports Journal ၏ ဖော်ပြ ချက်အရ သိရပါသည်။

ထို့ပြင် အကောင်းဆုံးဘောလုံးသမားအတွက် ပရိသတ်များ၏ ဆန္ဒမဲကောက်ခံမှုတွင်လည်း ကြည်လင်း သည် ၆၉ ရာခိုင်နှုန်း (260 Votes) ရရှိခဲ့သည်။ တစ်နှစ်တာအတွင်း အကောင်း ဆုံးဘောလုံး သမားရွေး ချယ်မှု အပြင် အကောင်းဆုံးဘောလုံးအသင်းကိုပါ ရွေးချယ်ခဲ့ရာ ၁၁ ယောက် စာရင်းတွင် ရန်ကုန် ယူနိုက်တက် အသင်းမှ ကစားသမား ၄ ဦး (ကြည်လင်း၊ ကျော်ကိုကို၊ ဒေးဗစ်ထန်း နှင့် ရန်အောင်ကျော်) ပါဝင်ကြောင်း တွေ့ရသည်။

အကောင်းဆုံးဘောလုံးသမားဆုကို ၁၄ ကြိမ်ရွေးချယ်ခဲ့ရာ မြန်မာ့လက်ရွေးစင်စွယ်စုံရ ကစားသမား စိုးမြတ်မင်းက ၃ ကြိမ် ရွေးချယ်ခံခဲ့ရပြီး မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးရန်ပိုင် မှာ ၂ ကြိမ်ရွေး ချယ် ခံခဲ့ရသည်။ သို့သော် ၂ နှစ်ဆက်တိုက် ရွေးချယ်ခံရသူမှာ ကြည်လင်း တစ်ဦး တည်းသာရှိပြီး ထိုဆုကို အခမ်းအနားကျင်းပပြီး ပေးအပ်သွားမည်ဖြစ်ကြောင်း သိရပါ သည်။

Yangon United Football Club

No comments:

Post a Comment