Monday, January 13, 2014

MCPA ပညာသင်ဆုရရှိထားသူများ နိုင်ငံခြားပညာတော်သင် ဦးစားပေးရွေးမည်

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း(MCPA)မှ ရွေးချယ်ပေးအပ်သော ပညာချွန်ဆုရရှိထား သည့် ကျောင်း သားများသည်အသင်းမှ အခါအားလျော်စွာ ရွေးချယ်စေလွှတ်သည့် နိုင်ငံခြား ပညာ သင်ဆုများ တွင် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီပါက ဦးစားပေးရွေး ချယ်ခံရမည်ဖြစ်သည်ဟု ယင်း အသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။
ယင်းအပြင် MCPA ပညာချွန်ဆုရရှိသူသည် ပညာသင်နှစ်တစ်နှစ်အတွက် ချီးမြှင့်ငွေကျပ် ၂၅၀,၀၀၀ အပြင် ပညာချွန်ဆု ခံစားနေသည့်ကာလတစ်လျှောက်လုံးတွင် မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း သား အဖြစ် နှစ် စဉ်ကြေးကင်းလွတ်ခွင့်ရရှိမည်ဖြစ်သည်။

MCPA အနေဖြင့် ၂၀၁၀-၂၀၁၁ ပညာသင်နှစ်မှ စတင်ပြီး ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ ထူးချွန်ကျောင်း သား၊ ကျောင်းသူများကို MCPA ပညာချွန်ဆု နှစ်စဉ်ချီးမြှင့်ပေးခဲ့သည်။ အဆိုပါပညာချွန်ဆုကို ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် စုစုပေါင်း ၃၃ ဦး ချီးမြှင့်ခဲ့သည်။

MCPAပညာချွန်ဆု ချီးမြှင့်ရာတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မှတ်ဖြင့် ဆုံးဖြတ်ခြင်း မဟုတ်ဘဲ တက္ကသိုလ်ပထမနှစ်တက်ရောက်ပြီး ကွန်ပျူတာပညာသင် ယူပြီးနောက်ပိုင်းတွင် ကွန်ပျူတာနှင့်ပတ် သက်၍ အမှန်တကယ်ထူးချွန်သည့်သူများအား ချီးမြှင့်ခြင်းဖြစ်သည်။

MCPA မှ ၂၀၁၀-၂၀၁၁ ပညာသင်နှစ်တွင် ကွန်ပျူတာတက္ကသိုလ် ဒုတိယနှစ်ကျောင်းသား များ အနက် အထူးချွန်ဆုံး ကျောင်းသားရှစ်ဦး၊ ၂၀၁၁-၂၀၁၂ ပညာသင်နှစ်တွင် ဒုတိယနှစ်နှင့် တတိယနှစ်မှ အထူးချွန် ဆုံးကျောင်းသား ရှစ်ဦးစီ စုစုပေါင်း ၁၆ ဦး၊ ၂၀၁၂-၂၀၁၃ ပညာ သင်နှစ်အတွက် စုစုပေါင်း ကျောင်း သား ၂၅ ဦးအား ပညာသင်ချွန်ဆုများ ချီးမြှင့်ခဲ့ သည်။

Mizzima - News in Burmese

No comments:

Post a Comment