Monday, February 24, 2014

3 D အာရုံခံ ပါဝင်သည့် စမတ်ဖုန်းကို ဂူဂယ်လ်မှ ထုတ်ဖော်ပြသ

Photo: 3 D အာရုံခံ ပါဝင်သည့် စမတ်ဖုန်းကို ဂူဂယ်လ်မှ ထုတ်ဖော်ပြသ
Monday, February 24, 2014

ကိုယ်တိုင် ပြုပြင်နိုင်သည့် ပစ္စည်း ကိရိယာပိုင်းများနှင့် ဆော့ဖ်ဝဲတို့ ပါဝင်ပြီး အသုံးပြုသူ၏ ပတ်ဝန်းကျင်ကို 3 D ပုံရိပ်အဖြစ် ပုံဖော်နိုင်သော စမတ်ဖုန်း နမူနာ ပုံစံကို ဂူဂယ်လ်မှ ထုတ်ဖော်ပြသခဲ့သည်။ အာရုံခံ စံနစ်သည် 3 D အတိုင်းအတာ ၂၅၀၀၀၀ ကျော်ကို စက္ကန့်တိုင်းတွင် ဖမ်းယူပြီး လက်ရှိ အခြေအနေ အတိုင်း ဖြစ်ပေါ်အောင် ပြုလုပ်နိုင်သည်။

ဖြစ်နိုင်ဖွယ်ရာ အပလီကေးရှင်းများတွင် အိမ်တွင်း ပုံရိပ်ဖော် စံနစ်လည်း ပါဝင်နိုင်သည်ဟု ဂူဂယ်မှ ပြောဆိုခဲ့သည်။ အိမ်တွင်း ပုံရိပ်ဖော် စံနစ်မှာ အမြင်အာရုံ အားနည်းသူများ အတွက် ရင်းနှီး ကျွမ်းဝင်မှု မရှိသည့်
နေရာများကို ဖော်ပြ အထောက်အကူ ပြုပေးနိုင်သော စံနစ်ဖြစ်သည်။

3 D စံနစ် အတွက် အသုံးပြုနိုင်မည့် ဆော့ဖ်ဝဲများကို ထုတ်လုပ်ရန်
ဆော့ဖ်ဝဲ ရေးသားသူများကို နမူနာ အလုံး ၂၀၀ ပေးအပ်ခဲ့သည်။ အဆင့်မြင့်နည်းပညာနှင့် စီမံကိန်းအဖွဲ့မှ Tango ဟု ခေါ်ဆိုသည့် စီမံကိန်း၏ တစ်စိတ်တစ်ဒေသ အဖြစ် ၎င်းဖုန်းကို သုတေသန ပညာရှင် အများအပြားမှ အကူအညီများ ရယူ ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဂူဂယ်လ်မှ ပြောဆိုခဲ့သည်။

“ အဓိက ကတော့ ဒီလိုမျိုး ပစ္စည်း ကိရိယာတွေ အသုံးပြုနိုင်တဲ့ ဆော့ဖ်
ဝဲတွေကို ထုတ်လုပ်နိုင်ဖို့ပါ ” ဟု သုတေသန ဌာနမှ ဒုတိယ ဥက္ကဌ ဘရိုင်ယန်မ မှ ပြောဆိုခဲ့သည်။

ဂူဂယ်လ် အပါအဝင် အဖွဲ့အစည်း အများအပြားမှ နစ်ခ်ျ နည်းပညာကို ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းလျှက် ရှိကြသည်။ နစ်ခ်ျ နည်းပညာ ဆိုသည်မှာ အသုံးပြုသူမှ ဆုံးဖြတ်ချက် ချမှတ်ရာတွင် အထောက်အကူ ပြုမည့် သတင်း အချက်အလက်များကို ပံ့ပိုးပေးသော စံနစ် ဖြစ်သည်။ နစ်ခ်ျ နည်းပညာကို အသုံးပြုပြီး ဂူဂယ်လ်မှ ဂူဂယ်လ် မျက်မှန်များကို ထုတ်လုပ်ထားသည်။ ၎င်းမျက်မှန်များကို ယခုနှစ် နှောင်းပိုင်းကာလတွင် ရောင်းချသွားမည် ဖြစ်သည်။

အသုံးပြုသူများကို ပိုမို ဆွဲဆောင်နိုင်ရန် အတွက် ဂူဂယ်မှ ၎င်းနည်းပညာ
များကို နေ့စဉ် လူမှုဘဝများတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးချနိုင်အောင် နည်းလမ်းများ ရှာဖွေလျှက် ရှိသည်။

REF: BBC
The Myanma Age
ကိုယ်တိုင် ပြုပြင်နိုင်သည့် ပစ္စည်း ကိရိယာပိုင်းများနှင့် ဆော့ဖ်ဝဲတို့ ပါဝင်ပြီး အသုံးပြုသူ၏ ပတ်ဝန်းကျင်ကို 3 D ပုံရိပ်အဖြစ် ပုံဖော်နိုင်သော စမတ်ဖုန်း နမူနာ ပုံစံကို ဂူဂယ်လ်မှ ထုတ်ဖော်ပြသခဲ့သည်။ အာရုံခံ စံနစ်သည် 3 D အတိုင်းအတာ ၂၅၀၀၀၀ ကျော်ကို စက္ကန့်တိုင်းတွင် ဖမ်းယူပြီး လက်ရှိ အခြေအနေ အတိုင်း ဖြစ်ပေါ်အောင် ပြုလုပ်နိုင်သည်။


ဖြစ်နိုင်ဖွယ်ရာ အပလီကေးရှင်းများတွင် အိမ်တွင်း ပုံရိပ်ဖော် စံနစ်လည်း ပါဝင်နိုင်သည်ဟု ဂူဂယ်မှ ပြောဆိုခဲ့သည်။ အိမ်တွင်း ပုံရိပ်ဖော် စံနစ်မှာ အမြင်အာရုံ အားနည်းသူများ အတွက် ရင်းနှီး ကျွမ်းဝင်မှု မရှိသည့် နေရာများကို ဖော်ပြ အထောက်အကူ ပြုပေးနိုင်သော စံနစ်ဖြစ်သည်။

3 D စံနစ် အတွက် အသုံးပြုနိုင်မည့် ဆော့ဖ်ဝဲများကို ထုတ်လုပ်ရန် ဆော့ဖ်ဝဲ ရေးသားသူများကို နမူနာ အလုံး ၂၀၀ ပေးအပ်ခဲ့သည်။ အဆင့်မြင့်နည်းပညာနှင့် စီမံကိန်းအဖွဲ့မှ Tango ဟု ခေါ်ဆိုသည့် စီမံကိန်း၏ တစ်စိတ်တစ်ဒေသ အဖြစ် ၎င်းဖုန်းကို သုတေသန ပညာရှင် အများအပြားမှ အကူအညီများ ရယူ ထုတ်လုပ် ခဲ့ခြင်း ဖြစ်သည်ဟု ဂူဂယ်လ်မှ ပြောဆိုခဲ့သည်။

“ အဓိက ကတော့ ဒီလိုမျိုး ပစ္စည်း ကိရိယာတွေ အသုံးပြုနိုင်တဲ့ ဆော့ဖ်ဝဲတွေကို ထုတ်လုပ်နိုင်ဖို့ပါ ” ဟု သုတေသန ဌာနမှ ဒုတိယ ဥက္ကဌ ဘရိုင်ယန်မ မှ ပြောဆိုခဲ့သည်။

ဂူဂယ်လ် အပါအဝင် အဖွဲ့အစည်း အများအပြားမှ နစ်ခ်ျ နည်းပညာကို ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းလျှက် ရှိကြသည်။ နစ်ခ်ျ နည်းပညာ ဆိုသည်မှာ အသုံးပြုသူမှ ဆုံးဖြတ်ချက် ချမှတ်ရာတွင် အထောက်အကူ ပြုမည့် သတင်း အချက်အလက်များကို ပံ့ပိုးပေးသော စံနစ် ဖြစ်သည်။ နစ်ခ်ျ နည်းပညာကို အသုံးပြုပြီး ဂူဂယ်လ်မှ ဂူဂယ်လ် မျက်မှန်များကို ထုတ်လုပ်ထားသည်။ ၎င်းမျက်မှန်များကို ယခုနှစ် နှောင်းပိုင်းကာလတွင် ရောင်းချသွားမည် ဖြစ်သည်။

အသုံးပြုသူများကို ပိုမို ဆွဲဆောင်နိုင်ရန် အတွက် ဂူဂယ်မှ ၎င်းနည်းပညာများကို နေ့စဉ် လူမှုဘဝများတွင် ကျယ် ကျယ်ပြန့်ပြန့် အသုံးချနိုင်အောင် နည်းလမ်းများ ရှာဖွေလျှက် ရှိသည်။

REF: BBC
The Myanma Age

No comments:

Post a Comment