Monday, February 24, 2014

တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် ငွေကြေးတစုံတရာကောက်ခံမည် မဟုတ်ဟု ပုသိမ်မြို့နယ် ပညာရေးမှူးဆို

Photo: တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် ငွေကြေးတစုံတရာကောက်ခံမည် မဟုတ်ဟု ပုသိမ်မြို့နယ် ပညာရေးမှူးဆို
Monday, February 24, 2014

ဧရာဝတီတိုင်း၊ ပုသိမ်ကြီးမြို့နယ်အတွင်းမှ ကျောင်းသားများ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန်အတွက် ၀င်ခွင့်ကဒ်ပြား များစတင် ထုတ်ပေးနေပြီဖြစ်သော်လည်း ငွေကြေးကောက်ခံမှုတစုံတရာ ပြုလုပ်သွားမည်မဟုတ်ဟု ပုသိမ်မြို့နယ် ပညာ ရေးမှူးက ဆိုထားသည်။

ပုသိမ်၌ ကျောင်းဖြေကျောင်းသားကျောင်းသူ(၃၃၀၀)ကျော်နှင့် အပြင်ဖြေ(၁၇၀၀)ကျော်မှ စာစစ်ဌာန(၁၆)ခု၌ ၀င်ရောက် ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရှိရသည်။ 

“ ဒီနေ့ကစပြီးစာမေးပွဲဝင်ခွင့်ကဒ်ပြားတွေ ထုတ်ပေးသွားမှာဖြစ်ပြီး ငွေကြေးတစ်စုံတစ်ရာကောက်ခံမှာ မဟုတ်ပါဘူး”ဟု ပုသိမ်မြို့နယ်ပညာရေးမှူး ဦးကျင်သောင်းက ပြောသည်။

ယမန်နှစ်များကစာစစ်ဌာန(၁၄)ခုဖြင့်သာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျင်းပခဲ့သောပုသိမ်မြို့နယ်တွင် ယခုနှစ်၍ ပထမဆုံးအကြိမ်အဖြစ် စာစစ်ဌာနနှစ်ခုတိုးမြင့်လိုက်ခြင်းဖြစ်ကြောင်း၎င်းက ဆက်ပြောသည်။

ယခုနှစ်တွင်ပုသိမ်မြို့နယ်၌ထပ်မံတိုးမြင့်ထားသောစာစစ်ဌာနအချို့မှ ခုံကြေးကောက်ခံနေမှူ့ကြောင့် ငွေကြေးချို့တဲ့ စွာဝင်ရောက်ဖြေဆိုရန် ပြင်ဆင်နေသောကျောင်းသားများမှာအလုပ်ရှင်များထံမှ စာမေးပွဲပြီးချိန်၌ အလုပ်လုပ်ပေးရန် ငွေကြေးများ ကြိုတင်ချေးဌားဖြေဆိုရသည်အထိ ဖြစ်ပေါ်နေကြောင်း ကျောင်းသားအချို့ထံမှ သိရှိရသည်။

“ကျွန်တော်ဝင်ဖြေမယ့်ကျောင်းကဆို ခုံကြေးလေးထောင်နဲ့တခြားကြေး သုံးထောင်အားလုံးပေါင်းခုနှစ်ထောင် ကောက်ခံလို့ ရွာထဲက လယ်ပိုင်ရှင်တစ်ယောက်ဆီမှာ စာမေးပွဲပြီးရင်ကောက်ရိတ်ပေးဖို့ ငွေကြိုယူပြီး စာမေးပွဲဖြေဖို့လုပ်ရတယ်”ဟု တက္ကသိုလ်ဝင်တန်းစာမေးပွဲ ၀င်ရောက်ဖြေဆိုမည့်ကြက်ပေါင်တိုက်နယ်မှ ကျောင်းသား တစ်ဦးကပြောသည်။

ငွေကြေးမပြည့်စုံသောကျောင်းသားအများစုရှိသော ပုသိမ်မြို့နယ်တွင်းကျေးရွာအချို့မှတွဲဖက်အထက်တန်း ကျောင်းသား များသည် ပုသိမ်မြို့ရှိကျောင်းများတွင် လာရောက်ဖြေဆိုရာ၌ ယခုကဲ့သို့ငွေကြေးကောက်ခံမှုများကြောင့် ကျောင်းသားမိဘ များကလည်း အခက်အခဲဖြစ်ပေါ်ခဲ့ရကြောင်း အနန်းကုန်းကျေးရွာအုပ်စုမှတက္ကသိုလ်ဝင်တန်း ၀င်ရောက်ဖြေဆိုမည့် ကျောင်းသားမိဘအချို့က ဆိုသည်။

စာစစ်ဌာန(၁၆)ခုတွင် ကျောင်းသားကျောင်းသူပေါင်း(၅)ထောင်ကျော် တက္ကသိုလ် ၀င်တန်းဝင်ရောက်ဖြေဆိုမည်

ဖြစ်သည့် ပုသိမ်မြို့နယ်၌ စာစစ်ဌာနများကို သတ်မှတ်ခုံအရေအတွက်၊ သွားလာရန်ခရီးလမ်းသာယာမှုနှင့်  အခြား သတ်မှတ်ထားသော အချက်များပြည့်စုံမှသာ စာစစ်ဌာနအဖြစ်ချထားပေးခြင်းဖြစ်ကြောင်း အထက်တန်းကျောင်းအုပ် ဆရာဆရာမများထံမှ သိရသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို မတ်လ(၁၂)ရက်နေ့မှမတ်လ(၂၂)ရက်နေ့အထိ မြန်မာနိုင်ငံတ၀န်းရှိ စာစစ်ဌာန ကျောင်းများ၌ ကျင်းပပြုလုပ်တော့မည်ဖြစ်သည်။

Myit Ma Kha Media Group
ဧရာဝတီတိုင်း၊ ပုသိမ်ကြီးမြို့နယ်အတွင်းမှ ကျောင်းသားများ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန်အတွက် ၀င်ခွင့်ကဒ်ပြား များစတင် ထုတ်ပေးနေပြီဖြစ်သော်လည်း ငွေကြေးကောက်ခံမှုတစုံတရာ ပြုလုပ်သွားမည် မဟုတ် ဟု ပုသိမ်မြို့နယ် ပညာ ရေးမှူးက ဆိုထားသည်။


ပုသိမ်၌ ကျောင်းဖြေကျောင်းသားကျောင်းသူ(၃၃၀၀)ကျော်နှင့် အပြင်ဖြေ(၁၇၀၀)ကျော်မှ စာစစ်ဌာန(၁၆)ခု၌ ၀င်ရောက် ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရှိရသည်။ 

“ ဒီနေ့ကစပြီးစာမေးပွဲဝင်ခွင့်ကဒ်ပြားတွေ ထုတ်ပေးသွားမှာဖြစ်ပြီး ငွေကြေးတစ်စုံတစ်ရာကောက်ခံမှာ မဟုတ်ပါဘူး”ဟု ပုသိမ်မြို့နယ်ပညာရေးမှူး ဦးကျင်သောင်းက ပြောသည်။

ယမန်နှစ်များကစာစစ်ဌာန(၁၄)ခုဖြင့်သာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျင်းပခဲ့သောပုသိမ်မြို့နယ်တွင် ယခုနှစ်၍ ပထမဆုံးအကြိမ်အဖြစ် စာစစ်ဌာနနှစ်ခုတိုးမြင့်လိုက်ခြင်းဖြစ်ကြောင်း၎င်းက ဆက်ပြောသည်။

ယခုနှစ်တွင်ပုသိမ်မြို့နယ်၌ထပ်မံတိုးမြင့်ထားသောစာစစ်ဌာနအချို့မှ ခုံကြေးကောက်ခံနေမှူ့ကြောင့် ငွေကြေး ချို့တဲ့ စွာ ၀င်ရောက်ဖြေဆိုရန် ပြင်ဆင်နေသောကျောင်းသားများမှာအလုပ်ရှင်များထံမှ စာမေးပွဲပြီး ချိန်၌ အလုပ်လုပ်ပေးရန် ငွေကြေးများ ကြိုတင်ချေးဌားဖြေဆိုရသည်အထိ ဖြစ်ပေါ်နေကြောင်း ကျောင်းသား အချို့ထံမှ သိရှိရသည်။

“ကျွန်တော်ဝင်ဖြေမယ့်ကျောင်းကဆို ခုံကြေးလေးထောင်နဲ့ တခြားကြေး သုံးထောင်အားလုံးပေါင်း ခုနှစ်ထောင် ကောက် ခံ လို့ ရွာထဲက လယ်ပိုင်ရှင်တစ်ယောက်ဆီမှာ စာမေးပွဲပြီးရင်ကောက်ရိတ်ပေးဖို့ ငွေကြို ယူပြီး စာမေးပွဲဖြေဖို့လုပ်ရတယ်”ဟု တက္ကသိုလ်ဝင်တန်းစာမေးပွဲ ၀င်ရောက်ဖြေဆိုမည့်ကြက်ပေါင် တိုက်နယ်မှ ကျောင်းသား တစ်ဦးကပြောသည်။

ငွေကြေးမပြည့်စုံသောကျောင်းသားအများစုရှိသော ပုသိမ်မြို့နယ်တွင်းကျေးရွာအချို့မှတွဲဖက်အထက်တန်း ကျောင်းသား များသည် ပုသိမ်မြို့ရှိကျောင်းများတွင် လာရောက်ဖြေဆိုရာ၌ ယခုကဲ့သို့ငွေကြေးကောက်ခံမှု များကြောင့် ကျောင်းသားမိဘ များကလည်း အခက်အခဲဖြစ်ပေါ်ခဲ့ရကြောင်း အနန်းကုန်းကျေးရွာအုပ်စုမှ တက္ကသိုလ်ဝင်တန်း ၀င်ရောက်ဖြေဆိုမည့် ကျောင်းသားမိဘအချို့က ဆိုသည်။

စာစစ်ဌာန(၁၆)ခုတွင် ကျောင်းသားကျောင်းသူပေါင်း(၅)ထောင်ကျော် တက္ကသိုလ် ၀င်တန်း ၀င်ရောက်ဖြေ ဆိုမည်ဖြစ်သည့် ပုသိမ်မြို့နယ်၌ စာစစ်ဌာနများကို သတ်မှတ်ခုံအရေအတွက်၊ သွားလာရန်ခရီးလမ်း သာယာမှုနှင့်  အခြား သတ်မှတ်ထားသော အချက်များပြည့်စုံမှသာ စာစစ်ဌာနအဖြစ်ချထားပေးခြင်းဖြ စ်ကြော င်း အထက်တန်းကျောင်းအုပ် ဆရာဆရာမများထံမှ သိရသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို မတ်လ(၁၂)ရက်နေ့မှမတ်လ(၂၂)ရက်နေ့အထိ မြန်မာနိုင်ငံတ၀န်းရှိ စာစစ်ဌာန ကျောင်းများ၌ ကျင်းပပြုလုပ်တော့မည်ဖြစ်သည်။

Myit Ma Kha Media Group

No comments:

Post a Comment