Sunday, February 23, 2014

အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပရေးအတွက် အသုံးပြုရန် လျာထားငွေမှ ကျပ်သန်း ၁၀၀၀ ကျော် ဖြတ်တောက်ရန် ပြည်ထောင်စုလွှတ်တော်၌ အဆိုတင်

မြန်မာနိုင်ငံအနေဖြင့် အလှည့်ကျ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ် ၂၀၁၄ ခုနှစ်အတွင်း ကျင်းပမည့် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပရေးအတွက် အသုံးပြုရန် လျာ ထားငွေကျပ် သန်း ၁၂၆၉၄ ဒသမ ၅၂၆ အနက် ကျပ်သန်း ၁၀၂၄ ကို ဖြတ်တောက်ရန် ပြည်သူ့ လွှတ်တော် ပြုပြင်ပြောင်းလဲရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်မှု စိစစ်ရေးကော်မတီက ပြည်ထောင်စု လွှတ်ေ တာ် ၌ အဆိုတင်သွင်းခဲ့သည်။

အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပရေးအတွက် ဆောင်ရွက်ဆဲ လုပ်ငန်းများမှ အစည်းအဝေးအဆောက်အအုံများ ဆောက်လုပ်ရေးလုပ်ငန်းအတွက် ကျပ်သန်း ၃၂၇၄ ဒသမ ၂၀၁ မှ ကျပ်သန်း ၂၇၄ ကိုလည်းကောင်း၊ အခမ်းအနား ပြင်ဆင်ရေးလုပ်ငန်းအတွက် ကျပ်သန်း ၇၀၉၁ ဒသမ ၅၇၉မှ ကျပ်သန်း ၂၅၀ အားလည်းကောင်း၊ သန့်ရှင်းလှပရေးလုပ်ငန်းအတွက် ကျပ်သန်း ၂၃၂၈ ဒသမ ၇၄၆ မှ ကျပ်သန်း ၅၀၀ အားလည်းကောင်း အသီးသီး ဖြတ်တောက်လျှော့ချရန် အဆိုပြုတင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိနိုင်ငံသည် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ နည်းပညာစသည့် ကဏ္ဍပေါင်းစုံတွင် များစွာချို့တဲ့လျက် ရှိကြောင်း၊ ကြွေးမြီကိစ္စများလည်း ဖြေရှင်းနေရဆဲဖြစ်ကြောင်း၊ တိုင်းဒေသကြီးပြည်နယ် များ၏ အခြေခံလိုအပ်ချက်မှာလည်းများစွာ ရှိနေသေးကြောင်း၊ ထို့ကြောင့် အခြေအနေအရပ်ရပ် အပေါ် ထောက်ချင့်သုံးသပ်၍ ယခုကဲ့သို့ အကြံပြုတင်ပြခြင်းဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၁ ရက်က ပြည်ေ ထာင် စု လွှတ်တော်တွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်၊ အမျိုးသားစီမံကိန်း ဥပဒေကြမ်း၏ နောက်ဆက်တွဲ ၂ (က)ပါ နိုင်ငံပိုင်အခန်း ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးရာ တွင် ကော် မတီဥက္ကဋ္ဌ ဦးအောင်သိန်းလင်းက ထိုသို့ထည့်သွင်းတင်ပြခဲ့ခြင်း ဖြစ်သည်။

အာဆီယံအစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံနှင့် မိတ်ဖက်နိုင်ငံများမှ နိုင်ငံ့အကြီး အကဲ ခေါင်းဆောင်များ၊ ၀န်ကြီးများ၊ ကမ္ဘာအရပ်ရပ်မှ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြမည်ဖြစ် ပြီး တက်ရောက်စဉ် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကိုပါ လေ့လာမည်ဖြစ်၍ နိုင်ငံ၏ ဂုဏ်သိက္ခာ၊ အာဆီယံ၏ ဂုဏ်သိက္ခာ၊ အစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အစိုးရ၏ ဆောင်ရွက်ဆဲလုပ်ငန်းများအပေါ် ပြည်ထောင်စုလွှတ်တော်က ၀ိုင်းဝန်းပံ့ပိုးရန် လိုအပ်ကြောင်း၊ သို့ရာတွင် လက်ရှိနိုင်ငံသည် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ နည်းပညာစသည့် ကဏ္ဍပေါင်းစုံတွင် များစွာချို့တဲ့လျက်ရှိကြောင်း၊ ကြွေးမြီကိစ္စများလည်း ဖြေရှင်းနေရဆဲဖြစ်ကြောင်း၊ တိုင်းဒေသကြီးပြည်နယ် များ၏ အခြေခံလိုအပ်ချက်မှာလည်းများစွာ ရှိနေသေးကြောင်း၊ ထို့ကြောင့် အခြေအနေအရပ်ရပ် အပေါ် ထောက်ချင့်သုံးသပ်၍ ယခုကဲ့သို့ အကြံပြုတင်ပြခြင်းဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် ပြုပြင်ပြောင်း လဲရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်မှု စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်သိန်းလင်း က ဆွေးနွေးပြော ကြားသည်။

မြန်မာနိုင်ငံအနေဖြင့် အလှည့်ကျအာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ် ၂၀၁၄ ခုနှစ်အတွင်း အစည်းအဝေး စုစုပေါင်း အကြိမ် ၃၀၀ ခန့် လက်ခံကျင်းပရမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment