Sunday, February 2, 2014

နိုင်ငံနှင့် ပြည်သူအကျိုး အနည်းငယ်သာ လုပ်နိုင်သေးကြောင်း သူရဦးရွှေမန်း ပြောကြား

ဂျပန်နိုင်ငံမှ တရားဝင် ဖွံ့ဖြိုးမှု အကူအညီချေးငွေ (ODA Loan) ယန်း ၆၃ ဒသမ ၂ ဘီလီယံ ရယူရေးအတွက် ဇန်နဝါရီလ ၃၁ ရက် ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် နဝမ ပုံမှန် အစည်းအဝေး တွင် အတည်ပြုလိုက်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် မြှင့်တင်သော အချိန်ဖြစ်သောကြောင့် ချေးငွေများ ရယူပြီး လို အပ်နေသော အခြေခံ အဆောက်အဦများနှင့် ပြည်သူများ လိုအပ်သော ကဏ္ဍများတွင် ဦးစားပေး ဆောင် ရွက်ပေး သင့်ကြောင်း ပြည်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောကြားသည်။ “လယ်ယာမြေကဏ္ဍကို တိုးတက်စေဖို့အတွက် ချေးငွေထဲကနေ ဆည်ရေပေးမှု ဖွံ့ဖြိုးရေးတွေကို လုပ်မယ် ဆိုတော့ တောင်သူ လယ်သမားတွေကိုယ်စား ကြိုဆိုပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ တရားဝင် ဖွံ့ဖြိုးမှု အကူအညီ ချေးငွေများကို ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်း တွင် ယန်း ၂၀ ဘီလီယံ၊ ရန်ကုန်မြို့တော် ရေပေးဝေမှု ဖွံ့ဖြိုးရေး စီမံကိန်းတွင် ယန်း ၂၃ ဒသမ ၇ ဘီလီယံ၊ သီလဝါ ဆိပ်ကမ်း အခြေခံ အဆောက်အဦများ ဖွံ့ဖြိုးရေး စီမံကိန်းတွင် ယန်း ၄ ဒသမ ၆ ဘီလီယံ၊ ပဲခူးအနောက်ခြမ်းဒေသ ဆည်ရေပေးမှု ဖွံ့ဖြိုးမှု စီမံကိန်းတွင် ယန်း ၁၄ ဒသမ၉ ဘီလီယံ ခွဲဝေ အသုံးပြု မည် ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနထံမှ သိရသည်။

ယင်းသို့ချေးငွေများ ထုတ်ချေးမည် ဖြစ်ကြောင်း ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ပြုလုပ်ခဲ့သော မဲခေါင်-ဂျပန် ထိပ် သီး အစည်းအဝေးပွဲ ကာလအတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇို အာဘေး တွေ့ဆုံခဲ့သော နှစ်နိုင်ငံ ဆွေးနွေးပွဲတွင် JICA က တရားဝင် ကြေညာခဲ့ခြင်း ဖြစ်ပြီး သဘော တူညီချက်များတွင် ဆိုင်းငံ့ကာလ ၁၀ နှစ်၊ ပြန်ဆပ်ကာလ နှစ် ၃၀ ဖြင့် စုစုပေါင်းနှစ် ၄၀ ဖြစ်ပြီး အတိုးနှုန်းမှာ တစ်နှစ်လျှင် ၀ ဒသမ ၀၁ ရာခိုင်နှုန်းသာ ရှိကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံအတွင်း လိုအပ်နေသော ဖွံ့ဖြိုးမှု စီမံကိန်းများကို ဆောင်ရွက်ရန်အတွက် ဂျပန်နိုင်ငံမှ ဖွံ့ဖြိုး မှုချေးငွေ (ODA Loan) ယန်း ၆၃ ဒသမ ၂ ဘီလီယံ ရယူရေးအတွက် ဘဏ္ဍာရေး ဝန်ကြီးဌာနက ဇန်နဝါရီ ၂၈ ရကနေ့တွင် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခဲ့ပြီး ဖြစ်သည်။

အဆိုပါ စီမံကိန်းများတွင် JICA နှင့် မြန်မာနိုင်ငံမှ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တို့မှ ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment