Tuesday, February 11, 2014

လွှတ်တော် ကိုယ်စားလှယ်များ နံနက်ပိုင်း အစည်းအဝေး တက်ရောက်ရန် ပြည်ထောင်စု လွှတ်တော်နာယက တိုက်တွန်း

Photo: လွှတ်တော် ကိုယ်စားလှယ်များ နံနက်ပိုင်း အစည်းအဝေး တက်ရောက်ရန် ပြည်ထောင်စု လွှတ်တော်နာယက တိုက်တွန်း

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၀

လွှတ်တော် ကိုယ်စားလှယ်များအား ပြည်ထောင်စု လွှတ်တော် နံနက်ပိုင်း အစည်းအဝေး တက်ရောက်ရန် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ကျင်းပ ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် တိုက်တွန်း ပြောကြားသည်။

လွှတ်တော် ကိုယ်စားလှယ်အချို့သည် လွှတ်တော် ကော်မတီ အသီးသီးမှ အစည်းအဝေးများကြောင့် နံနက်ပိုင်း လွှတ်တော် အစီအစဉ်များကို တက်ရောက်ခြင်း မရှိသောကြောင့် ယင်းသို့ သတိပေး တိုက်တွန်းရခြင်း ဖြစ်ကြောင်း သူရဦးရွှေမန်းက ဆိုသည်။ 

လွှတ်တော် ကော်မတီ အသီးသီးမှ အစည်းအဝေးများ ရှိသောကြောင့် ပြည်ထောင်စုလွှတ်တော် နေ့လယ်ပိုင်း အစီအစဉ်များတွင် ကော်မတီဝင် လွှတ်တော် ကိုယ်စားလှယ်များ မတက်ရောက် နိုင်သော်လည်း နံနက်ပိုင်း အစီအစဉ်များကို တက်ရောက်ပေးရန် လိုအပ်ကြောင်း သူရဦးရွှေမန်းက ပြောဆိုသည်။
“ကော်မတီ လုပ်ငန်းတွေ လုပ်တဲ့အခါမှာ အစည်းအဝေး ခန်းမမှာ လူအတော် နည်းပါးသွားတာကို ဝေဖန် ထောက်ပြမှုတွေလည်း ရှိနေပါတယ်၊ အထူးအရေးကြီး ကိစ္စများမှလွဲပြီး ခန်းမအတွင်းမှာ ရှိပေးဖို့ လိုပါတယ်” ဟု ၎င်းက ပြောကြားသည်။ 

ပြည်ထောင်စု လွှတ်တော်အတွင်း ဖွဲ့စည်းထားသော ကော်မတီပေါင်း ၂၄ ခုရှိပြီး ကော်မတီလုပ်ငန်း အစည်းအဝေးများရှိလျှင် လွှတ်တော် ကိုယ်စားလှယ်များ လွှတ်တော် ခန်းမအတွင်း တက်ရောက်နိုင်ခြင်း မရှိကြောင်း ဥပဒေကြမ်း ပူးပေါင်း ကော်မတီဝင် ဦးစောလှထွန်းက ပြောကြားသည်။

“အရေးကြီးတဲ့ အချိန်ဆိုရင် လုပ်ငန်း အစည်းအဝေးတွေ ခဏခဏ လုပ်လေ့ရှိတော့ လွှတ်တော် ခန်းမထဲ ရောက်ပြီးမှ ပြန်ထွက်ရတာတွေ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

ထို့အပြင်ယခု (ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်) အစည်းအဝေးများတွင် လွှတ်တော် ကိုယ်စားလှယ်  ၆၄၂ ဦး ရှိသည့်အနက် အစည်းအဝေး မတက်ရောက် နိုင်သောကြောင့် ခွင့်တိုင်ကြားသူပေါင်း ၁၅၀ ဦးကျော်ထိ ရှိလာကြောင်း ပြည်ထောင်စု လွှတ်တော်ရုံးထံမှ သိရသည်။
လွှတ်တော် ကိုယ်စားလှယ်များအား ပြည်ထောင်စု လွှတ်တော် နံနက်ပိုင်း အစည်းအဝေး တက်ရောက်ရန် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ကျင်းပ ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် တိုက်တွန်း ပြောကြားသည်။


လွှတ်တော် ကိုယ်စားလှယ်အချို့သည် လွှတ်တော် ကော်မတီ အသီးသီးမှ အစည်းအဝေးများကြောင့် နံနက်ပိုင်း လွှတ်တော် အစီအစဉ်များကို တက်ရောက်ခြင်း မရှိသောကြောင့် ယင်းသို့ သတိပေး တိုက်တွန်း ရခြင်း ဖြစ်ကြောင်း သူရဦးရွှေမန်းက ဆိုသည်။ 

လွှတ်တော် ကော်မတီ အသီးသီးမှ အစည်းအဝေးများ ရှိသောကြောင့် ပြည်ထောင်စုလွှတ်တော် နေ့လယ် ပိုင်း အစီအစဉ်များတွင် ကော်မတီဝင် လွှတ်တော် ကိုယ်စားလှယ်များ မတက်ရောက် နိုင်သော်လည်း နံနက်ပိုင်း အစီအစဉ်များကို တက်ရောက်ပေးရန် လိုအပ်ကြောင်း သူရဦးရွှေမန်းက ပြောဆိုသည်။

“ကော်မတီ လုပ်ငန်းတွေ လုပ်တဲ့အခါမှာ အစည်းအဝေး ခန်းမမှာ လူအတော် နည်းပါးသွားတာကို ဝေဖန် ထောက်ပြမှုတွေလည်း ရှိနေပါတယ်၊ အထူးအရေးကြီး ကိစ္စများမှလွဲပြီး ခန်းမအတွင်းမှာ ရှိပေးဖို့ လိုပါ တယ်” ဟု ၎င်းက ပြောကြားသည်။ 

ပြည်ထောင်စု လွှတ်တော်အတွင်း ဖွဲ့စည်းထားသော ကော်မတီပေါင်း ၂၄ ခုရှိပြီး ကော်မတီလုပ်ငန်း အစည်းအဝေးများရှိလျှင် လွှတ်တော် ကိုယ်စားလှယ်များ လွှတ်တော် ခန်းမအတွင်း တက်ရောက်နိုင်ခြင်း မရှိကြောင်း ဥပဒေကြမ်း ပူးပေါင်း ကော်မတီဝင် ဦးစောလှထွန်းက ပြောကြားသည်။

“အရေးကြီးတဲ့ အချိန်ဆိုရင် လုပ်ငန်း အစည်းအဝေးတွေ ခဏခဏ လုပ်လေ့ရှိတော့ လွှတ်တော် ခန်းမထဲ ရောက်ပြီးမှ ပြန်ထွက်ရတာတွေ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

ထို့အပြင်ယခု (ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်) အစည်းအဝေးများတွင် လွှတ်တော် ကိုယ်စားလှယ် ၆၄၂ ဦး ရှိသည့်အနက် အစည်းအဝေး မတက်ရောက် နိုင်သောကြောင့် ခွင့်တိုင်ကြား သူပေါင်း ၁၅၀ ဦးကျော်ထိ ရှိလာကြောင်း ပြည်ထောင်စု လွှတ်တော်ရုံးထံမှ သိရသည်။


The Voice Weekly

No comments:

Post a Comment