Friday, February 28, 2014

ထိုင်းဝန်ကြီးချုပ် ကြားနာမှု ရှေ့နေတွေ စေလွှတ်

ထိုင်းနိုင်ငံ ဝန်ကြီးချူပ် ယင်လပ် ရှင်နာဝပ်ဟာ တာဝန်မဲ့ အပြုအမူတွေ ကျူးလွန်ခဲ့တယ် ဆိုပြီး ခြစားမှု တိုက်ဖျက်ရေး ကော်မရှင်ကနေ စွဲဆိုထားတဲ့ ကြားနာစစ်ဆေးမှုကို တက်ရောက်ဖို့ သူမရဲ့ ရှေ့နေတွေကို စေလွှတ်ခဲ့ပါတယ်။


အဲဒီ စစ်ဆေးမှုကို မလုပ်ဖြစ်အောင် တားဆီးဖို့ ကြိုးစားတဲ့ အနေနဲ့ ဝန်ကြီးချူပ်ကို ထောက်ခံသူ အယောက် ၃၀ဝ လောက်ကလည်း ဘန်ကောက် မြို့ပေါ်က ကော်မရှင် ရုံးခန်းကို ဝိုင်းထားခဲ့ကြ ပါသေးတယ်။

ဘန်ကောက် မြို့ပေါ်မှာ ဒီတစ်ပတ်ထဲ ဝန်ကြီးချူပ်အပေါ် ထောက်ခံသူတွေနဲ့ အစိုးရ ဆန့်ကျင်ရေး သမားတွေ အကြား အကြမ်းဖက်မှုတွေ တိုးမြင့်လာခဲ့တဲ့နောက် ဝန်ကြီးချူပ်ဟာ မြို့တော်ကနေ သူမရဲ့ အမာခံနယ်ဖြစ်တဲ့ မြောက်ပိုင်းကို ထွက်ခွာသွားခဲ့ပါတယ်။

အစိုးရ ဆန်ဝယ်ဈေးနှုန်းကို ပေါက်ဈေးထက် ပိုမို သတ်မှတ်ခဲ့တာနဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ် ဖြစ်နေ ရာမှာ ယင်လပ် ရှင်နာဝပ်က သူမအနေနဲ့ ဘာအမှားမှ မကျူးလွန်ခဲ့ဘူးလို့ စွပ်စွဲမှုတွေအပေါ် ငြင်းဆို ထားပါတယ်။

အစိုးရက ဆန်ကို ပေါက်ဈေးထက် ပိုမို သတ်မှတ်ခဲ့တာဟာ မြောက်ပိုင်း တောနယ်အရပ်မှာ ဝန်ကြီးချုပ်နဲ့ သူ့မိသားစုရဲ့ သြဇာ ပိုမို ခိုင်မြဲခဲ့ပါတယ်။ တကယ်လို့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဝန်ကြီးချူပ်မှာ အပြစ်ရှိတယ်လို့ ဆုံးဖြတ်နိုင်မယ်ဆိုရင် ဝန်ကြီးချုပ်ဟာ ရာထူးကနေ ဖယ်ရှားခံရနိုင်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

No comments:

Post a Comment