Thursday, February 20, 2014

စားသောက်ဆိုင်ထွက် စွန့်ပစ်ဆီများကို ဆီစစ်ကန်မှတစ်ဆင့် စွန့်ပစ်ရမည်

Photo: စားသောက်ဆိုင်ထွက် စွန့်ပစ်ဆီများကို ဆီစစ်ကန်မှတစ်ဆင့် စွန့်ပစ်ရမည်
Thursday, February 20, 2014

မိုးရာသီကာလများတွင် ရေမြောင်း ပိတ်ဆို့မှုများကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လေ့ရှိသော မန္တလေးမြို့တော်တွင် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ စားသောက်ဆိုင်များ၊ ထမင်းဆိုင်များ၊ လက်ဖက်ရည်ဆိုင် များ၏ စွန့်ပစ်ဆီများကို စွန့်ပစ်ရန် အတွက် ဆီစစ်ကန်များ ထားရှိပြီး စွန့်ပစ်ရန် ညွှန်ကြားသွားမည်ဖြစ်ပြီး လိုက်နာမှုမရှိသည့် ဆိုင်ပိုင်ရှင်များကို အရေးယူသွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ သန့်ရှင်းရေးဌာန ဌာနခွဲမှူး ဦးစိုးတင့်အောင် က ပြောကြားသည်။

စည်ပင်နယ်နိမိတ် အတွင်းရှိ ရေမြောင်း များထဲသို့ စားသောက်ဆိုင်များ၊ ထမင်းဆိုင်များ၊ လက်ဖက်ရည်ဆိုင်များမှ ရောင်းချသည့် အစားအစာများထဲတွင် ပါဝင်သည့် စားသုံးဆီများ စွန့်ပစ်သောကြောင့် ရေမြောင်းများတွင် အဆီခဲများ ပိတ်ဆို့လျက် ရှိသည့်အတွက် ယင်းကဲ့သို့ ဆီစစ်ကန်များ ထားရှိကာ စနစ်တကျ စွန့်ပစ်ကြရန် ညွှန်ကြားရခြင်း ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

"ဆီစစ်ကန်ထဲမှာ ဆီကသတ်သတ်၊ အနည်ကသတ်သတ် ဖြစ်သွားမယ်။ အဲ့ဒါဆိုရင် ဆီကိုလည်း ပလတ်စတစ် အိတ်နဲ့ထုတ်၊ အနည်ကိုလည်း ပလတ်စတစ်အိတ်နဲ့ ထုတ်ပြီး အမှိုက်ကား လာရင်ပစ်၊ ဒါမှမဟုတ် အမှိုက်ပစ်တဲ့ နေရာမှာ လာပစ်ပေါ့။ အဲဒီ အတွက်လည်း ကုန်ကျစရိတ် သိပ်မရှိပါဘူး။ နာမည်ကြီးဆိုင်တွေကို ခေါ်ပြီး သတိပေးမယ်။ ခုလောလောဆယ် မဟာအောင်မြေမြို့နယ် က စားသောက်ဆိုင် ၁၀ ဆိုင်ကိုခေါ်ပြီး ပြောထားတယ်" ဟု ၄င်းကဆိုသည်။

မန္တလေး ခြောက်မြို့နယ် အတွင်းရှိ နာမည်ကျော် စားသောက်ဆိုင်များ အားလုံးကို ခေါ်ယူ ညွန်ကြားသွားမည် ဖြစ်ပြီး ညွန်ကြားထားသည့် ရက်မှ တစ်ပတ်အတွင်း ဆောင်ရွက်ခြင်း မရှိဘဲ ရေမြောင်းများထဲသို့ ဆီများ စွန့်ပစ်သည်ကို စစ်ဆေးတွေ့ရှိပါက စည်ပင်သာယာ ဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။

"စည်ပင်က ညွှန်ကြားတာ ဆိုတော့ လုပ်ရမှာပေါ့။ အခုလုပ်နေပြီ။ ကျွန်တော်တို့လည်း သိပ်ပြီးနားမလည်ဘူး ဆိုတော့ သူတို့ ညွှန်ကြား တဲ့အတိုင်း ဆီတွေအပြင်ကို စိမ့်မထွက်အောင် အကာအရံတွေ၊ ဘာတွေ လုပ်နေပြီ" ဟု မဟာအောင်မြေမြို့နယ် တွင်းရှိ နာမည်ရ စားသောက်ဆိုင် လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း၂၀၁၂-၂၀၁၃ ဘဏ္ဍာ နှစ်တွင် မှတ်ပုံတင်ထားသော လုပ်ငန်းလိုင်စင် စုစုပေါင်း ၁၃၂၀ ခုရှိကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

The Voice Weekly
မိုးရာသီကာလများတွင် ရေမြောင်း ပိတ်ဆို့မှုများကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လေ့ရှိသော မန္တလေး မြို့တော်တွင် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ စားသောက်ဆိုင်များ၊ ထမင်းဆိုင်များ၊ လက်ဖက်ရည် ဆိုင်များ၏ စွန့်ပစ်ဆီများကို စွန့်ပစ်ရန် အတွက် ဆီစစ်ကန်များ ထားရှိပြီး စွန့်ပစ်ရန် ညွှန်ကြားသွား မည်ဖြစ်ပြီး လိုက်နာမှုမရှိသည့် ဆိုင်ပိုင်ရှင်များကို အရေးယူသွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ သန့်ရှင်းရေးဌာန ဌာနခွဲမှူး ဦးစိုးတင့်အောင် က ပြောကြားသည်။


စည်ပင်နယ်နိမိတ် အတွင်းရှိ ရေမြောင်း များထဲသို့ စားသောက်ဆိုင်များ၊ ထမင်းဆိုင်များ၊ လက်ဖက်ရည် ဆိုင်များမှ ရောင်းချသည့် အစားအစာများထဲတွင် ပါဝင်သည့် စားသုံးဆီများ စွန့်ပစ်သောကြောင့် ရေမြောင်း များတွင် အဆီခဲများ ပိတ်ဆို့လျက် ရှိသည့်အတွက် ယင်းကဲ့သို့ ဆီစစ်ကန်များ ထားရှိကာ စနစ်တကျ စွန့်ပစ်ကြရန် ညွှန်ကြားရခြင်း ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

"ဆီစစ်ကန်ထဲမှာ ဆီကသတ်သတ်၊ အနည်ကသတ်သတ် ဖြစ်သွားမယ်။ အဲ့ဒါဆိုရင် ဆီကိုလည်း ပလတ်စတစ် အိတ်နဲ့ထုတ်၊ အနည်ကိုလည်း ပလတ်စတစ်အိတ်နဲ့ ထုတ်ပြီး အမှိုက်ကား လာရင်ပစ်၊ ဒါမှမဟုတ် အမှိုက်ပစ်တဲ့ နေရာမှာ လာပစ်ပေါ့။ အဲဒီ အတွက်လည်း ကုန်ကျစရိတ် သိပ်မရှိပါဘူး။ နာမည်ကြီးဆိုင်တွေကို ခေါ်ပြီး သတိပေးမယ်။ ခုလောလောဆယ် မဟာအောင်မြေမြို့နယ် က စားသောက်ဆိုင် ၁၀ ဆိုင်ကိုခေါ်ပြီး ပြောထားတယ်" ဟု ၄င်းကဆိုသည်။

မန္တလေး ခြောက်မြို့နယ် အတွင်းရှိ နာမည်ကျော် စားသောက်ဆိုင်များ အားလုံးကို ခေါ်ယူ ညွန်ကြား သွားမည် ဖြစ်ပြီး ညွန်ကြားထားသည့် ရက်မှ တစ်ပတ်အတွင်း ဆောင်ရွက်ခြင်း မရှိဘဲ ရေမြောင်းများထဲသို့ ဆီများ စွန့်ပစ်သည်ကို စစ်ဆေးတွေ့ရှိပါက စည်ပင်သာယာ ဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။

"စည်ပင်က ညွှန်ကြားတာ ဆိုတော့ လုပ်ရမှာပေါ့။ အခုလုပ်နေပြီ။ ကျွန်တော်တို့လည်း သိပ်ပြီးနား မလည်ဘူး ဆိုတော့ သူတို့ ညွှန်ကြား တဲ့အတိုင်း ဆီတွေအပြင်ကို စိမ့်မထွက်အောင် အကာအရံတွေ၊ ဘာတွေ လုပ်နေပြီ" ဟု မဟာအောင်မြေမြို့နယ် တွင်းရှိ နာမည်ရ စားသောက်ဆိုင် လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း၂၀၁၂-၂၀၁၃ ဘဏ္ဍာ နှစ်တွင် မှတ်ပုံတင် ထားသော လုပ်ငန်းလိုင်စင် စုစုပေါင်း ၁၃၂၀ ခုရှိကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ထံမှ သိ ရသည်။

The Voice Weekly

No comments:

Post a Comment