Wednesday, February 26, 2014

နိုင်ငံတော်သမ္မတပေးပို့သော အဖွဲ့ဝင် ၁၅ ဦး အမည်စာရင်းအား ပြည်ထောင်စုလွှတ်တော် အတည်ပြုပြီးနောက် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင် တရားဝင်ဖွဲ့စည်း

ဖေဖော်ဝါရီ ၂၅ ရက်ကပြုလုပ်သည့်  ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့သည့် လာဘ်ပေး လာဘ်ယူမှု ပပျောက်ရေးကော်မရှင်ဖွဲ့စည်းရန် အဆိုအား ယင်းနေ့၌ပင် နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာချက် ၆/၂၀၁၄ ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း ဖေဖော်ဝါရီ ၂၅ ရက် ညပိုင်းက မြန်မာ့ရုပ်မြင်သံကြားသတင်းတွင် ဖော်ပြခဲ့သည်။


အဆိုပါကော်မရှင်တွင် နိုင်ငံတော်သမ္မတကပေးပို့သည့် အမည်စာရင်းအတိုင်း နိုင်ငံတော်သမ္မတက ရွေးချယ်သည့်အဖွဲ့ဝင် ငါးဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့က ရွေးချယ်သည့် အဖွဲ့ဝင်ငါးဦးစီ ပါဝင်သည်ဟု သိရသည်။

ယခုဖွဲ့စည်းခဲ့သော ကော်မရှင်တွင် ဦးမြ၀င်း(စစ်မှုထမ်း)၊ ဦးတင်ဦး(သံအမတ်ကြီး)၊ ဦးကျော်ကျော် (ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန)၊ ဦးစိုးတင့်(ညွှန်ကြားရေးမှူး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး)၊ ဦးသန်းအောင်(ညွှန်ကြားရေးမှူး ပြည်ထောင်စု ရှေ့နေချုပ်ရုံး)၊ ဦးမောင်ရှိန်(စစ်မှုထမ်း)၊ ဒေါက်တာတိုက်စံ (ပါမောက္ခ၊ တပ်မတော်နည်းပညာတက္ကသိုလ်)၊ ဦးနေ၀င်း(သံအမတ်ကြီး)၊ ဒေါ်မြတ်မြတ်စိုး(ညွှန်ကြားရေး မှူးချုပ်၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန)၊ ဦးသင်းမောင်(ညွှန်ကြားရေးမှူး၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန)၊ ဦးဆွန်ဒုတ်ကျင့်(ဒုတိယညွှန်ကြားရေးမှူး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး)၊ ဒေါက်တာညီညီထွန်း (တိရစ္ဆာန်ဆရာဝန်၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာန)၊ ဦးကျော်မြင့်(စစ်မှုထမ်း)၊ ဒေါ်သန်းသန်းရီ (ညွှန်ကြားရေးမှူး (ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး)၊ ဦးအောင်လှိုင်စိုး(ညွှန်ကြားရေးမှူး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး) တို့ပါဝင်ကြောင်း သိရသည်။

ကော်မရှင်၏ ဥက္ကဋ္ဌအဖြစ် ဦးမြ၀င်း (စစ်မှုထမ်း-အငြိမ်းစား)အားလည်းကောင်း၊ အတွင်းရေးမှူးအဖြစ် ဦးတင်ဦး (သံအမတ်ကြီးအငြိမ်းစား)တို့ဖြစ်သည်။     

ကော်မရှင်သက်တမ်းမှာ သာမန်အားဖြင့် နိုင်ငံတော်သမ္မတ၏ သက်တမ်းအတိုင်းဖြစ်ကာ သက်တမ်းနှစ်ခု ထက် ပိုမို တာဝန်ထမ်းဆောင်ခွင့်မရှိကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment