Tuesday, February 25, 2014

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲခဲ့သည့် အမျိုးသားညီလာခံ ကိုယ်စားလှယ်ကြီးများအား ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ရန် အစီအစဉ်ရှိ မရှိ ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ် မေးမြန်း

Photo: ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲခဲ့သည့် အမျိုးသားညီလာခံ ကိုယ်စားလှယ်ကြီးများအား ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ရန် အစီအစဉ်ရှိ မရှိ ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ် မေးမြန်း
Tuesday, February 25, 2014

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲခဲ့သည့် အမျိုးသားညီလာခံ ကိုယ်စားလှယ်ကြီးများအား ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်ရန် အစီအစဉ်ရှိ၊ မရှိကို ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ညိုက ဖေဖော်ဝါရီ ၂၄ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မေးမြန်းခဲ့သည်။

အဆိုပါ ဖွဲ့စည်းပုံအခြေခံ ဥပဒေကြီးကို ပေါ်ပေါက်လာရေးအတွက် ကိုယ်ပိုင်အချိန်၊ အကျိုးစီးပွား လုပ်ငန်းများကို စွန့်ပစ်ကာနှစ်ပေါင်းများစွာ တစ်ဆက်တစ်စပ်တည်း ပါဝင်ဆောင်ရွက်ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းများ၊ ပါတီခေါင်းဆောင်များ၊ တိုင်းရင်းသားနှင့် အရပ်သား ကိုယ်စားလှယ်များတွင်

ဦးခင်မောင်ညိုက မေးမြန်းရာတွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ၂ဝ၅ (က) အရ နိုင်ငံတော်သမ္မတသည် ဥပဒေနှင့်အညီ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်း ပြုနိုင်ကြောင်း၊ ယခုကဲ့သို့ ဒီမိုကရေစီစနစ် ထွန်းကား၍ အနာဂတ်နိုင်ငံတော်ကြီး ရေရှည်အကျိုး ကောင်းမွန်စေရန်အတွက် ခိုင်မာသည့်ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် ဖြစ်ပေါ်စေရန် ၁၉၉၃ ခုနှစ်မှစ၍ အတွေ့အကြုံကြွယ်ဝသည့် ပုဂ္ဂိုလ်များ၊ ပါတီခေါင်းဆောင်များ အပါအဝင် တိုင်းရင်းသားကိုယ်စားလှယ်များ ပါဝင်ပြီး အမျိုးသားညီလာခံကြီးကို အခက်အခဲများကြားမှ ကြိုးစားကျင်းပခဲ့ရာ ၂ဝဝ၇ ခုနှစ်၊ စက်တင်ဘာ ၃ ရက်တွင် အောင်မြင်စွာပြီးခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ၂ဝဝ၈ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း၊ အဆိုပါ ဖွဲ့စည်းပုံအခြေခံ ဥပဒေကြီးကို ပေါ်ပေါက်လာရေးအတွက် ကိုယ်ပိုင်အချိန်၊ အကျိုးစီးပွား လုပ်ငန်းများကို စွန့်ပစ်ကာနှစ်ပေါင်းများစွာ တစ်ဆက်တစ်စပ်တည်း ပါဝင်ဆောင်ရွက်ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းများ၊ ပါတီခေါင်းဆောင်များ၊ တိုင်းရင်းသားနှင့် အရပ်သား ကိုယ်စားလှယ်များတွင် ယခုအခါ အသက်အရွယ်ကြီးရင့် အိုမင်းခြင်း၊ စီးပွားရေးချို့တဲ့ခြင်းနှင့် လူမှုဘဝရပ်တည်ရန် ခက်ခဲသည့် ကိုယ်စားလှယ်အချို့ ရှိနေသည်များကို တွေ့ရှိရပါကြောင်း၊ ၎င်းတို့မကွယ်လွန်မီ ပြည်ထောင်စုအစိုးရမှ ယင်းတို့အပေါ် အသိအမှတ်ပြုသည့် ဆောင်ရွက်ပေးမှုမျိုး လုပ်ပေးလိမ့်မည်ဟူသော မျှော်လင့်ချက်တို့ဖြင့် အသက်ဆက်လက်ရှင်သန် ရပ်တည်နေလျက်ရှိသည်ကိုလည်း တွေ့ရှိနေရပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စု အစိုးရအနေဖြင့် အမျိုးသားညီလာခံ ကိုယ်စားလှယ်ကြီးများအားလုံး သို့မဟုတ် ၁၉၉၃ ခုနှစ်မှ ၂ဝဝ၇ ခုနှစ်အထိ တစ်ဆက်တစ်စပ်တည်း နိုင်ငံ့တာဝန်များကို ကျေပွန်စွာ ပါဝင်ဆောင်ရွက်ခဲ့သော အမျိုးသားညီလာခံ ကိုယ်စားလှယ်တော်ကြီးများအား ဂုဏ်ထူးဆောင်ဘွဲ့ (သို့မဟုတ်) ချီးမြှင့်ခံစားခွင့် စသည့်အသိအမှတ်ပြု တစ်ခုခု ပြုလုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် မရှိပါက မည်သည့် အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါမေးခွန်းနှင့် ပတ်သက်၍ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က လောလောဆယ်တွင် အစီအစဉ် မရှိသေးကြောင်း ဖြေကြားခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရန် ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအေးမြင့်က အဆိုတင်သွင်းခဲ့သဖြင့် ကော်မတီဖွဲ့စည်းကာ လွှတ်တော်မှ လေ့လာမှုများ ပြုလုပ်ခဲ့သည်။ လက်ရှိအချိန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် အကောင်အထည်ဖော်ရေး ကော်မတီကို လွှတ်တော်မှ ထပ်မံဖွဲ့စည်းခဲ့ပြီး ၂ဝ၁၅ ရွေးကောက်ပွဲမတိုင်မီ အပြီးသတ်ပြင်ဆင်ပြီး ဖြစ်ရမည်ဟု ပြည်ထောင်စု လွှတ်တော်နာယကက ပြောကြားထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြင်ဆင်ရန် အလွန်ခက်ခဲနေကြောင်း နိုင်ငံတကာမှ ဝေဖန်လျက်ရှိပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် ပြည်သူများထံမှ အကြံပြုစာများစွာ ရောက်ရှိနေသည်။
-
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆန္ဒပြမှု ပိုမိုများပြားလာပြီး ဖေဖော်ဝါရီ ၂၃ ရက်ကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆန္ဒပြပွဲအား ရန်ကုန်မြို့ တာမွေမြို့နယ်၌ ပြုလုပ်ခဲ့သည်ကို တွေ့ရစဉ်

Eleven Media Group

No comments:

Post a Comment