Monday, February 17, 2014

ဆယ်မိုင်ကျေးရွာမင်္ဂလာဆောင်မှ မိုးညှင်းသို့အပြန် ကားမှောက်၍ဒုက္ခရောက်သူများအား ထောက်ပံ့ငွေပေးအပ်

Photo: ဆယ်မိုင်ကျေးရွာမင်္ဂလာဆောင်မှ မိုးညှင်းသို့အပြန် ကားမှောက်၍ဒုက္ခရောက်သူများအား ထောက်ပံ့ငွေပေးအပ်
Monday, February 17, 2014

ကချင်ပြည်နယ် မိုးညှင်းမြို့ နှင့်ဆယ်မိုင်ကွာဝေးသော ဆယ်မိုင် ကျေးရွာရှိ မင်္ဂလာဆောင်သို့သွား ရောက်ပြီး အပြန်ယခုလ ၇ရက် က တိမ်းမှောက်ခဲ့သည့်တုံဖုန်ကား မှဒုက္ခသည်များအား မိုးညှင်းမြို့ အရှေ့ကျောင်းပရိယတ္တိစာသင်တိုက် စူဠဂန္ထဝါစကပဏ္ဍိတ ဆရာတော် ဘဒ္ဒန္တဇယန္တဦးစီးသော ဒါယကာ ဒါယိကာမများက ယခုလ ၁၃ရက် မွန်းလွဲ ၁နာရီတွင် ခုတင်(၁ဝဝ)ဆံ့ ပြည်သူ့ဆေးရုံသို့ သွားရောက်ပြီး
ထောက်ပံ့အလှူငွေများ လှူဒါန်းခဲ့ ကြောင်း သိရသည်။

မိုးညှင်းမြို့ အရှေ့ကျောင်း ပရိယတ္တိစာသင်တိုက် အတွင်းရှိ
စေတနာရှင်အခမဲ့ဆေးခန်းမှ အရေး ကြီးလူနာဖြစ်သော ထန်းတပင်
ကျေးရွာမှ ဒေါ်မုန်းအား ငွေကျပ် ၇ဝဝဝဝ၊ မျက်လုံးဒဏ်ရာနှင့် လက် ကျိုးဒဏ်ရာများရရှိကြသူ ဦးထွန်း ဝင်း၊ ဒေါ်အုန်းခင်၊ ဒေါ်တင်ရီတို့ အား ကျပ်၃ဝဝဝဝစီ၊ မျက်နှာနှင့် ဦးခေါင်းဒဏ်ရာပြင်းထန်၍ သေဆုံး ခဲ့သော ဒေါ်မငွေ၊ ဦးမျိုးသန့်၊ ဒေါ်သီတာမိသားစုတို့အား ကျပ် ၅ဝဝဝဝစီနှင့် ကျန်လူနာ ၁၈ဦးတို့ အား အသီးသီး ထောက်ပံ့လှူဒါန်း ငွေစုစုပေါင်းကျပ် ၅၃ဝဝဝဝ ပေး အပ်ခဲ့သည်။

ဆက်လက်ပြီး ထန်းတပင် ကျေးရွာအနီးရှိ သာသနာ့ရွှေသစ် ပင် ဆရာတော် တိဏ္ဏောဘာသနှင့် ဒါယကာများမှလည်း စုပေါင်းပြီး ငွေကျပ်၁ဝသိန်း၊ မိုးညှင်းမြို့ ဇီဝက ဆေးခန်းဒေါက်တာမောင်မောင်လေး နှင့်ဒေါ်ခင်ဝေမိသားစု
တို့မှ ကျပ် ၁၄ဝဝဝဝ ထပ်မံပေးအပ်လှူဒါန်းခဲ့ သည်။

The Union Daily
ကချင်ပြည်နယ် မိုးညှင်းမြို့ နှင့်ဆယ်မိုင်ကွာဝေးသော ဆယ်မိုင် ကျေးရွာရှိ မင်္ဂလာဆောင်သို့သွား ရောက်ပြီး အပြန်ယခုလ ၇ရက် က တိမ်းမှောက်ခဲ့သည့်တုံဖုန်ကား မှဒုက္ခသည်များအား မိုးညှင်းမြို့ အရှေ့ကျောင်း ပရိယတ္တိစာသင်တိုက် စူဠဂန္ထဝါစကပဏ္ဍိတ ဆရာတော် ဘဒ္ဒန္တဇယန္တဦးစီးသော ဒါယကာ ဒါယိ ကာမများက ယခုလ ၁၃ရက် မွန်းလွဲ ၁နာရီတွင် ခုတင်(၁ဝဝ)ဆံ့ ပြည်သူ့ဆေးရုံသို့ သွားရောက် ပြီး ထော က် ပံ့ အလှူငွေများ လှူဒါန်းခဲ့ ကြောင်း သိရသည်။


မိုးညှင်းမြို့ အရှေ့ကျောင်း ပရိယတ္တိစာသင်တိုက် အတွင်းရှိ စေတနာရှင်အခမဲ့ဆေးခန်းမှ အရေးကြီး လူနာဖြစ်သော ထန်းတပင် ကျေးရွာမှ ဒေါ်မုန်းအား ငွေကျပ် ၇ဝဝဝဝ၊ မျက်လုံးဒဏ်ရာနှင့် လက်ကျိုး ဒဏ်ရာ များရရှိကြသူ ဦးထွန်း ဝင်း၊ ဒေါ်အုန်းခင်၊ ဒေါ်တင်ရီတို့ အား ကျပ်၃ဝဝဝဝစီ၊ မျက်နှာနှင့် ဦးခေါင်းဒဏ်ရာပြင်းထန်၍ သေဆုံး ခဲ့သော ဒေါ်မငွေ၊ ဦးမျိုးသန့်၊ ဒေါ်သီတာမိသားစုတို့အား ကျပ် ၅ဝဝဝဝစီနှင့် ကျန်လူနာ ၁၈ဦးတို့ အား အသီးသီး ထောက်ပံ့လှူဒါန်း ငွေစုစုပေါင်းကျပ် ၅၃ဝဝဝဝ ပေး အပ်ခဲ့သည်။

ဆက်လက်ပြီး ထန်းတပင် ကျေးရွာအနီးရှိ သာသနာ့ရွှေသစ် ပင် ဆရာတော် တိဏ္ဏောဘာသနှင့် ဒါယကာများမှလည်း စုပေါင်းပြီး ငွေကျပ်၁ဝသိန်း၊ မိုးညှင်းမြို့ ဇီဝက ဆေးခန်းဒေါက်တာမောင်မောင်လေး နှင့်ဒေါ်ခင်ဝေမိသားစုတို့မှ ကျပ် ၁၄ဝဝဝဝ ထပ်မံပေးအပ်လှူဒါန်းခဲ့ သည်။

The Union Daily

No comments:

Post a Comment