Monday, February 24, 2014

မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရေး ဆန္ဒခံယူပွဲ ပထမဆုံးအကြိမ်အဖြစ် နေပြည်တော်ကောင်စီ ဥပ္ပါတသန္တိစေတီတော်၌ ပြုလုပ်

Photo: မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရေး ဆန္ဒခံယူပွဲ ပထမဆုံးအကြိမ်အဖြစ် နေပြည်တော်ကောင်စီ ဥပ္ပါတသန္တိစေတီတော်၌ ပြုလုပ်
Monday,February 24, 2014

မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရေး အသိပညာပေး ဟောပြောပွဲနှင့် လူထု ဆန္ဒရယူပွဲကို ပထမဆုံးအကြိမ်အဖြစ် ဖေဖော်ဝါရီ ၂၃ ရက်က နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်၏ တပေါင်းကွင်းရင်ပြင်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲကို မြန်မာနိုင်ငံလုံးဆိုင်ရာ ၀ံသာနုရက္ခိတအဖွဲ့မှ ဦးစီးပြု လုပ်ခြင်းဖြစ်ပြီး လူဦးရေတစ်သောင်းကျော် တက်ရောက်ခဲ့ကာ တက်ရောက် လာသူအားလုံးက လက်မှတ်ရေးထိုး၍ ထောက်ခံဆန္ဒမဲပေးခဲ့ကြောင်း သိရသည်။

အဆိုပါဥပဒေ ပြဋ္ဌာန်းနိုင်ရေးအတွက် လူဦးရေ သုံးသန်းကျော် လက်မှတ်ရေးထိုးပြီး လွှတ်တော်သို့ တင်ပြထားပြီး ဖြစ်သော်လည်း ယနေ့အချိန်အထိ ဆွေးနွေးခြင်းပင် မရှိသေးသဖြင့် လွှတ်တော်အားတိုက်တွန်းခြင်း၊ မျိုးစောင့်ဥပဒေ လှုပ်ရှားသူများအား နိုင်ငံရေးပါတီအချို့မှ အထင်အမြင် လွဲနေခြင်းတို့ကြောင့် ထိုသို့နားလည်မှု လွဲနေသည်ကို ပြန်လည်စေ့စပ်ပေးလို၍ ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဓမ္မစက္ကဦးမောင်မောင်က ပြောကြားသည်။

“ဒီမျိုးစောင့်ဥပဒေဟာ ရှင်းရှင်းပြောရင် ကိုယ့်တိုင်းရင်းသား၊ ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံက ကိုယ့်တိုင်းရင်းသူလေးတွေကို စောင့်ရှောက်ဖို့ဖြစ်ပါတယ်။ ဒါဟာ ရှိကိုရှိရမယ့် ဥပဒေ၊ နိုင်ငံတိုင်း၊ ဘာသာတိုင်းမှာရှိတယ်။ မွတ်ဆလင်ဆိုရင် လူမျိုးခြားနဲ့ အိမ်ထောင်ပြုရင် တရားမ၀င်ဘူးလို့ထိ ပြောထားတာ။ ဒီလို ဥပဒေကြီးတွေနဲ့ သူတို့ဘာသာမှာ ရှိနေတယ်။ ကျွန်တော်တို့ဆီမှာရှိတဲ့ ၁၉၅၄ ခုနှစ်၊ ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေမှာကျတော့ ၁၄ နှစ် မြန်မာမိန်းကလေးတစ်ယောက် လူမျိုးခြား၊ ဘာသာခြား၊ အသက်အရွယ်မရွေးနဲ့ တရားဝင်လက်ထပ်ခွင့်ပြုထားတဲ့ စည်းကမ်းကို သတ်မှတ်ထားတဲ့အခါမှာ သူများဘာသာနဲ့ ယှဉ်လိုက်ရင် သိပ်ရှက်ဖို့ကောင်းပြီးတော့ အောက်တန်းနောက်တန်းကျပြီးတော့ ကိုယ့်ဘက်က ခံဘက်ချည်းဖြစ်နေတယ်။ ကျွန်တော်တို့က သူများကို စော်ကားတာ မဟုတ်ဘူး။ ကိုယ့်ဘာသာကို ကာကွယ်တာ။ ကာကွယ်ဖို့ ဥပဒေတစ်ခု ပေါ်ပေါက်ဖို့အတွက် ကျွန်တော်တို့က မေတ္တာရပ်ခံတာပါ” ဟု ၎င်းကဆိုသည်။

ယင်းဥပဒေသည် ဗုဒ္ဓဘာသာဝင် အမျိုးသမီးများသည် အခြားဘာသာဝင် တစ်ဦးနှင့် လက်ထပ်ခြင်းကို ကန့်သတ်ခြင်းမဟုတ်ဘဲ လက်ထပ်ပြီးစီးပါက စောင့်ထိန်းရမည့် စည်းမျဉ်းစည်းကမ်းများ၊ ဘာသာအတင်းအကျပ် ပြောင်းစေခြင်းများ မပြုလုပ်စေရန် ထိန်းကြောင်းရန်နှင့် အမျိုးသမီး အခွင့်အရေးများ မဆုံးရှုံးစေရန်အတွက်သာ ဖြစ်ကြောင်းလည်း ၎င်းကဆက်လက်ပြောကြားသည်။

အဆိုပါ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရေး အသိပညာပေး ဟောပြောပွဲနှင့် လူထုဆန္ဒရယူပွဲမှ သဘောထား ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ကြောင်းလည်း သိရသည်။

Eleven Media Group

နေပြည်တော်တွင် ပြုလုပ်သည့် မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရေး လူထုဆန္ဒ ရယူပွဲအား တွေ့ရစဉ်
နေပြည်တော်တွင် ပြုလုပ်သည့် မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရေး လူထုဆန္ဒ ရယူပွဲအား တွေ့ရစဉ်

မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရေး အသိပညာပေး ဟောပြောပွဲနှင့် လူထု ဆန္ဒရယူပွဲကို ပထမဆုံးအကြိမ်အဖြစ် ဖေဖော်ဝါရီ ၂၃ ရက်က နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်၏ တပေါင်းကွင်းရင်ပြင်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲကို မြန်မာနိုင်ငံလုံးဆိုင်ရာ ၀ံသာနုရက္ခိတအဖွဲ့မှ ဦးစီးပြု လုပ်ခြင်းဖြစ်ပြီး လူဦးရေတစ်သောင်းကျော် တက်ရောက်ခဲ့ကာ တက်ရောက် လာသူအားလုံးက လက်မှတ်ရေးထိုး၍ ထောက်ခံဆန္ဒမဲပေးခဲ့ကြောင်း သိရသည်။

အဆိုပါဥပဒေ ပြဋ္ဌာန်းနိုင်ရေးအတွက် လူဦးရေ သုံးသန်းကျော် လက်မှတ်ရေးထိုးပြီး လွှတ်တော်သို့ တင်ပြ ထားပြီး ဖြစ်သော်လည်း ယနေ့အချိန်အထိ ဆွေးနွေးခြင်းပင် မရှိသေးသဖြင့် လွှတ်တော်အားတိုက်တွန်းခြင်း၊ မျိုးစောင့်ဥပဒေ လှုပ်ရှားသူများအား နိုင်ငံရေးပါတီအချို့မှ အထင်အမြင် လွဲနေခြင်းတို့ကြောင့် ထိုသို့ နား လည် မှု လွဲနေသည်ကို ပြန်လည်စေ့စပ်ပေးလို၍ ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဓမ္မစက္ကဦးမောင်မောင်က ပြောကြားသည်။

“ဒီမျိုးစောင့်ဥပဒေဟာ ရှင်းရှင်းပြောရင် ကိုယ့်တိုင်းရင်းသား၊ ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံက ကိုယ့်တိုင်းရင်း သူလေးတွေကို စောင့်ရှောက်ဖို့ဖြစ်ပါတယ်။ ဒါဟာ ရှိကိုရှိရမယ့် ဥပဒေ၊ နိုင်ငံတိုင်း၊ ဘာသာတိုင်းမှာရှိတယ်။ မွတ်ဆလင်ဆိုရင် လူမျိုးခြားနဲ့ အိမ်ထောင်ပြုရင် တရားမ၀င်ဘူးလို့ထိ ပြောထားတာ။ ဒီလို ဥပဒေကြီးတွေနဲ့ သူတို့ဘာသာမှာ ရှိနေတယ်။ ကျွန်တော်တို့ဆီမှာရှိတဲ့ ၁၉၅၄ ခုနှစ်၊ ဗုဒ္ဓဘာသာဝင် မိန်းမများ အထူး ထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေမှာကျတော့ ၁၄ နှစ် မြန်မာမိန်းကလေးတစ်ယောက် လူမျိုးခြား၊ ဘာသာခြား၊ အသက်အရွယ်မရွေးနဲ့ တရားဝင်လက်ထပ်ခွင့်ပြုထားတဲ့ စည်းကမ်းကို သတ်မှတ် ထားတဲ့အခါမှာ သူများဘာသာနဲ့ ယှဉ်လိုက်ရင် သိပ်ရှက်ဖို့ကောင်းပြီးတော့ အောက်တန်းနောက်တန်း ကျပြီးတော့ ကိုယ့်ဘက်က ခံဘက်ချည်းဖြစ်နေတယ်။ ကျွန်တော်တို့က သူများကို စော်ကားတာ မဟုတ်ဘူး။ ကိုယ့်ဘာသာကို ကာကွယ်တာ။ ကာကွယ်ဖို့ ဥပဒေတစ်ခု ပေါ်ပေါက်ဖို့အတွက် ကျွန်တော်တို့က မေတ္တာ ရပ်ခံတာပါ” ဟု ၎င်းကဆိုသည်။

ယင်းဥပဒေသည် ဗုဒ္ဓဘာသာဝင် အမျိုးသမီးများသည် အခြားဘာသာဝင် တစ်ဦးနှင့် လက်ထပ်ခြင်းကို ကန့်သတ်ခြင်းမဟုတ်ဘဲ လက်ထပ်ပြီးစီးပါက စောင့်ထိန်းရမည့် စည်းမျဉ်းစည်းကမ်းများ၊ ဘာသာအတင်း အကျပ် ပြောင်းစေခြင်းများ မပြုလုပ်စေရန် ထိန်းကြောင်းရန်နှင့် အမျိုးသမီး အခွင့်အရေးများ မဆုံးရှုံးစေရန် အတွက်သာ ဖြစ်ကြောင်းလည်း ၎င်းကဆက်လက်ပြောကြားသည်။

အဆိုပါ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရေး အသိပညာပေး ဟောပြောပွဲနှင့် လူထုဆန္ဒရယူပွဲမှ သဘောထား ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ကြောင်းလည်း သိရသည်။

No comments:

Post a Comment