Wednesday, February 19, 2014

သူရဦးရွှေမန်း၏အခြေခံဥပဒေပြင်ဆင်ရေးမူများကိုကြိုဆို

Photo: သူရဦးရွှေမန်း၏အခြေခံဥပဒေပြင်ဆင်ရေးမူများကိုကြိုဆို
Wednesday, February 19, 2014

ပြည်ထောင်စုလွှတ်တော်နာယကသူရဦးရွှေမန်း ယနေ့ချမှတ်ပေးလိုက်သော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု လုပ်ငန်းဆိုင်ရာ အခြေခံမူများနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်အချို့နှင့် ပြင်ပရှိပုဂ္ဂိုလ်အချို့ကိုဆက်
သွယ်မေးမြန်းကြည့်ရာ ထောက်ခံကြိုဆို ကြကြောင်း ပြည်ထောင်စုနေ့စဉ်သို့ပြောသည်။

ယင်းအခြေခံမူငါးချက်တွင် ပြည်ထောင်စုလွှတ်တော်သို့တင်ပြ ပြီးဖြစ်သောဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးပူးပေါင်းကော် မတီ၏အစီရင်ခံစာနှင့်နောက်ဆက် တွဲပါအကြောင်းအရာများအပေါ် လေ့လာသုံးသပ်မှုအရ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီ ကို လမ်းညွှန်ချက်ချထားပေးခြင်း၊ တပ်မတော်၏အခန်းကဏ္ဍကို ဒီမို ကရေစီဘောင်အတွင်းရောက်ရှိစေ နိုင်သည့်နည်းလမ်းများကိုသုံးသပ် ခြင်း၊ တိုင်းရင်းသားမျိုးနွယ်စုများ အကြား အမျိုးသားစည်းလုံးညီ ညွတ်မှု တည်ဆောက်နိုင်ခြင်းဖြင့် ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင် မှုအပေါ်အခြေခံခြင်း စသည်တို့ကို ဖော်ပြထားကြောင်းတွေ့ရသည်။
''ကျွန်တော်တို့က ကြိုဆိုပါ တယ်။ လမ်းညွှန်ချက်ပေးတော့ ပိုပြီးလုပ်ရကိုင်ရကောင်းသွားပါ တယ်။ Time Frame လုပ်ပေးတော့ ပိုကောင်းတာပေါ့၊ လာမယ့်ရွေး ကောက်ပွဲကဖွဲ့စည်းပုံပြင်ပြီးမှ ပို ကောင်းမယ်။အဲဒါကြောင့် ခြောက် လအလိုဆိုတာ Referendum (ဆန္ဒ ခံယူပွဲ) အပြီးလို့ယူဆပါတယ်''ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် နိုင်ရေးအကောင်အထည်ဖော်မှု ကော်မတီ၏လုပ်ငန်းစဉ်များ လွှတ် တော်သို့တင်ပြဆွေးနွေးလာပါက ပါဝင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ကပြောသည်။

''ပြည်ထောင်စုလွှတ်တော်ရဲ့ အခန်းကဏ္ဍမြင့်မားဖို့ဆိုပြီး ပြော ထားတယ်။ ဒါကတော့ ကျွန်တော် တို့ ရည်မှန်းချက်နဲ့ ထပ်တူပါပဲ။ ပြည်သူကရွေးချယ်တင်မြှောက် ထားတဲ့ လွှတ်တော်ကိုယ်စားလှယ် တွေဟာအရေးကြီးဆုံးအခန်းကဏ္ဍ မှာရှိနေရမယ်''ဟု ၈၈မျိုးဆက် (ငြိမ်း/ပွင့်)မှကိုဂျင်မီကပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် နိုင်ရေးအတွက်၂ဝ၁၅ရွေးကောက် ပွဲမကျင်းပမီ ပြင်ဆင်သင့်သည့် အကြောင်းအရာများကိုဥပဒေပြု၍ ပြင်ဆင်ပြီးဖြစ်အောင် လုပ်ငန်းအစီ အစဉ်ပြအချိန်ဇယားသတ်မှတ် ဆောင်ရွက်ရန် ဖော်ပြချက်နှင့် ပတ် သက်၍မည်သည့်အတိုင်းအတာထိ ပြင်ဆင်နိုင်သည်မှာ အရေးကြီးဆုံး အချက်တစ်ချက်ဖြစ်ကြောင်း ၄င်း ကဆက်လက်ပြောကြားသည်။

''ကျွန်မတို့တိုင်းရင်းသားတွေ အနေနဲ့ ဒါကိုကြိုဆိုတယ်။ ဖြစ် သင့်တယ်လို့ယူဆတယ်။ နိုင်ငံရေး အနာဂတ်ကောင်းသွားဖို့ လုပ်တာပဲ လို့ယုံကြည်တယ်။ လက်ရှိနိုင်ငံရေး အခင်းအကျင်းက သမ္မတတစ်ဦး တည်းအုပ်ချုပ်တဲ့သဘော သက် ရောက်နေတယ်။ လက်ရှိသမ္မတက ထိန်းသိမ်းချင်တဲ့စိတ်ရှိလို့ ပြဿနာ မရှိပေမယ့် ၂ဝ၁၅ ကျော်လွန်သွား ရင် ဘယ်သူသမ္မတဖြစ်ပြီး ဘာ တွေဆက်ဖြစ်မယ်လို့ မပြောတတ် သေးဘူး။ အဲ့ဒီနေရာမှာ ဆက်ပြီး အခုလိုအာဏာပေးထားရင် ကျွန်မ တို့နိုင်ငံက အာဏာရှင်ပုံစံဖြစ်သွား မယ်လို့ မြင်တယ်ပေါ့။ ကော်မတီ လုပ်ငန်းဆိုင်ရာအခြေခံမူမှာ 'တိုင်း ရင်းသားမျိုးနွယ်စုများအကြား ယုံကြည်မှုခိုင်မာသောအမျိုးသား စည်းလုံးညီညွတ်မှုကိုတည်ဆောက် နိုင်ခြင်းဖြင့် ထာဝရငြိမ်းချမ်းရေး ကို ဖော်ဆောင်ရေး'တို့၊ ဗဟိုဦးစီး စနစ်များလွန်းနေသည့်ကိစ္စရပ်များ လျှော့ချရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် တန်းတူ ညီမျှအခွင့်အရေးရရှိရေးတို့နှင့် စပ်လျဉ်း၍ လိုအပ်ပါကပြင်ဆင် နိုင်ရန် လေ့လာသုံးသပ်ခြင်းဆို တော့ ဗဟိုချုပ်ကိုင်မှုတွေ လျော့ နည်းသွားတယ်ဆိုတော့ ကျွန်မတို့ နိုင်ငံအတွက် အလားအလာ ကောင်းလာနိုင်တယ်လို့ကျွန်မတော့ မြင်တယ်လေ။ ဒါတွေကိုကြိုလဲ ကြိုဆိုတယ်။ ထောက်လဲထောက်ခံ တယ်''
''နာယကကနေပြီးဒီအခြေခံမူ ချဖို့အတွက် ကျွန်မတို့ ပါတီစုံတွေ ပေါ့။ ဘယ်ပါတီက ဘာတွေကို ပြောင်းလဲချင်သလဲ။ ဘာတွေကို ပြောင်းလဲလိုသလဲပေါ့။ အဲဒါတွေ ကိုလဲ ပြီးခဲ့တဲ့လွှတ်တော်ကတည်း က ကျွန်မတို့တင်ပြီးသားဖြစ်နေ တယ်။ အဲ့ဒီပါတီစုံက ဖြစ်ချင်တဲ့ ဆန္ဒတွေရယ်၊ ပြည်သူတွေရဲ့ အသံ တွေရယ်အပေါ်မှာ နာယကက ပြန်ပြီးသုံးသပ်တယ်လို့ ကျွန်မ ယုံကြည်တယ်''ဟုရေးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဒေါ်မိမြင့်သန်းကပြောသည်။

The Union Daily
ပြည်ထောင်စုလွှတ်တော်နာယကသူရဦးရွှေမန်း ယနေ့ချမှတ်ပေးလိုက်သော ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်နိုင်ရေး အကောင်အထည်ဖော်မှု လုပ်ငန်းဆိုင်ရာ အခြေခံမူများနှင့်ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ်အချို့နှင့် ပြင်ပရှိပုဂ္ဂိုလ်အချို့ကို ဆက်သွယ်မေးမြန်းကြည့်ရာ ထောက်ခံကြိုဆို ကြကြောင်း ပြည်ထောင်စုနေ့စဉ်သို့ပြောသည်။


ယင်းအခြေခံမူငါးချက်တွင် ပြည်ထောင်စုလွှတ်တော်သို့တင်ပြ ပြီးဖြစ်သောဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးပူးပေါင်းကော် မတီ၏အစီရင်ခံစာနှင့်နောက်ဆက် တွဲပါအကြောင်းအရာများအပေါ် လေ့လာသုံးသပ်မှုအရ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီ ကို လမ်းညွှန် ချက်ချထားပေးခြင်း၊ တပ်မတော်၏အခန်းကဏ္ဍကို ဒီမို ကရေစီဘောင်အတွင်းရောက်ရှိစေ နိုင်သည့်နည်းလမ်းများကိုသုံးသပ် ခြင်း၊ တိုင်းရင်းသားမျိုးနွယ်စုများ အကြား အမျိုးသားစည်းလုံးညီ ညွတ်မှု တည်ဆောက်နိုင်ခြင်းဖြင့် ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင် မှုအပေါ်အခြေခံခြင်း စသည်တို့ကို ဖော်ပြထားကြောင်းတွေ့ရသည်။

''ကျွန်တော်တို့က ကြိုဆိုပါ တယ်။ လမ်းညွှန်ချက်ပေးတော့ ပိုပြီးလုပ်ရကိုင်ရကောင်းသွားပါ တယ်။ Time Frame လုပ်ပေးတော့ ပိုကောင်းတာပေါ့၊ လာမယ့်ရွေး ကောက်ပွဲကဖွဲ့စည်းပုံပြင်ပြီးမှ ပို ကောင်းမယ်။အဲဒါကြောင့် ခြောက် လအလိုဆိုတာ Referendum (ဆန္ဒ ခံယူပွဲ) အပြီးလို့ယူဆပါတယ်''ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် နိုင်ရေးအကောင်အထည်ဖော်မှု ကော်မတီ၏လုပ်ငန်းစဉ်များ လွှတ် တော်သို့တင်ပြဆွေးနွေးလာပါက ပါဝင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ကပြောသည်။

''ပြည်ထောင်စုလွှတ်တော်ရဲ့ အခန်းကဏ္ဍမြင့်မားဖို့ဆိုပြီး ပြော ထားတယ်။ ဒါကတော့ ကျွန်တော် တို့ ရည်မှန်းချက်နဲ့ ထပ်တူပါပဲ။ ပြည်သူကရွေးချယ်တင်မြှောက် ထားတဲ့ လွှတ်တော်ကိုယ်စားလှယ် တွေဟာအရေးကြီးဆုံးအခန်းကဏ္ဍ မှာရှိနေရမယ်''ဟု ၈၈မျိုးဆက် (ငြိမ်း/ပွင့်)မှကိုဂျင်မီကပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် နိုင်ရေးအတွက်၂ဝ၁၅ရွေးကောက် ပွဲမကျင်းပမီ ပြင်ဆင်သင့်သည့် အကြောင်းအရာများကိုဥပဒေပြု၍ ပြင်ဆင်ပြီးဖြစ်အောင် လုပ်ငန်းအစီ အစဉ်ပြအချိန်ဇယားသတ်မှတ် ဆောင်ရွက်ရန် ဖော်ပြချက်နှင့် ပတ် သက်၍မည်သည့်အတိုင်းအတာထိ ပြင်ဆင်နိုင်သည်မှာ အရေးကြီးဆုံး အချက်တစ်ချက်ဖြစ်ကြောင်း ၄င်း ကဆက်လက်ပြောကြားသည်။

''ကျွန်မတို့တိုင်းရင်းသားတွေ အနေနဲ့ ဒါကိုကြိုဆိုတယ်။ ဖြစ် သင့်တယ်လို့ယူဆတယ်။ နိုင်ငံရေး အနာဂတ်ကောင်းသွားဖို့ လုပ်တာပဲ လို့ယုံကြည်တယ်။ လက်ရှိနိုင်ငံရေး အခင်းအကျင်းက သမ္မတတစ်ဦး တည်းအုပ်ချုပ်တဲ့သဘော သက် ရောက်နေတယ်။ လက်ရှိသမ္မတက ထိန်းသိမ်းချင်တဲ့စိတ်ရှိလို့ ပြဿနာ မရှိပေမယ့် ၂ဝ၁၅ ကျော်လွန်သွား ရင် ဘယ်သူသမ္မတဖြစ်ပြီး ဘာ တွေဆက်ဖြစ်မယ်လို့ မပြောတတ် သေးဘူး။ အဲ့ဒီနေရာမှာ ဆက်ပြီး အခုလိုအာဏာပေးထားရင် ကျွန်မ တို့နိုင်ငံက အာဏာရှင်ပုံစံဖြစ်သွား မယ်လို့ မြင်တယ်ပေါ့။ ကော်မတီ လုပ်ငန်းဆိုင်ရာအခြေခံမူမှာ 'တိုင်း ရင်းသားမျိုးနွယ်စုများအကြား ယုံကြည်မှုခိုင်မာသောအမျိုးသား စည်းလုံးညီညွတ်မှုကိုတည်ဆောက် နိုင်ခြင်းဖြင့် ထာဝရငြိမ်းချမ်းရေး ကို ဖော်ဆောင်ရေး'တို့၊ ဗဟိုဦးစီး စနစ်များလွန်းနေသည့်ကိစ္စရပ်များ လျှော့ချရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် တန်းတူ ညီမျှအခွင့်အရေးရရှိရေးတို့နှင့် စပ်လျဉ်း၍ လိုအပ်ပါကပြင်ဆင် နိုင်ရန် လေ့လာသုံးသပ်ခြင်းဆို တော့ ဗဟိုချုပ်ကိုင်မှုတွေ လျော့ နည်းသွားတယ်ဆိုတော့ ကျွန်မတို့ နိုင်ငံအတွက် အလားအလာ ကောင်းလာနိုင်တယ်လို့ကျွန်မတော့ မြင်တယ်လေ။ ဒါတွေကိုကြိုလဲ ကြိုဆိုတယ်။ ထောက်လဲထောက်ခံ တယ်''

''နာယကကနေပြီးဒီအခြေခံမူ ချဖို့အတွက် ကျွန်မတို့ ပါတီစုံတွေ ပေါ့။ ဘယ်ပါတီက ဘာတွေကို ပြောင်းလဲချင်သလဲ။ ဘာတွေကို ပြောင်းလဲလိုသလဲပေါ့။ အဲဒါတွေ ကိုလဲ ပြီးခဲ့တဲ့လွှတ်တော်ကတည်း က ကျွန်မတို့တင်ပြီးသားဖြစ်နေ တယ်။ အဲ့ဒီပါတီစုံက ဖြစ်ချင်တဲ့ ဆန္ဒတွေရယ်၊ ပြည်သူတွေရဲ့ အသံ တွေရယ်အပေါ်မှာ နာယကက ပြန်ပြီးသုံးသပ်တယ်လို့ ကျွန်မ ယုံကြည်တယ်''ဟုရေးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဒေါ်မိမြင့်သန်းကပြောသည်။

The Union Daily

No comments:

Post a Comment