Monday, February 17, 2014

စွန်အလှပြိုင်ပွဲတွင် စွန်ပြုလုပ်စရိတ် ထောက်ပံ့ပေးမည်

အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရိုးရာအားကစားအဖွဲ့ချုပ်တို့မှ ကြီးမှူးကျင်းပမည့် ဒသမ အကြိမ်မြောက် မြန်မာ့ရိုးရာစွန်အလှပြိုင်ပွဲတွင် စွန်ပညာရှင်များကို စွန်ပြုလုပ်စရိတ်ထောက်ပံ့ပေးမည်ဟု ရိုးရာအားကစား အဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး မသက်သက်မာက မဇ္ဈိမသို့ ပြောသည်။ ပြိုင်ပွဲတွင် မြန်မာ့ရိုးရာစွန်အလှပြိုင် ပွဲနှင့် စွန်ဖြတ်ပြိုင်ပွဲ အမျိုးအစားနှစ်ခု ပါဝင်မည်ဖြစ်သည်။


မသက်သက်မာက “စွန်အလှပြိုင်မယ့် ပညာရှင်တွေ စွန်ဝါသနာရှင်တွေကို ကျွန်မတို့က စွန်ပြုလုပ်စရိတ် ဆိုတာ ရှိတယ်။ စွန်ပြုလုပ်စရိတ်ကို ထောက်ပံ့ပေးမယ်။ အတိုင်းအတာ တစ်ခုထိပေါ့။ စွန်တစ်ခုကို တစ် သောင်းနဲ့လည်း လုပ်လို့ရတယ်။ နှစ်သောင်းနဲ့လည်း လုပ်လို့ရတယ်။တစ်သိန်းတန်လည်း လုပ်လို့ရတယ် ပေါ့နော်။ စွန်ရဲ့တန်ကြေးနဲ့ပတ်သက်ပြီး အတိုင်းအတာတစ်ခုထိ သင့်လျော်တဲ့နှုန်းထားနဲ့ ထောက်ပံ့ပေးဖို့ ရှိပါ တယ်” ဟု ပြောသည်။ ၂၀၁၃ စွန်ဖြတ်ပြိုင်ပွဲ၌ ကစားသမား ၂၀၀ နီးပါးဝင်ပြိုင်ခဲ့သော်လည်း စွန် အလှပြိုင် ပွဲ ၌ ၁၀ သင်းသာ ယှဉ်ပြိုင်ခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment