Tuesday, February 25, 2014

မကွေးတိုင်းဒေသကြီး၊တောင်တွင်းကြီးမြို့မီးလောင်မှုသတင်း သို့မဟုတ် မြို့လည်ခေါင်မှထ၍ပေါက်ကွဲသောမိုင်းဗုံးကြီး

Photo: မကွေးတိုင်းဒေသကြီး၊တောင်တွင်းကြီးမြို့မီးလောင်မှုသတင်း သို့မဟုတ်
မြို့လည်ခေါင်မှထ၍ပေါက်ကွဲသောမိုင်းဗုံးကြီး
Tuesday, February 25, 2014

မကွေးတိုင်းဒေသကြီး၊တောင်တွင်းကြီးမြို့
မြို့လယ်ခေါင်ရပ်ကွက်ဖြစ်သောရွှေကြာအင်း၂ ရပ်
ကွက် ၁ လမ်း တွင် ယနေ့ ၂၄:၊၂၊၂၀၁၄ နေ့ညနေ
၃း၃၀နာရီအချိန်ကဝါဝါဝင်းပုဂ္ဂလိကစက်သုံးဆီအရောင်း
ဆိုင်(ပန့်ဆိုင်)မှစက်သုံးဆီထဲ့နေစဉ်မီးလောင်မှုဖြစ်ပွား
ခဲ့သည်။

မီးလောင်လျှင်လောင်ခြင်းမြို့နယ်မီးသတ်နှင
ရပ်ကွက်၁၀ရပ်ကွက်မှမီးသတ်ကား၁၀စီးခန့်နှင့်မီးသတ်
တပ်ဖွဲ့ဝင်များ၊ပြည်သူလူထုများ၏စွမ်းစွမ်းတမံငြိမ်းသတ်
နိုင်မှုကြောင့်ညနေ ၄း၀၀ နာရီအချိန်ခန့်တွင်မီးညွန့်
ကျိုးသွားပြီးညနေ၆း၃၀နာရီခန့်တွင်လုံးဝငြိမ်းသတ်နိုင်
ခဲ့သည်။

မီးလောင်မှုနှင့်ပါတ်သက်ပြီးမြို့လည်ခေါင်တည့်
တည့်လူနေရပ်ကွက်အတွင်းစက်သုံးဆီပန့်ဆိုင်ထောင်
ပြီးရောင်းချလျှက်ရှိသောဝိသမလောဘသားစီးပွားရေး
သမားနှင့်ခွင့်ပြုထားသောမြို့နယ်အာဏာပိုင်များကြောင့်
တမြို့လုံးမီးလောင်ခံရမည့်ဘေးမှကယ်တင်နိုင်ရေးအတွက်
မိမိအသက်ကိုပဓာနမထားပဲဆီလှောင်ကန်၊ဆီပေပါ
များအကြားသက်စွန့်ဆံဖြာ့း်ငြိမ်းသတ်ပေးခဲ့သောမီးသတ်
ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်လူငယ်များကိုအထူးကျေး
ဇူးတင်ချီးကျူးနေကြကြောင်းသတင်းရရှိသည်။
မီးလောင်ကျွမ်းမှုကြောင်မီးငြိမ်းသတ်သူအချို့
ထိခိုက်ဒဏ်ရာရမှုများရှိခဲ့သော်လည်းလူသေဆုံးမှုမရှိ
ခဲ့ပါ။

တောင်တွင်းကြီးမြို့သည်၁၉၈၁ ခုနှစ်ကလည်း
အုန်းတော ၁ ရပ်ကွက်မှစတင်လောင်ကျွမ်းခဲ့သော
မီးကြောင့်တမြို့လုံးနီးပါးမီးလောင်ကျွမ်းခံခဲ့ရဘူးကြောင်း
သိရှိရသည်။

မြို့သူမြို့သားများအနေနှင့်နောက်ထပ်မိုင်းဗုံး
ကြီးတခုဖြစ်သောနယူးဒေး စက်သုံးဆီအရောင်းဆိုင်
ကိုမြို့ပြင်သို့ရွေ့ပေးရန်ဆန္နရှိနေကြောင်းသိရှိရသည်။

Monywa Times
မကွေးတိုင်းဒေသကြီး၊တောင်တွင်းကြီးမြို့ မြို့လယ်ခေါင်ရပ်ကွက်ဖြစ်သောရွှေကြာအင်း၂ ရပ် ကွက် ၁ လမ်း တွင် ယနေ့ ၂၄:၊၂၊၂၀၁၄ နေ့ညနေ၃း၃၀နာရီအချိန်ကဝါဝါဝင်းပုဂ္ဂလိကစက်သုံးဆီအရောင်း ဆိုင်(ပန့်ဆိုင်)မှစက်သုံးဆီထဲ့နေစဉ်မီးလောင်မှုဖြစ်ပွားခဲ့သည်။

မီးလောင်လျှင်လောင်ခြင်းမြို့နယ်မီးသတ်နှငရပ်ကွက်၁၀ရပ်ကွက်မှမီးသတ်ကား၁၀စီးခန့်နှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ပြည်သူလူထုများ၏စွမ်းစွမ်းတမံငြိမ်းသတ်
နိုင်မှုကြောင့်ညနေ ၄း၀၀ နာရီအချိန်ခန့်တွင်မီးညွန့်ကျိုးသွားပြီးညနေ၆း၃၀နာရီခန့်တွင်လုံးဝငြိမ်းသတ်နိုင် ခဲ့သည်။

မီးလောင်မှုနှင့်ပါတ်သက်ပြီးမြို့လည်ခေါင်တည့်တည့်လူနေရပ်ကွက်အတွင်းစက်သုံးဆီပန့်ဆိုင်ထောင်ပြီးရောင်းချလျှက်ရှိသောဝိသမလောဘသားစီးပွားရေးသမားနှင့်ခွင့်ပြုထားသောမြို့နယ်အာဏာပိုင်များကြောင့်
တမြို့လုံးမီးလောင်ခံရမည့်ဘေးမှကယ်တင်နိုင်ရေးအတွက်မိမိအသက်ကိုပဓာနမထားပဲဆီလှောင်ကန်၊ဆီပေပါ
များအကြားသက်စွန့်ဆံဖြာ့း်ငြိမ်းသတ်ပေးခဲ့သောမီးသတ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်လူငယ်များကိုအထူးကျေး
ဇူးတင်ချီးကျူးနေကြကြောင်းသတင်းရရှိသည်။မီးလောင်ကျွမ်းမှုကြောင်မီးငြိမ်းသတ်သူအချို့ထိခိုက်ဒဏ်ရာရမှုများရှိခဲ့သော်လည်းလူသေဆုံးမှုမရှိ
ခဲ့ပါ။

တောင်တွင်းကြီးမြို့သည်၁၉၈၁ ခုနှစ်ကလည်းအုန်းတော ၁ ရပ်ကွက်မှစတင်လောင်ကျွမ်းခဲ့သော
မီးကြောင့်တမြို့လုံးနီးပါးမီးလောင်ကျွမ်းခံခဲ့ရဘူးကြောင်းသိရှိရသည်။မြို့သူမြို့သားများအနေနှင့်နောက်ထပ်မိုင်းဗုံး
ကြီးတခုဖြစ်သောနယူးဒေး စက်သုံးဆီအရောင်းဆိုင်ကိုမြို့ပြင်သို့ရွေ့ပေးရန်ဆန္နရှိနေကြောင်းသိရှိရသည်။

Monywa Times

No comments:

Post a Comment