Thursday, February 13, 2014

ဗိုလ်ချုပ်အောင်ဆန်း ၉၉ နှစ်မြောက်မွေးနေ့ အခမ်းအနား ကျင်းပမည်

Photo: ဗိုလ်ချုပ်အောင်ဆန်း ၉၉ နှစ်မြောက်မွေးနေ့ အခမ်းအနား ကျင်းပမည်

ရန်ကုန်၊ ဖေဖောဝါရီ ၁၂

တပ်မတော်ဖခင် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျရောက်မည့် ၉၉ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် အခမ်းအနားများကို ရန်ကုန်မြို့တော်နှင့် မန္တလေးမြို့တော်တို့တွင် ကျင်းပရန် စီစဉ်ထားကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့် အခမ်းအနား စီစဉ်သူများထံမှ သိရသည်။

ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ်အဖြစ် ရွှေဂုံတိုင်ရှိ NLD ပါတီရုံးချုပ်တွင် အခမ်းအနား ကျင်းပမည် ဖြစ်ကြောင်း၊ ယင်းအခမ်းအနားသို့ ဗိုလ်ချုပ်၏ သမီးထွေးဖြစ်သူ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်နိုင်သော်လည်း အသံဖိုင် ပေးပို့ထားကြောင်း NLD မှ ဒေါ်အေးအေးမာက ပြောကြားသည်။
“ကလေးတွေအတွက် ပန်းချီပြိုင်ပွဲနဲ့ ပျော်ပွဲရွှင်ပွဲတွေ လုပ်မယ်၊ ပြီးရင် အခမ်းအနားကို ၁၂ နာရီမှာစပြီး ဘဘဦးတင်ဦး မိန့်ခွန်းပြောပါမယ်” ဟု ၎င်းကရှင်းပြသည်။

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ရွှေဘုန်းရှိန်ရပ်ကွက် NLD ရုံးနှင့် ရဲမွန်တောင် ရပ်ကွက်ရှိ ကံတက်ကုန်း မစိုးရိမ် ကျောင်းတိုက်တို့တွင် ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ်အဖြစ် ပဲပြုတ်နှင့် နံပြား လှူဒါန်း ကျွေးမွေးရန် အစီအစဉ် ရှိကြောင်း အဆိုပါ ဘုန်းတော်ကြီး ကျောင်းတိုက်နှင့် NLD ထံမှ သိရသည်။

အလားတူ မန္တလေးမြို့တွင်လည်း ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်အကြောင်း သီကုံးထားသည့် ကဗျာများ ရွတ်ဆိုခြင်း၊ ကဗျာစာအုပ်များ ဈေးလျှော့ရောင်းချပေးခြင်း စသည်တို့ကို ၃၄ လမ်း ၈၀x၈၁ လမ်းကြားရှိ သီရိ ပန်းချီပြခန်းတွင် ကျင်းပမည် ဖြစ်ကြောင်း အခမ်းအနား စီစဉ်သူများက ပြောဆိုသည်။

ထို့အပြင် မန္တလေးမြို့မှ မြင့်မြတ် ဧရာဝတီ လူမှုကွန်ရက်က ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် သွေးလှူဒါန်းပွဲ ကျင်းပမည် ဖြစ်ပြီး ယခုအကြိမ်မှာ လေးကြိမ်မြောက် ဖြစ်ကြောင်း အဆိုပါ ကွန်ရက်ထံမှ သိရသည်။

၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက် စနေနေ့တွင် နတ်မောက်မြို့ အဖရှေ့နေကြီး ဦးဖာနှင့် မိခင်ဒေါ်စုတို့က မွေးဖွားသော မောင်ထိန်လင်းခေါ် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်တေဇခေါ် ဗိုလ်ချုပ်အောင်ဆန်းသည် ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ၂၀၁၄ ခုနှစ်တွင် အသက် ၉၉ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သော်လည်း ၁၉၄၇ ဇူလိုင်လတွင် လုပ်ကြံ သတ်ဖြတ်ခံခဲ့ရသဖြင့် လူ့လောကတွင် ၃၂ နှစ်သာ အသက်ရှင် နေထိုင်နိုင်ခဲ့သည်။
တပ်မတော်ဖခင် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျရောက်မည့် ၉၉ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် အခမ်းအနားများကို ရန်ကုန်မြို့တော်နှင့် မန္တလေးမြို့တော်တို့တွင် ကျင်းပရန် စီစဉ်ထားကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့် အခမ်းအနား စီစဉ်သူများထံမှ သိရသည်။

ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ်အဖြစ် ရွှေဂုံတိုင်ရှိ NLD ပါတီရုံးချုပ်တွင် အခမ်းအနားကျင်းပမည်ဖြစ်ကြော င်း၊ ယင်းအခမ်းအနားသို့ ဗိုလ်ချုပ်၏ သမီးထွေးဖြစ်သူ ပါတီဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည် မတက်ရောက်နိုင်သော်လည်း အသံဖိုင် ပေးပို့ထားကြောင်း NLD မှ ဒေါ်အေးအေးမာက ပြောကြားသည်။ “ကလေးတွေအတွက် ပန်းချီပြိုင်ပွဲနဲ့ ပျော်ပွဲရွှင်ပွဲတွေ လုပ်မယ်၊ ပြီးရင် အခမ်းအနားကို ၁၂ နာရီမှာစပြီး ဘဘဦးတင်ဦး မိန့်ခွန်းပြောပါမယ်” ဟု ၎င်းကရှင်းပြသည်။

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ရွှေဘုန်းရှိန်ရပ်ကွက် NLD ရုံးနှင့် ရဲမွန်တောင် ရပ်ကွက်ရှိ ကံတက်ကုန်း မစိုးရိမ် ကျောင်းတိုက်တို့တွင် ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ်အဖြစ် ပဲပြုတ်နှင့် နံပြား လှူဒါန်း ကျွေးမွေးရန် အစီအစဉ် ရှိကြောင်း အဆိုပါ ဘုန်းတော်ကြီး ကျောင်းတိုက်နှင့် NLD ထံမှ သိရသည်။

အလားတူ မန္တလေးမြို့တွင်လည်း ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်အကြောင်း သီကုံးထားသည့် ကဗျာများ ရွတ်ဆိုခြင်း၊ ကဗျာစာအုပ်များ ဈေးလျှော့ရောင်းချပေးခြင်း စသည်တို့ကို ၃၄ လမ်း ၈၀x၈၁ လမ်းကြားရှိ သီရိ ပန်းချီပြခန်းတွင် ကျင်းပမည် ဖြစ်ကြောင်း အခမ်းအနား စီစဉ်သူများ က ပြောဆိုသည်။

ထို့အပြင် မန္တလေးမြို့မှ မြင့်မြတ် ဧရာဝတီ လူမှုကွန်ရက်က ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ် အဖြစ် ဖေဖော် ဝါရီလ ၁၃ ရက်နေ့တွင် သွေးလှူဒါန်းပွဲ ကျင်းပမည် ဖြစ်ပြီး ယခုအကြိမ်မှာ လေး ကြိမ်မြောက် ဖြစ်ကြောင်း အဆိုပါ ကွန်ရက်ထံမှ သိရသည်။

၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက် စနေနေ့တွင် နတ်မောက်မြို့ အဖရှေ့နေကြီး ဦးဖာနှင့် မိခင်ဒေါ်စု တို့က မွေးဖွားသော မောင်ထိန်လင်းခေါ် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်တေဇခေါ် ဗိုလ်ချုပ်အောင်ဆန်းသည် ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ၂၀၁၄ ခုနှစ်တွင် အသက် ၉၉ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သော်လည်း ၁၉၄၇ ဇူလိုင်လတွင် လုပ်ကြံ သတ်ဖြတ်ခံခဲ့ရသဖြင့် လူ့လောကတွင် ၃၂ နှစ်သာ အသက်ရှင် နေ ထိုင်နိုင်ခဲ့သည်။

The Voice Weekly

No comments:

Post a Comment