Wednesday, February 26, 2014

ကျောက်ဖြူအထူးစီးပွားရေးဇုန် စနစ်တကျ အကောင် အထည် ဖော်ဆောင် ရွက် လျက်ရှိ

ရခိုင်ပြည်နယ် ကျောက်ဖြူဒေသသည် ကမ္ဘာ့ကုန်သွယ်ရေး လမ်းကြောင်း၏ မဟာဗျူဟာကျသည့် အချက် အချာနေရာဒေသတွင် တည်ရှိသော အကောင်းဆုံးရေနက် ဆိပ်ကမ်းဒေသတစ်ခုကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ထိုစီးပွားရေးဇုန်အားရေရှည် စီမံကိန်းများ ချမှတ်ကာ ရေနက် ဆိပ်ကမ်းနှင့် ကျောက်ဖြူအထူးစီး ပွားရေးဇုန်တို့ကို စနစ်တကျအကောင်အထည်ဖော်လျက်ရှိပြီး ဖြစ် ထွန်းပေါ်ပေါက် လာပါကကျောက်ဖြူဒေသသာမက ရခိုင်ပြည်နယ် အပါအဝင် နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကိုပါ အထောက် အကူဖြစ်စေမည်ဖြစ်သည်။

ယခုအခါ ကျောက်ဖြူ အထူးစီးပွားရေးဇုန်အတွက် ရင်းနှီးတည် ဆောက်သူ (Developer) အား နိုင်ငံ တကာ တင်ဒါခေါ်ယူသည့် လုပ်ငန်းစဉ်အတိုင်း ခေါ်ယူဆောင်ရွက်လျက်ရှိသည်။ ယင်းလုပ်ငန်း စဉ်များတွင် စီမံကိန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာ၌ အရည် အသွေးထိန်းကွပ်မှုများလုပ်ဆောင်ရာတွင် အကြံပေးနိုင်မည့်အကြံပေး ကုမ္ပဏီအား ရွေးချယ်လျက်ရှိရာ ရွေးချယ်မှုနောက်ဆုံး အခြေအနေ တွင် ရောက် ရှိနေပြီဖြစ်သည်။

ယင်းနောက်ဆုံးအခြေအနေတွင် ပထမဦးစားပေးအဖြစ်ရွေးချယ် ထားသည့် အကြံပေးကုမ္ပဏီအုပ်စုအား တင်ဒါခေါ်ယူရေးနှင့် စိစစ် ရွေးချယ်ရေးကော်မတီ (BEAC) ဒုတိယဥက္ကဋ္ဌဖြစ်သည့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမောင်မောင်သိမ်းဦးဆောင်သော ကော်မတီအဖွဲ့ဝင်များသည် ရန်ကုန်ဘူတာကြီး စခန်းသာရိပ် သာရှိ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီရုံးခွဲ၌ ယခုလ ၂၃ရက်နှင့် ၂၄ရက်တို့တွင် နောက်ဆုံးအဆင့်ဆွေးနွေးညှိနှိုင်း မှုများပြုလုပ်သည်။

ယနေ့တွင် နေပြည်တော် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ တင်ဒါခေါ်ယူရေး နှင့် စိစစ်ရွေးချယ်ရေးကော်မတီ (BEAC) ဥက္ကဋ္ဌ အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာကံဇော်ဦးဆောင်၍ ဆက်လက် ညှိနှိုင်းရွေးချယ် ခဲ့ရာရွေးချယ်ညှိနှိုင်းမှုရလဒ်များ ရရှိနေပြီဖြစ်ကြောင်းနှင့် မကြာမီ ရက်ပိုင်းအတွင်း တင်ဒါအောင်မြင်သည့် အကြံပေးကုမ္ပဏီအုပ်စုကို ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

The Union Daily

No comments:

Post a Comment