Saturday, February 15, 2014

ကင်တားနားကို ရခိုင်ပြည်နယ်တွင် ဒေသခံများဆန္ဒပြ

Photo: ကင်တားနားကို ရခိုင်ပြည်နယ်တွင် ဒေသခံများဆန္ဒပြ
Saturday, February 15, 2014

လူ့အခွင့်အရေး အခြေအနေ လေ့လာရန် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ရခိုင်ပြည်နယ်သို့ ရောက်ရှိလာသည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်အိုဟေး ကင်တားနားကို ဘင်္ဂါလီများကို ဘက်လိုက်၍ အစီရင် ခံစာရေးသားသည်ဟုဆိုကာ စစ်တွေမြို့ခံ ၂၀၀ ကျော်က ဆန္ဒပြ ကန့်ကွက်ခဲ့ကြောင်း ရခိုင်အမျိုးသမီး ကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပြောကြားသည်။

ကင်တားနားကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်း ရှစ်နာရီကျော်မှ စတင်ကာ စစ်တွေလေဆိပ်တွင် စတင်ဆန္ဒပြခဲ့ကြပြီး ၎င်းသွားသည့် နေရာများကိုလည်း လိုက်ပါ ဆန္ဒပြခဲ့ကြကြောင်း ‘တစ်ဖက်သတ် အကြုံပြုချက်များ အလိုမရှိ၊ သွေးထိုးလှုံ့ဆော်သူ ကင်တားနား ထွက်သွား’ စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြကြောင်း ၎င်းကဆိုသည်။

ကင်တားနားမှာ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ နှစ်ဖက် လူ့အဖွဲ့အစည်းနှင့် အစိုးရ တာဝန်ရှိသူများကို တွေ့ဆုံခဲ့ပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်သို့ ပြန်လည် ထွက်ခွာလာပြီ ဖြစ်ကြောင်း ကုလသမဂ္ဂ သတင်းပြန်ကြားရေးဌာန (UNIC) မှ ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက ဆိုသည်။

ကင်တားနားသည် စစ်တွေမြို့ရှိ အကျဉ်းထောင်၊ ရွှေစေတီ ဘုန်းတော်ကြီးကျောင်း၊ ဘင်္ဂါလီ ဒုက္ခသည်စခန်းများကို သွားရောက် တွေ့ဆုံခဲ့ပြီး ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) မှ အလုပ်အမှုဆောင် ကော်မတီဝင် နှစ်ဦးနှင့် လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ ချဉ်းကပ်ပုံ မှားယွင်းနေမှု၊ ပဋိပက္ခ အခြေအနေများ၊ ရခိုင်တိုင်းရင်းသားများ၏ ခံစားချက်၊ သဘောထားများကို ကင်တားနားကို ရှင်းပြခဲ့ကြောင်း၊ ကုလသမဂ္ဂ၏ လုပ်ဆောင်ချက်များသည် ရခိုင်တိုင်းရင်းသားများ အမှန်တကယ် ကြုံတွေ့ခံစားရမှုများကို ကိုယ်စားမပြုနိုင်သဖြင့် ဘက်လိုက်သည်ဟု ပြောဆိုနေခြင်း ဖြစ်သည်ဟုလည်း ရှင်းပြခဲ့ကြောင်း RNDP မှ အလုပ်အမှုဆောင် ကော်မတီဝင် ဦးခင်မောင်ကြီးက ပြောကြားသည်။
“ငါ့ဘက်မလိုက်ဘူး။ ဘက်လိုက်တာ မဟုတ်ကြောင်းကို နောက်ဆုံး အစီရင်ခံစာ စောင့်လို့ကြည့်ပါလို့ ပြောတယ်” ဟု ကင်တားနားက ပြောဆိုခဲ့ကြောင်း ၎င်းက ပြန်လည် ပြောဆိုသည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စများ၊ ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စများကို ဆွေးနွေးခဲ့ပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အကူအညီများ လိုအပ်သော်လည်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ပိုင်ခွင့် ရရှိရေးမှာ ပိုမိုအရေးကြီးကြောင်းကို ရှင်းပြခဲ့ကြောင်း ဦးခင်မောင်ကြီးက ထပ်မံပြောကြားသည်။

ကင်တားနားသည် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် တာဝန် ထမ်းဆောင်သည့် သက်တမ်း ခြောက်နှစ်မှာ လာမည့် မတ်လတွင် ကုန်ဆုံးမည်ဖြစ်၍ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနှင့် ပတ်သက်၍ နောက်ဆုံး အစီရင်ခံစာကို တင်ပြရန် မြန်မာနိုင်ငံသို့ လာရောက်ခြင်း ဖြစ်သည်။ 

ယင်းအစီရင်ခံစာကို မတ်လ ၁၄ ရက်နေ့တွင် UNHRC သို့ တင်ပြရမည် ဖြစ်သည်။

မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ရောက်ရှိသည့် ကင်တားနားသည် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်တို့နှင့် တွေ့ဆုံခဲ့ပြီး ၎င်း၏ ခရီးစဉ်တွင် ကချင်ပြည်နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၊ သီလဝါ အထူးစီးပွားရေးဇုန်တို့ကို သွားရောက် လေ့လာမည် ဖြစ်ကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားည်။

ကင်တားနားသည် မြန်မာနိုင်ငံသို့ တရားဝင် ရှစ်ကြိမ်ထက်မနည်း ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများကို လေ့လာကာ ကုလသမဂ္ဂကို အစီရင်ခံစာ တင်ပြခဲ့သည်။

ရခိုင်ပြည်နယ်နှင့် ပတ်သက်၍ ၎င်းရေးသားသည့် အစီရင်ခံစာများတွင် ဘင်္ဂါလီများ အခွင့်အရေး ချိုးဖောက် ခံနေရသည်ဟု တစ်ဖက်သတ် စွပ်စွဲရေးသား တင်ပြသည်ဟုဆိုကာ ယခုတစ်ကြိမ် အပါအဝင် ၎င်း၏ရခိုင်ပြည်နယ်ခရီးစဉ် ငါးကြိမ်အနက် သုံးကြိမ်တွင် ရခိုင်ဒေသခံများ၏ ဆန္ဒပြ ကန့်ကွက်မှုနှင့် ကြုံတွေ့ခဲ့ရသည်။

The Voice Weekly
လူ့အခွင့်အရေး အခြေအနေ လေ့လာရန် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ရခိုင်ပြည်နယ်သို့ ရောက်ရှိ လာသည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် သောမတ်အိုဟေး ကင်တားနားကို ဘင်္ဂါလီများကို ဘက်လိုက်၍ အစီရင် ခံစာရေးသား သည်ဟု ဆိုကာ စစ်တွေမြို့ခံ ၂၀၀ ကျော်က ဆန္ဒပြ ကန့်ကွက်ခဲ့ကြောင်း ရခိုင်အမျိုးသမီး ကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပြောကြားသည်။

ကင်တားနားကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်း ရှစ်နာရီကျော်မှ စတင်ကာ စစ်တွေလေဆိပ်တွင် စတင်ဆန္ဒပြခဲ့ကြပြီး ၎င်းသွားသည့် နေရာများကိုလည်း လိုက်ပါ ဆန္ဒပြခဲ့ကြကြောင်း ‘တစ်ဖက်သတ် အကြုံပြုချက်များ အလိုမရှိ၊ သွေးထိုးလှုံ့ဆော်သူ ကင်တားနား ထွက်သွား’ စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြကြောင်း ၎င်းကဆိုသည်။

ကင်တားနားမှာ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ နှစ်ဖက် လူ့အဖွဲ့အစည်းနှင့် အစိုးရ တာဝန်ရှိသူ များကို တွေ့ဆုံခဲ့ပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်သို့ ပြန်လည် ထွက်ခွာ လာပြီ ဖြစ်ကြောင်း ကုလသမဂ္ဂ သတင်းပြန်ကြားရေးဌာန (UNIC) မှ ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက ဆိုသည်။

ကင်တားနားသည် စစ်တွေမြို့ရှိ အကျဉ်းထောင်၊ ရွှေစေတီ ဘုန်းတော်ကြီးကျောင်း၊ ဘင်္ဂါလီ ဒုက္ခသည် စခန်းများကို သွားရောက် တွေ့ဆုံခဲ့ပြီး ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) မှ အလုပ်အမှုဆောင် ကော်မတီဝင် နှစ်ဦးနှင့် လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ ချဉ်းကပ်ပုံ မှားယွင်းနေမှု၊ ပဋိပက္ခ အခြေအနေများ၊ ရခိုင်တိုင်းရင်းသားများ၏ ခံစားချက်၊ သဘောထားများကို ကင်တားနားကို ရှင်းပြခဲ့ကြောင်း၊ ကုလသမဂ္ဂ၏ လုပ်ဆောင်ချက်များသည် ရခိုင် တိုင်းရင်းသားများ အမှန်တကယ် ကြုံတွေ့ခံစားရမှုများကို ကိုယ်စားမပြုနိုင်သဖြင့် ဘက်လိုက် သည်ဟု ပြောဆိုနေခြင်း ဖြစ်သည်ဟုလည်း ရှင်းပြခဲ့ကြောင်း RNDP မှ အလုပ်အမှုဆောင် ကော်မတီဝင် ဦးခင်မောင်ကြီးက ပြောကြားသည်။
“ငါ့ဘက်မလိုက်ဘူး။ ဘက်လိုက်တာ မဟုတ်ကြောင်းကို နောက်ဆုံး အစီရင်ခံစာ စောင့်လို့ကြည့် ပါလို့ ပြောတယ်” ဟု ကင်တားနားက ပြောဆိုခဲ့ကြောင်း ၎င်းက ပြန်လည် ပြောဆိုသည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စများ၊ ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စများကို ဆွေးနွေးခဲ့ပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အကူအညီများ လိုအပ်သော်လည်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ပိုင်ခွင့် ရရှိရေးမှာ ပိုမိုအရေးကြီးကြောင်းကို ရှင်းပြခဲ့ကြောင်း ဦးခင်မောင်ကြီးက ထပ်မံပြောကြားသည်။

ကင်တားနားသည် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် တာဝန် ထမ်းဆောင်သည့် သက်တမ်း ခြောက်နှစ်မှာ လာမည့် မတ်လတွင် ကုန်ဆုံးမည်ဖြစ်၍ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနှင့် ပတ်သက်၍ နောက်ဆုံး အစီရင်ခံစာကို တင်ပြရန် မြန်မာနိုင်ငံသို့ လာရောက်ခြင်း ဖြစ်သည်။

ယင်းအစီရင်ခံစာကို မတ်လ ၁၄ ရက်နေ့တွင် UNHRC သို့ တင်ပြရမည် ဖြစ်သည်။

မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ရောက်ရှိသည့် ကင်တားနားသည် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေး ကော်မရှင် တို့နှင့် တွေ့ဆုံခဲ့ပြီး ၎င်း၏ ခရီးစဉ်တွင် ကချင်ပြည်နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၊ သီလဝါ အထူးစီးပွားရေးဇုန်တို့ကို သွားရောက် လေ့လာမည် ဖြစ်ကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားည်။

ကင်တားနားသည် မြန်မာနိုင်ငံသို့ တရားဝင် ရှစ်ကြိမ်ထက်မနည်း ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများကို လေ့လာကာ ကုလသမဂ္ဂကို အစီရင်ခံစာ တင်ပြခဲ့သည်။

ရခိုင်ပြည်နယ်နှင့် ပတ်သက်၍ ၎င်းရေးသားသည့် အစီရင်ခံစာများတွင် ဘင်္ဂါလီများ အခွင့်အရေး ချိုးဖောက် ခံနေရသည်ဟု တစ်ဖက်သတ် စွပ်စွဲရေးသား တင်ပြသည်ဟုဆိုကာ ယခုတစ်ကြိမ် အပါအဝင် ၎င်း၏ရခိုင်ပြည်နယ်ခရီးစဉ် ငါးကြိမ်အနက် သုံးကြိမ်တွင် ရခိုင်ဒေသခံများ၏ ဆန္ဒပြ ကန့်ကွက်မှုနှင့် ကြုံတွေ့ခဲ့ရသည်။

The Voice Weekly

No comments:

Post a Comment