Sunday, February 23, 2014

ပညာရေးဝန်ကြီးဌာနမှ အဆောက်အအုံဆောက်လုပ်ရန် လျာထားတောင်းခံ သည့် တစ်ပေပတ်လည်ဈေးနှုန်းမှာ ပိုမိုများပြားနေ၍ ပြင်ဆင်ပြီး ပိုငွေများကို ကျောင်းဆောင်အသစ်များ ထပ်မံတည်ဆောက်ရေး လွှတ်တော်ကော်မတီများ အဆိုပြု

Photo: ပညာရေးဝန်ကြီးဌာနမှ အဆောက်အအုံဆောက်လုပ်ရန် လျာထားတောင်းခံ သည့် တစ်ပေပတ်လည်ဈေးနှုန်းမှာ ပိုမိုများပြားနေ၍ ပြင်ဆင်ပြီး ပိုငွေများကို ကျောင်းဆောင်အသစ်များ ထပ်မံတည်ဆောက်ရေး လွှတ်တော်ကော်မတီများ အဆိုပြု
Sunday, February 23, 2014

၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ နိုင်ငံပိုင် အခန်းဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများတွင် ပညာရေးဝန်ကြီးဌာန၏ အဆောက်အအုံများ ဆောက်လုပ်ရန် လျာထားငွေတောင်းခံရာ၌ ဦးစီးဌာနတစ်ခုနှင့် တစ်ခုတစ်ပေပတ်လည်ဈေးနှုန်း ကွဲပြားနေသဖြင့် ပြန်လည်လျှော့ချ၍ ပိုမိုထွက်ရှိလာသောငွေများအား အခြားကျောင်းဆောင် သစ်များ တည်ဆောက်ရေးအတွက် လျာထားရန်  လွှတ်တော်ကော်မတီနှစ်ခုမှ ပြည်ထောင်စုလွှတ်တော်တွင် ပြင်ဆင်ချက်အဆို တင်သွင်းခဲ့သည်။

ပညာရေးဝန်ကြီးဌာန၏ တည်ဆောက်ရေးဆောင်ရွက်ရန် တင်ပြလျာထားတောင်းငွေများထဲ၌ အမှတ်(၂)အခြေခံပညာဦးစီးဌာနမှ တင်ပြထားသည့် RC အဆောက်အအုံ အမျိုးအစားအတွက် PAE တစ်ပေပတ်လည်ဈေးနှုန်းမှာ အခြားဦးစီးဌာနများကဲ့သို့ ကျပ် ၁၈၀၀၀ နှုန်းမဟုတ်ဘဲ ၂၀၀၀၀ နှုန်းဖြစ်ပြီး ၂၀၀၀ ပိုများနေသည့်အတွက် ၀န်ကြီးဌာနအား ပြန်လည်စိစစ်တင်ပြစေခဲ့ကြောင်း ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီကိုယ်စား ကော်မတီအတွင်းရေးမှူး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြဦးက ဆွေးနွေးပြောကြားသည်။

ထိုသို့ ပြန်လည်စိစစ်ရာအန္တရာယ်ရှိ ကျောင်းများ၊ ဥပဓိရုပ်မကောင်းသည့်အတွက် ပြုပြင်ရမည့်ကျောင်းများ၊ ကျောင်းသားဦးရေတိုးလာသည့်အတွက် တိုးချဲ့ဆောက်ရမည့်ကျောင်းများနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များတင်ပြသည့် ကျောင်းများအားလုံး PAE ပြင်ဆင်တွက်ချက်သည့်အခါတွင် ကျပ်ငွေ ၃ ဒသမ ၄၅၀၆  ဘီလျံပိုမိုထွက်ရှိလာကြောင်း သိရသည်။

"လွှတ်တော်ကိုယ်စားလှယ်များရဲ့ တင်ပြချက်အရရော ကျန်ဦးစီးဌာနများနှင့်လည်း တစ်ပြေးညီ ဖြစ်ရန်အတွက်သော်လည်းကောင်း၊ ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းသဘောတူပြီးတော့ ပိုထွက်လာတဲ့ ၃ ဒသမ ၄၅၀၆  ဘီလျံကို အရေးကြီးလိုအပ်နေတဲ့ အန္တရာယ်ရှိကျောင်းများကို ဦးစားပေးပြီး ဆောင်ရွက်ရန် ညှိနှိုင်းရရှိခဲ့ပါတယ်။ အခုရရှိတဲ့နှုန်းထား အကြမ်းဖျင်းတွက်လိုက်တဲ့အခါမှာ အန္တရာယ်ရှိကျောင်းပေါင်း ၈၃ ကျောင်း ပိုမိုလျာထားနိုင်ကြောင်း တွေ့ရှိရပါတယ်"ဟု ဒေါက်တာမြဦးက ပြောကြားသည်။

သို့ဖြစ်၍ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီအနေဖြင့် ပညာရေးဝန်ကြီးဌာန အမှတ်(၂) အခြေခံပညာဦးစီးဌာန၏ အဆိုပြုလျာထားသော အန္တရာယ်ကျောင်းဆောင်ဖျက်သိမ်းပြီး အသစ်တည်ဆောက်မည့် ဦးရေ ၂၂၀ အစား ၃၀၃ ကျောင်း ပြင်ဆင်ရန် အဆိုပြုခဲ့သည်။

အလားတူပြည်သူ့လွှတ်တော် လွှတ်တော်အခွင့်အရေးကော်မတီအနေဖြင့် ပညာရေးဝန်ကြီးဌာန၏ အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃) အခြေခံပညာဦးစီးဌာနမှ ဆောက်လုပ်နေသည့် အဆောက်အအုံများသည် မြေပြန့်ဒေသဖြစ်ပါက RC ကျောင်းဆောင် အဆောက်အအုံများအစား အုတ်ညှပ်ကျောင်းဆောင် အဆောက်အအုံများ ဆောက်လုပ်သင့်ပြီး တစ်ပေပတ်လည် (PAE) မှာ ကျပ် ၁၀၀၀၀ နှုန်းဖြစ်သင့်ကြောင်းနှင့် RC ကျောင်းဆောင် အဆောက်အအုံအမျိုးအစား ဆောက်လုပ်ပါကလည်း တစ်ပေပတ်လည်နှုန်းထားမှာ ကျပ် ၁၆၀၀၀ (သို့မဟုတ်) ၁၈၀၀၀ နှုန်းသာဖြစ်သင့်ကာ လျှော့ချသင့်ကြောင်း ကော်မတီကိုယ်စား ကော်မတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်က အဆိုပြုတင်ပြခဲ့သည်။

ထို့အပြင် ကျောင်းဆောင်များဆောက်လုပ်ရန် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့မှ ခေါ်ယူမည့်တင်ဒါသည် အချိန်ကြာမြင့်မည်ဖြစ်သည့်အတွက် ခရိုင်မြို့နယ်အတွင်း၌ရှိသည့် ဒေသခံဆောက်လုပ်ရေး လုပ်ငန်းရှင်များကို ဦးစားပေးပြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ပညာရေးမှူများ၊ အထောက်အကူပြု ကော်မတီများ ပူးပေါင်းပါဝင်သော ကော်မတီတစ်ရပ်ဖွဲ့စည်းကာ တင်ဒါခေါ်ယူမှုကို စိစစ်ဆောက်ရွက်သင့်ကြောင်း လွှတ်တော်အခွင့်အရေးကော်မတီက အဆိုပြုခဲ့သည်။

Eleven Media Group

ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာချမ်းငြိမ်းနှင့် တရားဥပဒေစိုမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒ်ါအောင်ဆန်း စုကြည်တို့အား ဖေဖော်ဝါရီ ၂၁ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး တွင် တွေ့ရစဉ်
ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာချမ်းငြိမ်းနှင့် တရားဥပဒေစိုမိုးရေးနှင့် တည်ငြိမ်အေး ချမ်းေ ရး ကော်မတီဥက္ကဋ္ဌ ဒ်ါအောင်ဆန်း စုကြည်တို့အား ဖေဖော်ဝါရီ ၂၁ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး တွင် တွေ့ရ စဉ်
၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ နိုင်ငံပိုင် အခန်းဆောင်ရွက်မည့် လုပ်ငန်း စီမံကိန်းများတွင် ပညာရေးဝန်ကြီးဌာန၏ အဆောက်အအုံများ ဆောက်လုပ်ရန် လျာထားငွေတောင်းခံရာ၌ ဦးစီးဌာနတစ်ခုနှင့် တစ်ခုတစ်ပေပတ်လည်ဈေးနှုန်း ကွဲပြားနေသဖြင့် ပြန်လည်လျှော့ချ၍ ပိုမိုထွက်ရှိ လာသောငွေ များအား အခြားကျောင်းဆောင် သစ်များ တည်ဆောက်ရေးအတွက် လျာထားရန်  လွှတ်တော်ကော် မတီနှစ်ခုမှ ပြည်ထောင်စုလွှတ်တော်တွင် ပြင်ဆင်ချက်အဆို တင်သွင်းခဲ့သည်။

ပညာရေးဝန်ကြီးဌာန၏ တည်ဆောက်ရေးဆောင်ရွက်ရန် တင်ပြလျာထားတောင်းငွေများထဲ၌ အမှတ်(၂) အခြေခံ ပညာဦးစီးဌာနမှ တင်ပြထားသည့် RC အဆောက်အအုံ အမျိုးအစားအတွက် PAE တစ်ပေပတ် လည်ဈေးနှုန်းမှာ အခြားဦးစီးဌာနများကဲ့သို့ ကျပ် ၁၈၀၀၀ နှုန်းမဟုတ်ဘဲ ၂၀၀၀၀ နှုန်းဖြစ်ပြီး ၂၀၀၀ ပိုများနေ သည့် အတွက် ၀န်ကြီးဌာနအား ပြန်လည်စိစစ်တင်ပြစေခဲ့ကြောင်း ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီကိုယ်စား ကော်မတီအတွင်းရေးမှူး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက် တာမြဦး က ဆွေးနွေးပြောကြားသည်။

ထိုသို့ ပြန်လည်စိစစ်ရာအန္တရာယ်ရှိ ကျောင်းများ၊ ဥပဓိရုပ်မကောင်းသည့်အတွက် ပြုပြင်ရမည့်ကျောင်း များ၊ ကျောင်းသားဦးရေတိုးလာသည့်အတွက် တိုးချဲ့ဆောက်ရမည့်ကျောင်းများနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များတင်ပြသည့် ကျောင်းများအားလုံး PAE ပြင်ဆင်တွက်ချက်သည့်အခါတွင် ကျပ်ငွေ ၃ ဒသမ ၄၅၀၆  ဘီလျံပိုမိုထွက်ရှိလာကြောင်း သိရသည်။

"လွှတ်တော်ကိုယ်စားလှယ်များရဲ့ တင်ပြချက်အရရော ကျန်ဦးစီးဌာနများနှင့်လည်း တစ်ပြေးညီ ဖြစ်ရန် အတွက်သော် လည်းကောင်း၊ ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းသဘောတူပြီးတော့ ပိုထွက်လာတဲ့ ၃ ဒသမ ၄၅၀၆  ဘီလျံကို အရေးကြီးလိုအပ်နေတဲ့ အန္တရာယ်ရှိကျောင်းများကို ဦးစားပေးပြီး ဆောင်ရွက်ရန် ညှိနှိုင်းရရှိခဲ့ပါတယ်။ အခုရရှိတဲ့နှုန်းထား အကြမ်းဖျင်းတွက်လိုက်တဲ့အခါမှာ အန္တရာယ်ရှိကျောင်းပေါင်း ၈၃ ကျောင်း ပိုမိုလျာထားနိုင်ကြောင်း တွေ့ရှိရပါတယ်"ဟု ဒေါက်တာမြဦးက ပြောကြားသည်။

သို့ဖြစ်၍ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီအနေဖြင့် ပညာရေးဝန်ကြီးဌာန အမှတ်(၂) အခြေခံပညာဦးစီးဌာန၏ အဆိုပြုလျာထားသော အန္တရာယ်ကျောင်းဆောင်ဖျက်သိမ်းပြီး အသစ် တည်ဆောက် မည့် ဦးရေ ၂၂၀ အစား ၃၀၃ ကျောင်း ပြင်ဆင်ရန် အဆိုပြုခဲ့သည်။

အလားတူပြည်သူ့လွှတ်တော် လွှတ်တော်အခွင့်အရေးကော်မတီအနေဖြင့် ပညာရေးဝန်ကြီးဌာန၏ အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃) အခြေခံပညာဦးစီးဌာနမှ ဆောက်လုပ်နေသည့် အဆောက်အအုံများ သည် မြေပြန့်ဒေသဖြစ်ပါက RC ကျောင်းဆောင် အဆောက်အအုံများအစား အုတ်ညှပ်ကျောင်းဆောင် အဆောက်အအုံများ ဆောက်လုပ်သင့်ပြီး တစ်ပေပတ်လည် (PAE) မှာ ကျပ် ၁၀၀၀၀ နှုန်းဖြစ် သင့်ကြောင်းနှင့် RC ကျောင်းဆောင် အဆောက်အအုံအမျိုးအစား ဆောက်လုပ်ပါကလည်း တစ်ပေပတ်လည်နှုန်း ထားမှာ ကျပ် ၁၆၀၀၀ (သို့မဟုတ်) ၁၈၀၀၀ နှုန်းသာဖြစ်သင့်ကာ လျှော့ချ သင့်ကြောင်း ကော်မတီကိုယ်စား ကော်မတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်က အဆိုပြုတင်ပြခဲ့သည်။

ထို့အပြင် ကျောင်းဆောင်များဆောက်လုပ်ရန် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့မှ ခေါ်ယူမည့် တင်ဒါ သည် အချိန်ကြာမြင့်မည်ဖြစ်သည့်အတွက် ခရိုင်မြို့နယ်အတွင်း၌ရှိသည့် ဒေသခံဆောက်လုပ်ရေး လုပ်ငန်းရှင်များကို ဦးစားပေးပြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ပညာရေးမှူများ၊ အထောက်အကူပြု ကော်မတီများ ပူးပေါင်းပါဝင်သော ကော်မတီတစ်ရပ်ဖွဲ့စည်းကာ တင်ဒါခေါ်ယူမှုကို စိစစ်ဆောက်ရွက်သင့်ကြောင်း လွှတ်တော်အခွင့်အရေးကော်မတီက အဆိုပြုခဲ့သည်။

Eleven Media Group

No comments:

Post a Comment