Wednesday, February 19, 2014

ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှ ကုန်သွယ်ခွန်ကောက်ခံမှု အမတ်များ ဝေဖန်

ဒသဖွံ့ဖြိုးရေးအတွက် တစ်မြို့နယ်လျှင် ကျပ်သိန်း ၁,၀၀၀ အသုံးပြုမည့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေအ တွင်းမှ ကုန်သွယ်ခွန် နှစ်ရာခိုင်နှုန်းကို အစိုးရက ကောက်ခံမှုအပေါ် လွှတ်တော်ကိုယ်စားလှယ်အများစု က ဝေဖန်မှုများ ရှိနေသည်။

လွှတ်တော်ကိုယ်စားလှယ်တို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သုံးစွဲမည့်ရန်ပုံငွေအတွင်းမှ အစိုးရကောက်ယူမည့် ကုန်သွယ်ခွန် နှစ်ရာခိုင်နှုန်းသည် မကောက်ခံသင့်ဟု မကွေးတိုင်းဒေသကြီး မဲ ဆန္ဒနယ်အမှတ်(၁၂)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ပြောသည်။

“ဒါက စီးပွားရေးလုပ်ငန်းအတွက် ကုန်သွယ်တာမဟုတ်တဲ့အတွက် မဖြတ်သင့်ဘူး။ အရင်ကမှ လုပ်ငန်းတွေ က ငွေမလောက်တာ ထပ်ဖြတ်တော့ ဘယ်လို အဆင်ပြေမလဲဗျ”ဟု ပြောသည်။

ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကို သုံးစွဲရာတွင် ကုန်သွယ်ခွန်အဖြစ် နှစ်ရာခိုင်နှုန်းကို ပေးဆောင်ရမည်ဟု လွှတ်တော် ကိုယ်စားလှယ်တို့ သုံးစွဲနေသည့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် ၃၃ ဘီလီယံ ထိန်းသိမ်းခြင်း၊ သုံးစွဲ ခြင်းနှင့် လုပ်ငန်းများဖော်ဆောင်ရာတွင် တည်ဆဲဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်း စည်း ကမ်း များနှင့်အညီ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပြည်ထောင်စုလွှတ်တော်တို့ ဆွေးနွေး သည့် ဖေဖော်ဝါရီ ၆ ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြောခဲ့ခြင်း ဖြစ်သည်။

ကုန်သွယ်ခွန်ဖြတ်တောက်မှုနှင့်ပတ်သက်ပြီး မြောက်ဒဂုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးက “နိုင်ငံတော်ဘဏ္ဍာကို ရာထူးခန့်အပ်ထားတဲ့သူတွေကပဲ ဖွံ့ဖြိုးရေးလုပ်ငန်းမှာ သုံးခွင့် ရှိတယ်။ ကိုယ်စားလှယ်တွေဆိုတာက ၀န်ထမ်းအဖြစ်ခန့်အပ်ထားသူတွေ မဟုတ်တဲ့အတွက် ကုန်သွယ် လုပ်ငန်းခွန်ပေးရမယ်လို့ပြောတာ ဒါက စီးပွားရေးအတွက် လုပ်တာမဟုတ်လို့ မကောက်သင့်ဘူး”ဟု ဆို သည်။

စာရင်းစစ်ချုပ် ပြောဆိုမှုနှင့်ပတ်သက်ပြီး မြောက်ဒဂုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ် တင်နွယ်ဦးက ကန့်ကွက်ခဲ့ကာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ထောက်ခံခဲ့သည်ဟု ဦးလှ ဆွေက ပြောသည်။

ကုန်သွယ်ခွန် ပေးဆောင်စေခြင်းနှင့် ပတ်သက်ပြီး ဒဂုံဆိပ်ကမ်းမြို့နယ် ၈၈ ရပ်ကွက်မှ ရပ်ကျေးအ ထောက်အကူပြု အတွင်းရေးမှူးဦးမြင့်သိန်းက “အခု ကျွန်တော်တို့ ရပ်ကျေးအထောက်ကူပြုအဖွဲ့တွေက တကယ် အကောင်အထည်ဖော်ရတဲ့အတွက် ကုန်ကျငွေလည်းများတယ်။ နောက် ပေးတာလည်း နည်း နည်းပဲပေးတာကို ထပ်ဖြတ်မယ်ဆိုတော့ အဆင်မပြေဘူးပေါ့။ ကျွန်တော်တို့က စီးပွားရေးလုပ်တာမ ဟုတ်ဘဲ ဒါကတော့ မဖြတ်သင့်ဘူး”ဟု ဆိုသည်။

လွှတ်တော်ကိုယ်စားလှယ်များ သုံးစွဲမည့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေတွင် အစိုးရမှ ဖြတ်တောက်မည့် ကုန် သွယ်ခွန် နှစ်ရာခိုင်နှုန်းနှင့် အထောက်အကူပြု ရုံးအသုံးစရိတ် သုံးရာခိုင်နှုန်းတို့ကို အသုံးပြုနိုင်မည်ဖြစ် သဖြင့် ချထားပေးသည့် ရန်ပုံငွေများမှ ငါးရာခိုင်နှုန်းထိ လျော့နည်းမည်ဖြစ်သည်။

ရုံးလုပ်ငန်းများအတွက် အသုံးပြုငွေ သုံးရာခိုင်နှုန်း သုံးစွဲနိုင်ရေးကို ပြည်ထောင်စုလွှတ်တော်ရုံးက ၁၄ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး မြို့နယ်ဖွံ့ဖြိုးရေးရန်ပုံငွေမှ သုံးရာခိုင်နှုန်းနှုတ်ယူကာ မြို့နယ်နှင့်ရပ်ကျေး အထောက်အကူပြုအဖွဲ့များက ခွဲဝေသုံးစွဲရမည်ဖြစ်သည်။

လွှတ်တော်မှချထားပေးသည့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေများကို မြို့နယ်များတွင် မြို့နယ်အထောက်အကူပြု အဖွဲ့၊ မြို့နယ်စီမံခန့်ခွဲမှုအဖွဲ့၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေးအဖွဲ့ဟု အဖွဲ့များဖွဲ့ စည်းကာ ဆောင်ရွက်လျက်ရှိသည်။

လာမည့်မတ်လကုန်တွင် ကုန်ဆုံးမည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း၌မူ ကိုယ်စားလှယ်တို့သည်တစ် မြို့နယ် လျှင် ကျပ်သိန်း ၁,၀၀၀ စီ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ခွင့်ရရှိထားသည်။ စုစုပေါင်း ကျပ်၃၃ ဘီလီယံရှိ ငွေများကို ပြည်ထောင်စုလွှတ်တော်ရုံး၏ အသုံးစရိတ်အောက်တွင် ထားရှိသုံးစွဲနေခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် ဥပဒေများ၊ ဘဏ္ဍာရေးစည်းမျဉ်းများနှင့် မညီဟု အစိုးရဘက်က ရှင်းလင်းပြောဆိုခဲ့၍ လုပ်ထုံးလုပ်နည်းလျော်ညီရန်နှင့် စာရင်းစစ်ဆေးခံနိုင်ရန် ဖေဖော်ဝါရီ ၆ ရက်တွင် နှစ်ဖက်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြသေးသည်။

Mizzima - News in Burmese

No comments:

Post a Comment