Saturday, February 22, 2014

ပါးသိုင်းမွေးနဲ့မှ မိန်းမ ဆန်တယ် ထင်တဲ့ မမ

Photo: ပါးသိုင်းမွေးနဲ့မှ မိန်းမ ဆန်တယ် ထင်တဲ့ မမ
Saturday, February 22, 2014
 
အသက် ၂၃ နှစ်အရွယ် ဟာ နန်ကူအာ ဆိုသူ အမျိုးသမီးသည် သားအိမ်ရောဂါ လက္ခဏာတစ်မျိုး ကြောင့် ပါးသိုင်းမွေးများ ရှည်ထွက် လျက်ရှိကြောင်း၊ ယင်းကဲ့သို့ ပါးသိုင်း မွေးများ ရှိခြင်းသည် ၄င်းအား မိန်းမပို ဆန်သည်ဟု ခံစားရကြောင်း ပြောကြား ခဲ့သည်။

အင်္ဂလန်နိုင်ငံ ဘတ်ရှိုင်းယား ဒေသတွင် နေထိုင်သူ ဟာနန်သည် သားအိမ်ရောဂါ တစ်မျိုးကြောင့် အသက် ၁၁ နှစ်အရွယ်မှစ၍ ပါးသိုင်းမွေး များ စတင်ပေါက်လာ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် အမွေးအမျှင် များသည် ရင်ဘတ်နှင့် လက်မောင်း၌ပါ ပျံ့နှံ့လာ ခဲ့ကာ အပြင်ထွက် သည့် အခါနှင့် ကျောင်းသွားသည့် အခါ၌ လူများ၏ တွတ်ထိုး ပြောခြင်းကို ခံရ သည့် အပြင် အင်တာနက်ပေါ်၌ အသက် အန္တရာယ် ခြိမ်းခြောက်ခြင်း ကိုပါ ခံစား ခဲ့ရကြောင်း ဟာနန်က ဆိုသည်။ဆယ်ကျော်သက် ကာလ များတွင် ယင်းအမွေးအမျှင် များ ပေါက်နေမှု ကြောင့် စိတ်ဆင်းရဲခဲ့ ရကြောင်း၊ တစ် ပတ်လျှင် နှစ်ကြိမ် ရိတ်သင်ခဲ့ ရပြီး ကိုယ့် ကိုယ်ကိုယ် သတ်သေ ချင်သည်အထိ ဖြစ်ခဲ့ ဖူးကြောင်း ၄င်းက ထပ်လောင်းဆို သည်။

သို့ရာတွင် အသက် ၁၆ နှစ် အရွယ်၌ အတွေးအခေါ် ပြောင်းလဲခဲ့ ပြီး နှစ်ခြင်း ခရစ်ယာန်ဘာသာကို သက် ဝင်ယုံကြည်ခဲ့ကာ အမွေးအမျှင် များ ပေါက်နေခြင်း အပေါ် သဘော ကျလာ ခဲ့ကြောင်း သိရသည်။

”မိဘတွေက ကျွန်မကို အိမ်ထောင် မကျနိုင်မှာနဲ့ အလုပ်မရနိုင်မှာ ကို စိုးရိမ်ကြတယ်။ အခု ကျွန်မ အရှိကို အရှိအတိုင်း လက်ခံ လိုက်တယ်။ လူ တွေအလယ်မှာ ရဲရဲ ဝံ့ဝံ့ နေတယ်” ဟု ဟာနန်က ပြောကြားသည်။ ၄င်းသည် ယခု အချိန်တွင် မူလတန်းကျောင်း ၌ လက်ထောက် ဆရာမ အဖြစ် လုပ်ကိုင် လျက်ရှိသည်။

အဆိုပါ သားအိမ် ရောဂါ တစ်မျိုး မှာ မျိုးဥထုတ် နိုင်စွမ်း မရှိခြင်း၊ ကျား ဟော်မုန်း များပြားနေခြင်းဖြစ်ပြီး ယင်း ဝေဒနာကို ကုသနိုင်သော ဆေးဝါး မရှိကြောင်း အများစု မှာ ကိုယ်ဝန်ဆောင် နိုင်သော်လည်း တစ်ခါတစ်ရံ သားအိမ် ခွဲစိတ်မှု ပြုလုပ်ရန် လိုအပ်ကြောင်း သိရ သည်။

TW
Ref: Daily Mail
Popular Myanmar News Journal 
အသက် ၂၃ နှစ်အရွယ် ဟာ နန်ကူအာ ဆိုသူ အမျိုးသမီးသည် သားအိမ်ရောဂါ လက္ခဏာ တစ်မျိုး ကြောင့် ပါး သိုင်းမွေးများ ရှည်ထွက် လျက်ရှိကြောင်း၊ ယင်းကဲ့သို့ ပါးသိုင်း မွေးများ ရှိခြင်း သည် ၄င်းအား မိန်းမပို ဆန်သည်ဟု ခံစားရကြောင်း ပြောကြား ခဲ့သည်။

အင်္ဂလန်နိုင်ငံ ဘတ်ရှိုင်းယားဒေသတွင် နေထိုင်သူဟာနန်သည် သားအိမ်ရောဂါ တစ်မျိုးကြောင့် အသက် ၁၁ နှစ်အရွယ်မှစ၍ ပါးသိုင်းမွေး များ စတင်ပေါက်လာ ခဲ့ခြင်းဖြစ်ကြော င်း သိရသည်။

ထို့အပြင် အမွေးအမျှင် များသည် ရင်ဘတ်နှင့် လက်မောင်း၌ပါ ပျံ့နှံ့လာ ခဲ့ကာ အပြင်ထွက် သည့် အခါနှင့် ကျောင်းသွားသည့် အခါ၌ လူများ၏ တွတ်ထိုး ပြောခြင်းကို ခံရ သည့် အပြင် အင်တာနက်ပေါ်၌ အသက်အန္တရာယ် ခြိမ်းခြောက်ခြင်း ကိုပါ ခံစား ခဲ့ရကြောင်း ဟာနန်က ဆိုသည်။ဆယ်ကျော်သက် ကာလ များတွင် ယင်းအမွေးအမျှင် များ ပေါက်နေမှု ကြောင့် စိတ်ဆင်းရဲခဲ့ ရကြောင်း၊ တစ် ပတ်လျှင် နှစ်ကြိမ် ရိတ်သင်ခဲ့ ရပြီး ကိုယ့် ကိုယ်ကိုယ် သတ်သေ ချင်သည်အထိ ဖြစ်ခဲ့ ဖူးကြောင်း ၄င်းက ထပ်လောင်းဆို သည်။

သို့ရာတွင် အသက် ၁၆ နှစ် အရွယ်၌ အတွေးအခေါ် ပြောင်းလဲခဲ့ ပြီး နှစ်ခြင်း ခရစ်ယာန်ဘာသာကို သက် ဝင်ယုံကြည်ခဲ့ကာ အမွေးအမျှင် များ ပေါက်နေခြင်း အပေါ် သဘော ကျလာ ခဲ့ကြောင်း သိရသည်။

”မိဘတွေက ကျွန်မကို အိမ်ထောင် မကျနိုင်မှာနဲ့ အလုပ်မရနိုင်မှာ ကို စိုးရိမ်ကြတယ်။ အခု ကျွန်မ အရှိကို အရှိအတိုင်း လက်ခံ လိုက်တယ်။ လူ တွေအလယ်မှာ ရဲရဲ ဝံ့ဝံ့ နေတယ်” ဟု ဟာနန်က ပြောကြားသည်။ ၄င်းသည် ယခု အချိန်တွင် မူလတန်းကျောင်း ၌ လက်ထောက် ဆရာမ အဖြစ် လုပ်ကိုင် လျက်ရှိသည်။

အဆိုပါ သားအိမ် ရောဂါ တစ်မျိုး မှာ မျိုးဥထုတ် နိုင်စွမ်း မရှိခြင်း၊ ကျား ဟော်မုန်း များပြားနေခြင်းဖြစ်ပြီး ယင်း ဝေဒနာကို ကုသနိုင်သော ဆေးဝါး မရှိကြောင်း အများစု မှာ ကိုယ်ဝန်ဆောင် နိုင်သော်လည်း တစ်ခါတစ်ရံ သားအိမ် ခွဲစိတ်မှု ပြုလုပ်ရန် လိုအပ်ကြောင်း သိရ သည်။

Popular Myanmar News Journal

No comments:

Post a Comment