Tuesday, February 4, 2014

မိတ္ထီလာခရိုင် အတွင်း၌ ယာဉ်တိုက်မှုဖြစ်ပွားရာ နောက်မှကူညီရန် လိုက်လာသော ဆွေမျိုးတစ်စု၏ယာဉ် ထပ်မံတိမ်းမှောက်သဖြင့် ခြောက်ဦးသေဆုံးကာ ၄၂ ဦး ဒဏ်ရာရရှိ

မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် ဖေဖော်ဝါရီ ၂ ရက်က ယာဉ်တိုက်မှု ဖြစ်ပွားသော သတင်းကြားသိရသဖြင့် နောက်မှကူညီရန် လိုက်လာသော ဆွေးမျိုးတစ်စု စီးနင်းလာသောယာဉ် ထပ်မံတိမ်းမှောက်သဖြင့် လူခြောက်ဦး သေဆုံးခဲ့ကာ လူ ၄၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂ ရက်နေ့ နံနက်ပိုင်းက ဝမ်းတွင်းမြို့နယ် ရွှေကူကျေးရွာအနီး ရန်ကုန်-မန္တလေး မိုင်တိုင်အမှတ် ၃၇၈ အနီးတွင် နွားထိုးကြီးမြို့နယ် ကြာပင်အိုင် ကျေးရွာနေ ဦးရွှေဝင်း (၄၅)နှစ် မောင်းနှင်လာသော ၃ဌ/----အပြာရောင် ထော်လာဂျီယာဉ်နှင့် ပုသိမ်ကြီးမြို့နယ် သုံးအိမ်ကျေးရွာနေ ဦးအောင်ဝင်း(၅၈)နှစ် မောင်းနှင်လာသော ၉ဗ/-----ခဲရောင်ဗင်ကားတို့
မျက်နှာချင်းဆိုင် တိုက်မိခဲ့ရာ ယာဉ်ပေါ်ပါ ကန်ပေါက်ကြီး ကျေးရွာနေ ဦးကျော်သောင်း (၇၂)နှစ်၊ နွားထိုးကြီးမြို့နယ်၊ ကြာပင်အိုင်ကျေးရွာနေ ဦးဝင်းငြိမ်း (၃၇)နှစ်၊ မမြင့်မြင့်အေး(၂၄)နှစ်၊ မသန်းလှ (၂၅)နှစ်၊ မန္တလေးမြို့ ချမ်းမြသာစည်မြို့သစ်နေ ဦးဘိုမောင်အသက် (၆ဝ)နှစ်နှင့် တောင်တွင်းကြီးမြို့ ညောင်ကုန်းကျေးရွာနေ ကိုလှိုင်မင်း(၃ဝ) နှစ်တို့ သေဆုံးသွားခဲ့ပြီး ယာဉ်ပေါ်လိုက်ပါလာသူ (၂၉)ဦး ဒဏ်ရာရရှိခဲ့ပြီး ကူမဲဆေးရုံသို့ တက်ရောက်ကုသနေရကြောင်း၊ ထိုသို့ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း ကြားသိရသဖြင့် ကူညီဆောင်ရွက်ရန် လိုက်ပါလာသော ဆွေမျိုးတစ်စု စီးနင်းလာသောယာဉ်မှာ ထပ်မံတိမ်းမှောက်ခဲ့သဖြင့် လူ ၁၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၂ ရက် ညနေ ၄ နာရီကျော်က ယာဉ်တိုက်မှု သတင်းကြောင့် ကူညီရန်လိုက်ပါလာသော ဆွေမျိုးတစ်စုအား တင်ဆောင်ပြီး ကျောက်ဆည်မြို့နယ် စိုက်မလန်းကျေးရွာနေ ကျော်မင်း (၄၈)နှစ်မောင်းနှင်လာသည့် ၆က/---- ဟိုင်းလတ် ခရီးသည်တင်ယာဉ်သည် ရန်ကုန်-မန္တလေး လမ်းအတိုင်း မန္တလေးဘက်သို့ မောင်းနှင်လာစဉ် ဘုရားစုကျေးရွာအနီး ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင်အမှတ်(၃၆၄) အနီးတွင် အရှိန်မထိန်းနိုင်ဘဲ လမ်းညာဘက်ခြမ်းသို့ တိမ်းမှောက်သွားခဲ့ရာ ယာဉ်ပေါ်လိုက်ပါလာသူ နွားထိုးကြီးမြို့နယ် ကြာပန်းအိုင် ကျေးရွာနေ ကိုမောင်မောင်(၅ဝ)နှစ်၊ ကိုညွှန့်ဝင်း(၃၅)နှစ်၊ ကိုအောင်မြင့်(၅၅)နှစ်၊ ကိုမောင်လှ (၄၃)နှစ်၊ ရဲလင်းထွန်း(၂၃)နှစ်၊ အောင်သန်းဇော်(၃၅)နှစ်၊ ဒေါ်ကြည်မြ(၅၃)နှစ်၊ မဂျူးဖြူ(၃၇)နှစ်၊ မငယ် (၃၅)နှစ်၊ မဝင်းမြင့် (၄၃)နှစ်၊ ဒေါ်မိုးကြည် (၄ဝ) နှစ်၊ မညိုဝိုင်း (၄ဝ)နှစ်နှင့် မစန္ဒာ(၂၃)နှစ်တို့ အသီးသီး ဒဏ်ရာရရှိ သွားသဖြင့် ကူမဲဆေးရုံနှင့် မန္တလေးဆေးရုံတို့တွင် တက်ရောက်ကုသ နေရကြောင်း သိရသည်။ အဆိုပါ ယာဉ်တိုက်မှုများကို ဝမ်းတွင်းမြို့မ ရဲစခန်းမှ ယာဉ်(ပ) ၆/၂ဝ၁၄ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ နှင့် ရွှေတောင်နယ်မြေ ရဲစခန်းမှ ယာဉ်(ပ)၂/၂ဝ၁၄ ပြစ်မှုပုဒ်မ ၃ဝ၄(က)/၃၃၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment