Monday, February 24, 2014

ကျောက်မျက်တူးဖော်ရေး နိုင်ငံသား အမည်ခံ နိုင်ငံခြားသားများ လုပ်ဆောင် နေဟု ဦးတေဇပြောကြား

Photo: ကျောက်မျက်တူးဖော်ရေး နိုင်ငံသား အမည်ခံ နိုင်ငံခြားသားများ လုပ်ဆောင် နေဟု ဦးတေဇပြောကြား
Monday,February 24, 2014

ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများတွင် မြန်မာနိုင်ငံသားအမည်ခံပြီး နောက်ကွယ်မှ နိုင်ငံခြားကုမ္ပဏီများက တူးဖော်နေမှုများကို စိစစ်ကြီးကြပ် ပေးရန် မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးတေဇက ဖေဖော်ဝါရီ ၂၂ ရက် နံနက်ပိုင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် နိုင်ငံတော်သမ္မတနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်း ဆောင်ရွက်သူများ၊ စီးပွားရေးအသင်းအဖွဲ့များမှကိုယ်စားလှယ်များတွေ့ဆုံပွဲ၌ ပြောကြားခဲ့သည်။

" မြန်မာပြည်တိုးတက်ဖို့ မြန်မာလုပ်ငန်းရှင်တွေ အမှန်တကယ်ကြီးပွား တိုးတက်ဖို့လိုပါတယ်။ အဲဒီအပိုင်းမှာ ကျောက်မျက်တူးဖော်ရေးလုပ်ငန်းတွေ မှာရှိတာက မြန်မာအမည်ခံပြီးတော့ ပြည်ပကတူးတဲ့လူများမဖြစ်ဖို့ ကိစ္စကိုလည်း စီမံကြီးကြပ်ပေးဖို့ ကျွန်တော့် အနေနဲ့ တင်ပြပြောကြား လိုပါတယ် " ဟု ဦးတေဇက ကျောက်မျက်လုပ်ငန်းရှင် ၅၃၃ ဦး ကိုယ်စား သမ္မတသို့ တိုက်ရိုက် ပြောဆိုသည်။

မြန်မာနိုင်ငံသားများ အမည်ခံ၍ ပြည်ပမှဝင်ရောက် လုပ်ကိုင်နေသော ကုမ္ပဏီများ၏အမည်ကိုထုတ်ဖော်ပြောဆိုရန် ဦးတေဇက ငြင်းဆိုခဲ့ သော်လည်း မည်သည့်နိုင်ငံမှ အမည်ခံဝင်ရောက် လုပ်ကိုင်နေသည်ကိုမူ မီဒီယာများသို့ ပြောဆိုခဲ့သည်။

" ကျွန်တော် အားလုံးနဲ့ မတည့် အောင်ဘဲနေပါ့မယ်။ တရုတ်ပြည်က လည်းဝင်လုပ်နေပါတယ်။ အဲဒါမျိုးတွေ စိစစ်ပေးစေချင်ပါတယ်။ အမည်ခံပြီး လုပ်ခိုင်းတာမျိုးတွေ ကြားသိရပါတယ်။ ကုမ္ပဏီနာမည်တွေကို ထုတ်ဖော်ပြောဖို့ အတွက်တော့ ကျင့်ဝတ်ရှိတဲ့အတွက် နားလည်ပေးပါ။ ကျွန်တော်တို့က ကျွန်တော်တို့ မြန်မာလုပ်ငန်းရှင်တွေ တက်လာတာပဲ မြင်တွေ့ချင်ပါတယ် " ဟု ဦးတေဇကမီဒီယာများသို့ ပြောကြား သည်။

ကျောက်မျက် ရတနာလုပ်ငန်းရှင် များမှာထိပ်သီးဘဏ်များအပါအ၀င် မြန်မာနိုင်ငံတွင်ရှိသော အဓိကစီးပွားရေး လုပ်ငန်းပေါင်းစုံနီးပါးတွင် နေရာ ယူထားကြပြီး နိုင်ငံတော်အတွက် အခွန်ငွေများစွာရှာဖွေပေးနေသောလုပ်ငန်း
ဖြစ်ကြောင်း ၎င်းက ထောက်ပြပြောဆိုသည်။

" ၂၀၁၂ ခုနှစ် မတ်လမှာ ကျင်းပခဲ့တဲ့ ကျောက်မျက်ပွဲ တစ်ပွဲတည်းနဲ့တင် နိုင်ငံတော်အတွက် အခွန်ငွေ ကျပ်၂ ဒသမ ၄ ဘီလီယံရှာပေးနိုင်ခဲ့တယ်။ ဒါကြောင့် ကျောက်မျက်လုပ်ငန်းဟာ တိုင်းပြည်ရဲ့ ဂျီဒီပီရော လုပ်ငန်းပေါင်းစုံ ကိုပါ အထောက်အကူပြုနေတဲ့ လုပ်ငန်းတစ်ခုအနေနဲ့ အသိအမှတ်ပြုပြီး ပံ့ပိုးပေးနိုင်ဖို့ တင်ပြခြင်းဖြစ်ပါတယ် " ဟု ၎င်းက ပြောကြားသည်။

နိုင်ငံ၏ စီးပွားရေးနှင့်ပတ်သက်၍ အစိုးရ၏ မူဝါဒပိုင်းကို ပြတ်သားစွာ သိလိုပြီး နိုင်ငံတော်၏ စီမံကိန်းများကိုလည်း လုပ်ငန်းရှင်များသို့ ပြတ်ပြတ် သားသားချပြပေးခြင်းကို ခံယူလိုသည် ဟု ၎င်းကပြောဆိုသည်။

ဆက်လက်၍ နိုင်ငံတော်နှင့် ပူးပေါင်းပြီး စီမံကိန်းများ ဆွဲရန်လည်း အဆင်သင့်ရှိပါကြောင်း၊ လုပ်ဆောင်ချက်များ ကောင်းရင် ကောင်းသလို၊ မကောင်းရင် မကောင်းသလို ဆုပေး၊ ဒဏ်ပေးစနစ်ကို လက်ခံရန် အဆင်သင့် ရှိကြောင်း ၎င်းက ပြောဆိုခဲ့သည်။

နန္ဒ၊ အောင်မြင်ရဲဇော်

စံတော်ချိန် နေ့စဉ်သတင်းစာ
ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများတွင် မြန်မာနိုင်ငံသားအမည်ခံပြီး နောက်ကွယ်မှ နိုင်ငံခြားကုမ္ပဏီများ က တူးဖော်နေမှုများကို စိစစ်ကြီးကြပ် ပေးရန် မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးတေဇက ဖေဖော်ဝါရီ ၂၂ ရက် နံနက်ပိုင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် နိုင်ငံတော် သမ္မတနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်း ဆောင်ရွက်သူများ၊ စီးပွားရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ် များတွေ့ဆုံပွဲ၌ ပြောကြားခဲ့သည်။


" မြန်မာပြည်တိုးတက်ဖို့ မြန်မာလုပ်ငန်းရှင်တွေ အမှန်တကယ်ကြီးပွား တိုးတက်ဖို့လိုပါတယ်။ အဲဒီအပိုင်းမှာ ကျောက်မျက်တူးဖော်ရေးလုပ်ငန်းတွေ မှာရှိတာက မြန်မာအမည်ခံပြီးတော့ ပြည်ပကတူးတဲ့လူများမဖြစ်ဖို့ ကိစ္စကိုလည်း စီမံကြီးကြပ်ပေးဖို့ ကျွန်တော့် အနေနဲ့ တင်ပြပြောကြား လိုပါတယ် " ဟု ဦးတေဇက ကျောက်မျက် လုပ်ငန်းရှင် ၅၃၃ ဦး ကိုယ်စား သမ္မတသို့ တိုက်ရိုက် ပြောဆိုသည်။

မြန်မာနိုင်ငံသားများ အမည်ခံ၍ ပြည်ပမှဝင်ရောက် လုပ်ကိုင်နေသော ကုမ္ပဏီများ၏အမည်ကို ထုတ်ဖော်ပြောဆိုရန် ဦးတေဇက ငြင်းဆိုခဲ့ သော်လည်း မည်သည့်နိုင်ငံမှ အမည်ခံဝင်ရောက် လုပ်ကိုင်နေ သည်ကိုမူ မီဒီယာများသို့ ပြောဆိုခဲ့သည်။

" ကျွန်တော် အားလုံးနဲ့ မတည့် အောင်ဘဲနေပါ့မယ်။ တရုတ်ပြည်က လည်းဝင်လုပ်နေပါတယ်။ အဲဒါမျိုးတွေ စိစစ်ပေးစေချင်ပါတယ်။ အမည်ခံပြီး လုပ်ခိုင်းတာမျိုးတွေ ကြားသိရပါတယ်။ ကုမ္ပဏီနာမည်တွေကို ထုတ်ဖော်ပြောဖို့ အတွက်တော့ ကျင့်ဝတ်ရှိတဲ့အတွက် နားလည်ပေးပါ။ ကျွန်တော်တို့က ကျွန်တော်တို့ မြန်မာလုပ်ငန်းရှင်တွေ တက်လာတာပဲ မြင်တွေ့ချင်ပါတယ် " ဟု ဦးတေဇကမီဒီယာများသို့ ပြောကြား သည်။

ကျောက်မျက် ရတနာလုပ်ငန်းရှင် များမှာထိပ်သီးဘဏ်များအပါအ၀င် မြန်မာနိုင်ငံတွင်ရှိသော အဓိက စီးပွားရေး လုပ်ငန်းပေါင်းစုံနီးပါးတွင် နေရာ ယူထားကြပြီး နိုင်ငံတော်အတွက် အခွန်ငွေများစွာ ရှာဖွေပေးနေသော လုပ်ငန်း ဖြစ်ကြောင်း ၎င်းက ထောက်ပြပြောဆိုသည်။

" ၂၀၁၂ ခုနှစ် မတ်လမှာ ကျင်းပခဲ့တဲ့ ကျောက်မျက်ပွဲ တစ်ပွဲတည်းနဲ့တင် နိုင်ငံတော်အတွက် အခွန်ငွေ ကျပ်၂ ဒသမ ၄ ဘီလီယံရှာပေးနိုင်ခဲ့တယ်။ ဒါကြောင့် ကျောက်မျက်လုပ်ငန်းဟာ တိုင်းပြည်ရဲ့ ဂျီဒီပီရော လုပ်ငန်းပေါင်းစုံ ကိုပါ အထောက်အကူပြုနေတဲ့ လုပ်ငန်းတစ်ခုအနေနဲ့ အသိအမှတ်ပြုပြီး ပံ့ပိုးပေးနိုင်ဖို့ တင်ပြခြင်းဖြစ်ပါတယ် " ဟု ၎င်းက ပြောကြားသည်။

နိုင်ငံ၏ စီးပွားရေးနှင့်ပတ်သက်၍ အစိုးရ၏ မူဝါဒပိုင်းကို ပြတ်သားစွာ သိလိုပြီး နိုင်ငံတော်၏ စီမံကိန်းများ ကိုလည်း လုပ်ငန်းရှင်များသို့ ပြတ်ပြတ် သားသားချပြပေးခြင်းကို ခံယူလိုသည် ဟု ၎င်းကပြောဆိုသည်။

ဆက်လက်၍ နိုင်ငံတော်နှင့် ပူးပေါင်းပြီး စီမံကိန်းများ ဆွဲရန်လည်း အဆင်သင့်ရှိပါကြောင်း၊ လုပ်ဆောင် ချက်များ ကောင်းရင် ကောင်းသလို၊ မကောင်းရင် မကောင်းသလို ဆုပေး၊ ဒဏ်ပေးစနစ်ကို လက်ခံရန် အဆင် သင့် ရှိကြောင်း ၎င်းက ပြောဆိုခဲ့သည်။

နန္ဒ၊ အောင်မြင်ရဲဇော်
စံတော်ချိန် နေ့စဉ်သတင်းစာ

No comments:

Post a Comment