Saturday, February 1, 2014

တရားမ၀င် သစ်ခိုး ထုတ် မှု များကို ဖမ်းဆီး စစ်ဆေးစဉ် ကေအိုင်အေ အဖွဲ့မှ နှောက်ယှက် ပစ်ခတ်

Photo: တရားမ၀င် သစ်ခိုး ထုတ် မှု များကို ဖမ်းဆီး စစ်ဆေးစဉ် ကေအိုင်အေ အဖွဲ့မှ နှောက်ယှက် ပစ်ခတ်
Saturday, February 1, 2014

သစ်တောပြုံးတီးမှု၏ အဓိက အကြောင်းအရင်းဖြစ်သည့် တရားမ၀င် သစ်ခုတ်ခြင်း၊ တစ်ဖက် နိုင်ငံသို့ သစ်များ တရားမ၀င် ခိုးထုတ်ခြင်းများအား ဖော်ထုတ် ဖမ်းဆီး အရေးယူမှုများ ပြုလုပ်လျက်ရှိရာ ဇန်န၀ါရီလ ၃၀ ရက် နံနက်ပိုင်းက တရားမ၀င် သစ်ဖော်ထုတ်ဖမ်းဆီးရေးအဖွဲ့၊ သစ်တော လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံ တပ်မတော်သားများက ကချင်ပြည်နယ်၊ မန်စီမြို့နယ်၊ နန့်ကောက် ကျေးရွာအနီးတွင် တရုတ်နိုင်ငံသား (၁၀)ဦးပါသည့် ယမ်းဖောင်သစ်တင်ယာဉ်(၁၅)စီး၊ ၆ဘီး ယာဉ်(၆)စီး၊ စုစုပေါင်း ယာဉ် (၂၁)စီးကို ရပ်တန့်စစ်ဆေးခဲ့ပါသည်။ စစ်ဆေးရာတွင် ယာဉ်များပေါ်တွင် တရားမ၀င် သစ်မျိုးစုံ တန်(၇၀)ခန့်ကို တွေ့ရှိ ဖမ်းဆီး ရမိခဲ့ပါသည်။

ထိုသို့ ဖမ်းဆီးရမိ သစ်များကို စစ်ဆေးနေစဉ် ကေအိုင်အေ အဖွဲ့မှ အင်အား (၃၀)ဦးခန့်သည် စစ်ဆေးရေးအဖွဲ့ စစ်ဆေးနေသည့် နေရာသို့ လက်နက်ငယ်များဖြင့် လာရောက် နှောက်ယှက်ပစ်ခတ်ခဲ့ပါသည်။ စစ်ဆေးရေး အဖွဲ့တွင် လုံခြုံရေးအဖြစ်လိုက်ပါလာသည့် တပ်မတော်သားများမှ ပြည်လည်ခုခံ ပစ်ခတ်မှုကြောင့် ကေအိုင်အေ အဖွဲ့မှ ပြန်လည် ဆုတ်ခွာ သွားကြပါသည်။ အဆိုပါ ဖြစ်စဉ်ကြောင့် ထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရပါသည်။

တရားမ၀င် သစ်ခိုးထုတ်မှုများတွင် ကေအိုင်အေအဖွဲ့သည် ပါဝင်ပတ်သက်လျက်ရှိပြီး သစ်ခိုးထုတ်သူများထံမှ ဆက်ကြေးငွေကောက်ခံ၍ လုံခြုံရေးအတွက် တာဝန် ယူပေးလျက်ရှိပြီး သစ်တောဦးစီးဌာန၏ တရားမ၀င် သစ်များ ဖော်ထုတ် ဖမ်းဆီးရေး အဖွဲ့များကို နှောက်ယှက် ပစ်ခတ်လေ့ရှိကြောင်း သိရှိရပါသည်။

မြ၀တီ
သစ်တောပြုံးတီးမှု၏ အဓိက အကြောင်းအရင်းဖြစ်သည့် တရားမ၀င် သစ်ခုတ်ခြင်း၊ တစ်ဖက် နိုင်ငံသို့ သစ်များ တရားမ၀င် ခိုးထုတ်ခြင်းများအား ဖော်ထုတ် ဖမ်းဆီး အရေးယူမှုများ ပြုလုပ်လျက် ရှိရာ ဇန်န၀ါရီ လ ၃၀ ရက် နံနက်ပိုင်းက တရားမ၀င် သစ်ဖော်ထုတ် ဖမ်းဆီးရေးအဖွဲ့၊ သစ်တော လုံခြုံရေး ရဲတပ်ဖွဲ့ဝင် များနှင့် နယ်မြေခံ တပ်မတော်သားများက ကချင်ပြည်နယ်၊ မန်စီမြို့နယ်၊ နန့်ကောက် ကျေးရွာအနီးတွင် တရုတ်နိုင်ငံသား (၁၀)ဦးပါသည့် ယမ်းဖောင်သစ်တင်ယာဉ်(၁၅)စီး၊ ၆ဘီး ယာဉ်(၆)စီး၊ စုစုပေါင်း ယာဉ် (၂၁)စီးကို ရပ်တန့် စစ်ဆေးခဲ့ပါသည်။ စစ်ဆေးရာတွင် ယာဉ်များပေါ်တွင် တရားမ၀င် သစ်မျိုးစုံ တန်(၇၀)ခန့်ကို တွေ့ရှိ ဖမ်းဆီး ရမိခဲ့ပါသည်။

ထိုသို့ ဖမ်းဆီးရမိ သစ်များကို စစ်ဆေးနေစဉ် ကေအိုင်အေ အဖွဲ့မှ အင်အား (၃၀)ဦးခန့်သည် စစ်ဆေးရေး အဖွဲ့ စစ်ဆေးနေသည့် နေရာသို့ လက်နက်ငယ်များဖြင့် လာရောက် နှောက်ယှက်ပစ်ခတ်ခဲ့ပါသည်။ စစ်ဆေးရေး အဖွဲ့တွင် လုံခြုံရေးအဖြစ်လိုက်ပါလာသည့် တပ်မတော်သားများမှ ပြည်လည်ခုခံ ပစ်ခတ်မှုကြောင့် ကေအိုင်အေ အဖွဲ့မှ ပြန်လည် ဆုတ်ခွာ သွားကြပါသည်။ အဆိုပါ ဖြစ်စဉ်ကြောင့် ထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရပါသည်။

တရားမ၀င် သစ်ခိုးထုတ်မှုများတွင် ကေအိုင်အေအဖွဲ့သည် ပါဝင်ပတ်သက်လျက်ရှိပြီး သစ်ခိုးထုတ်သူများ ထံမှ ဆက်ကြေးငွေကောက်ခံ၍ လုံခြုံရေးအတွက် တာဝန် ယူပေးလျက်ရှိပြီး သစ်တောဦးစီးဌာန၏ တရားမ၀င် သစ်များ ဖော်ထုတ် ဖမ်းဆီးရေး အဖွဲ့များကို နှောက်ယှက် ပစ်ခတ်လေ့ရှိကြောင်း သိရှိရပါသည်။

မြ၀တီ

No comments:

Post a Comment