Saturday, February 1, 2014

ရန်ပုံငွေ ခွဲဝေ ချထားမှုတွင် ကျန်းမာရေး အသုံးစရိတ်သည် အဆင့် (၇) နေရာတွင်ရှိ နိုင်ငံ့စီးပွား တိုးတက် လာပါက ပိုမိုတိုးမြှင့် ခွဲဝေပေးနိုင်မည်

Photo: ရန်ပုံငွေ ခွဲဝေ ချထားမှုတွင် ကျန်းမာရေး အသုံးစရိတ်သည် အဆင့် (၇) နေရာတွင်ရှိ နိုင်ငံ့စီးပွား တိုးတက် လာပါက ပိုမိုတိုးမြှင့် ခွဲဝေပေးနိုင်မည်
Saturday, February 1, 2014

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည်ယနေ့နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ရုံးအမှတ် (၁၈) ရှိ နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပသော ကျန်းမာရေး ကဏ္ဍ မြှင့်တင် ဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက် ဆွေးနွေးသည်။

ဒုတိယသမ္မတက ဆွေးနွေးပြောကြားရာတွင် ယခုဆွေးနွေးပွဲသည် ကျန်းမာရေးကဏ္ဍကို မြှင့်တင်ဆောင် ရွက်နိုင်မည့် နည်းလမ်းများကို လေ့လာဆန်းစစ် ဆွေးနွေးကြရန် ဖြစ်ပါကြောင်း၊ မိမိတို့ အစိုးရ တာဝန်ယူ ဆောင်ရွက်နေသည့်ကာလ သုံးနှစ်နီးပါး ရှိချိန်တွင် ကျန်းမာရေးကဏ္ဍ၌ ပြုပြင်ပြောင်းလဲရန် လိုအပ်ချက်များ ရှိနေသေးသဖြင့် ဤဆွေးနွေးပွဲကို ကျင်းပခြင်း ဖြစ်ပါကြောင်း၊ အစိုးရ အဖွဲ့သစ် တာဝန်ယူပြီးနောက်လပိုင်း အတွင်းမှာပင် ကျန်းမာရေးကဏ္ဍဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တစ်ခုကို ကျင်းပခဲ့ပြီး ယင်းဆွေးနွေးပွဲတွင် အငြိမ်းစား ပညာရှင်ကြီးများနှင့် တာဝန်ထမ်းဆောင်ဆဲ ပညာရှင်များ ပါဝင်ဆွေးနွေးခဲ့ကြ၍ ဆွေးနွေးပွဲရလဒ် များကို အကောင်အထည် ဖော်ခဲ့ပါကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာနတွင် ဦးစီးဌာန (၇) ခုရှိပြီး ကျန်းမာရေး ဦးစီးဌာန တစ်ခုတည်းက ဝန်ကြီးဌာနတစ်ခုလုံး၏ လုပ်ငန်းတာဝန်၏ ၈ဝ ရာခိုင်နှုန်းခန့်ကို တာဝန်ယူ ဆောင်ရွက်နေရ၍ တခြားသော ဦးစီးဌာနများသို့ လိုအပ်ပါက တာဝန်များခွဲဝေပေးခြင်းဖြင့် လုပ်ငန်း ပိုမို မြန်ဆန်အောင်မြင်မည်ဟု သုံးသပ် အကြံဥာဏ် ပေးခဲ့ဖူးကြောင်း၊ ဖြစ်နိုင်သည်၊ မဖြစ်နိုင်သည်မှာ ပညာရှင် များကဆွေးနွေး ဆုံးဖြတ်ကြရမည် ဖြစ်ပါကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ရာတွင် ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများရှိပြီး ရောဂါ ကြိုတင်ကာကွယ်ရာ၌ ကာကွယ်၍ ရသည့်ရောဂါများ ရှိသကဲ့သို့ ကြိုတင်ကာကွယ်၍ မရသည့် ရောဂါများလည်း ရှိပါကြောင်း၊ ကျန်းမာရေး အသိရှိသော နေထိုင်မှုစနစ်သည် သာလျှင် ဖြစ်ပွားနိုင်သည့် ရောဂါများကို အနည်းနှင့်အများ ကြိုတင် ကာကွယ်နိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် ငယ်စဉ်ကတည်းက ကျန်းမာ ရေးအသိဖြင့် နေထိုင်စားသောက်တတ်စေရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ကုသရေး အပိုင်းကို ဆွေးနွေးရ လျှင်မြန်မာနိုင်ငံတွင် ဆရာဝန်ဦးရေ သုံးသောင်းဝန်းကျင်ရှိပြီး ၎င်းတို့အနက် သုံးပုံတစ်ပုံသာ အစိုးရ ဝန်ထမ်း အဖြစ် တာဝန်ထမ်းဆောင်လျက် ရှိပါကြောင်း၊ ထို့အတူ သူနာပြုနှင့် သားဖွားဆရာမများလည်း လိုအပ်ချက် ရှိနေပါသေးကြောင်း၊ တစ်နိုင်ငံလုံးရှိ လူဦးရေ၏ ၇ဝ ရာခိုင်နှုန်းမှာ ကျေးရွာပေါင်း ၆၄ဝဝဝ ကျော် အတွင်း မှီတင်းနေထိုင်လျက်ရှိပြီး ယင်းကျေးရွာတိုင်းသို့ ဆရာဝန်များ၊ သူနာပြုနှင့် သားဖွားများ ရောက်အောင် မသွား နိုင်ပါကြောင်း၊ အရန် သားဖွားဆရာမများ၊ ကျန်းမာရေး လုပ်သားများကို သင်တန်းပေး စေလွှတ် ခန့်ထား နိုင်မည်ဆိုလျှင် အခြေခံလူတန်းစားများအတွက် ပဏာမ ကျန်းမာရေး စောင့်ရှောက်မှု၊ လွှမ်းခြုံမှုကို အနည်း နှင့်အများရရှိစေမည်ဟု ယူဆရပါကြောင်း၊ ထို့အတူ ပြည်ပသို့ သွားရောက် ဆေးဝါးကုသမှု စရိတ်မှာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၂ဝဝ ခန့် ကုန်ကျနေပါ၍ နိုင်ငံတော်၏ ဆေးရုံများနှင့် ပုဂ္ဂလိက ဆေးရုံများတွင် ဆေးဝါးကုသမှုဆိုင်ရာ အထောက်အကူပစ္စည်းများ ပြည့်စုံမှုမရှိသေးသဖြင့် ထိုသို့ သွားရောက်ကုသနေရခြင်း ဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ လိုအပ်သည့် နိုင်ငံတကာအဆင့်မီ ဆေးရုံ၊ ဆေးခန်းနှင့် အထောက်အကူ ပစ္စည်းများကို ထောက်ပံ့ဖြည့်ဆည်း ပေးရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော် အနေဖြင့် ကျန်းမာရေး ကဏ္ဍကို မြှင့်တင်နိုင်ရန်အတွက် နှစ်စဉ် ကျန်းမာရေးရန်ပုံငွေကို တိုးမြှင့် ချထားပေးပြီး ဖြစ်ပါ ကြောင်း၊ သို့သော် ရနိုင်သည့်ပမာဏသည် ပြည့်မီခြင်း မရှိသေးဘဲ နည်းပါးနေသေးပါကြောင်း၊ နိုင်ငံ၏ ရန်ပုံငွေ ခွဲဝေချထားမှုတွင် ကျန်းမာရေး အသုံးစရိတ်သည် အဆင့် (၇) နေရာတွင်ရှိပြီး နိုင်ငံ့စီးပွား တိုးတက် လာပါက ပိုမိုတိုးမြှင့် ခွဲဝေပေးနိုင်မည် ဖြစ်ပါကြောင်း၊ ကျန်းမာရေးကဏ္ဍ မြှင့်တင်ရေး အတွက် ကျင်းပသည့် ယခုဆွေး နွေးပွဲတွင် တက်ရောက်လာသူအားလုံးက လိုအပ်သည်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြရန် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက ပညာရေး၊ ကျန်းမာရေး ကဏ္ဍဆိုင်ရာများကို ရှင်းလင်း ဆွေးနွေးသည်။

ယင်းနောက် အမျိုးသား ကျန်းမာရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေသက်ခင်က ကျန်းမာရေးကဏ္ဍ မြင့်မားရေး အတွက် ဖြည့်စွက် ဆွေးနွေး တင်ပြသည်။ မွန်းလွဲပိုင်းတွင် ကျန်းမာရေး ဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက ကျန်းမာရေး ကဏ္ဍ မြှင့်တင် ဆောင်ရွက်ရေး ဆိုင်ရာများနှင့် ပတ်သက်၍ ဝိုင်းဝန်း ဆွေးနွေး အကြံပြုခဲ့ကြသည်။

မြ၀တီ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ယနေ့နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ရုံးအမှတ် (၁၈) ရှိ နိုင်ငံတော်သမ္မတရုံး အစည်းအဝေး ခန်းမ၌ ဆက်လက်ကျင်းပသော ကျန်းမာရေး ကဏ္ဍ မြှင့်တင် ဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေး ပွဲသို့ တက်ရောက် ဆွေးနွေးသည်။

ဒုတိယသမ္မတက ဆွေးနွေးပြောကြားရာတွင် ယခုဆွေးနွေးပွဲသည် ကျန်းမာရေးကဏ္ဍကို မြှင့်တင်ဆောင် ရွက်နိုင်မည့် နည်းလမ်းများကို လေ့လာဆန်းစစ် ဆွေးနွေးကြရန် ဖြစ်ပါကြောင်း၊ မိမိတို့ အစိုးရ တာဝန် ယူ ဆောင်ရွက်နေသည့်ကာလ သုံးနှစ်နီးပါး ရှိချိန်တွင် ကျန်းမာရေးကဏ္ဍ၌ ပြုပြင်ပြောင်းလဲရန် လိုအပ် ချက် များ ရှိနေသေးသဖြင့် ဤဆွေးနွေးပွဲကို ကျင်းပခြင်း ဖြစ်ပါကြောင်း၊ အစိုးရ အဖွဲ့သစ် တာဝန်ယူ ပြီးနောက်လပိုင်း အတွင်းမှာပင် ကျန်းမာရေးကဏ္ဍဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တစ်ခုကို ကျင်းပခဲ့ပြီး ယင်းဆွေးနွေးပွဲတွင် အငြိမ်းစား ပညာရှင်ကြီးများနှင့် တာဝန်ထမ်းဆောင်ဆဲ ပညာရှင်များ ပါဝင်ဆွေးနွေး ခဲ့ကြ၍ ဆွေးနွေးပွဲရလဒ် များကို အကောင်အထည် ဖော်ခဲ့ပါကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာနတွင် ဦးစီးဌာန (၇) ခုရှိပြီး ကျန်းမာရေး ဦးစီးဌာန တစ်ခုတည်းက ဝန်ကြီးဌာနတစ်ခုလုံး၏ လုပ်ငန်းတာဝန်၏ ၈ဝ ရာခိုင်နှုန်းခန့်ကို တာဝန်ယူ ဆောင်ရွက်နေရ၍ တခြားသော ဦးစီးဌာနများသို့ လိုအပ်ပါက တာဝန်များခွဲဝေပေးခြင်းဖြင့် လုပ်ငန်း ပိုမို မြန်ဆန်အောင်မြင် မည်ဟု သုံးသပ် အကြံဥာဏ် ပေးခဲ့ ဖူးကြောင်း၊ ဖြစ်နိုင်သည်၊ မဖြစ်နိုင်သည်မှာ ပညာရှင် များကဆွေးနွေး ဆုံးဖြတ်ကြ ရမည် ဖြစ်ပါကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ရာတွင် ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများရှိပြီး ရောဂါ ကြိုတင်ကာကွယ်ရာ၌ ကာကွယ်၍ ရသည့်ရောဂါများ ရှိသကဲ့သို့ ကြိုတင်ကာကွယ်၍ မရသည့် ရောဂါများလည်း ရှိပါကြောင်း၊ ကျန်းမာရေး အသိရှိသော နေထိုင်မှုစနစ်သည် သာလျှင် ဖြစ်ပွားနိုင်သည့် ရောဂါများကို အနည်းနှင့်အများ ကြိုတင် ကာကွယ်နိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် ငယ်စဉ်ကတည်းက ကျန်းမာ ရေးအသိဖြင့် နေထိုင် စားသောက် တတ်စေရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ကုသရေး အပိုင်းကို ဆွေးနွေးရ လျှင်မြန်မာနိုင်ငံတွင် ဆရာဝန်ဦးရေ သုံးသောင်းဝန်းကျင်ရှိပြီး ၎င်းတို့အနက် သုံးပုံတစ်ပုံသာ အစိုးရ ဝန်ထမ်း အဖြစ် တာဝန်ထမ်းဆောင်လျက် ရှိပါကြောင်း၊ ထို့အတူ သူနာပြုနှင့် သားဖွားဆရာမများလည်း လိုအပ်ချက် ရှိနေပါသေးကြောင်း၊ တစ်နိုင်ငံလုံးရှိ လူဦးရေ၏ ၇ဝ ရာခိုင်နှုန်းမှာ ကျေးရွာပေါင်း ၆၄ဝဝဝ ကျော် အတွင်း မှီတင်းနေထိုင် လျက်ရှိပြီး ယင်းကျေးရွာ တိုင်းသို့ ဆရာဝန်များ၊ သူနာပြုနှင့် သားဖွားများ ရောက်အောင် မသွား နိုင် ပါကြောင်း၊ အရန် သားဖွားဆရာမများ၊ ကျန်းမာရေး လုပ်သားများကို သင်တန်းပေး စေလွှတ် ခန့်ထား နိုင်မည်ဆိုလျှင် အခြေခံလူတန်းစားများအတွက် ပဏာမ ကျန်းမာရေး စောင့်ရှောက်မှု၊ လွှမ်းခြုံမှုကို အနည်း နှင့်အများရရှိစေမည်ဟု ယူဆရပါကြောင်း၊ ထို့အတူ ပြည်ပသို့ သွားရောက် ဆေးဝါးကုသမှု စရိတ်မှာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၂ဝဝ ခန့် ကုန်ကျနေပါ၍ နိုင်ငံတော်၏ ဆေးရုံများနှင့် ပုဂ္ဂလိက ဆေးရုံများတွင် ဆေးဝါးကုသမှုဆိုင်ရာ အထောက်အကူပစ္စည်းများ ပြည့်စုံမှုမရှိသေးသဖြင့် ထိုသို့ သွားရောက်ကုသနေရခြင်း ဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ လိုအပ်သည့် နိုင်ငံတကာ အဆင့်မီ ဆေးရုံ၊ ဆေး ခန်းနှင့် အထောက်အကူ ပစ္စည်းများ ကို ထောက်ပံ့ဖြည့်ဆည်း ပေးရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော် အနေဖြင့် ကျန်းမာရေး ကဏ္ဍကို မြှင့်တင်နိုင်ရန်အတွက် နှစ်စဉ် ကျန်းမာရေးရန်ပုံငွေကို တိုးမြှင့် ချ ထားပေးပြီး ဖြစ်ပါ ကြောင်း၊ သို့သော် ရနိုင်သည့်ပမာဏသည် ပြည့်မီခြင်း မရှိသေးဘဲ နည်းပါးနေသေး ပါကြောင်း၊ နိုင်ငံ၏ ရန်ပုံငွေ ခွဲဝေချထားမှုတွင် ကျန်းမာရေး အသုံးစရိတ်သည် အဆင့် (၇) နေရာ တွင်ရှိပြီး နိုင်ငံ့စီးပွား တိုးတက် လာပါက ပိုမိုတိုးမြှင့် ခွဲဝေပေးနိုင်မည် ဖြစ်ပါကြောင်း၊ ကျန်းမာရေး ကဏ္ဍ မြှင့်တင်ရေး အတွက် ကျင်းပသည့် ယခုဆွေး နွေးပွဲတွင် တက်ရောက်လာသူအားလုံးက လိုအပ် သည် များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြ ရန် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက ပညာရေး၊ ကျန်းမာရေး ကဏ္ဍဆိုင်ရာ များကို ရှင်း လင်း ဆွေးနွေးသည်။

ယင်းနောက် အမျိုးသား ကျန်းမာရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေသက်ခင်က ကျန်းမာရေးကဏ္ဍ မြင့်မားရေး အတွက် ဖြည့်စွက် ဆွေးနွေး တင်ပြသည်။ မွန်းလွဲပိုင်းတွင် ကျန်းမာရေး ဝန်ကြီး ဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက ကျန်းမာရေး ကဏ္ဍ မြှင့်တင် ဆောင်ရွက်ရေး ဆိုင်ရာများနှင့် ပတ်သက်၍ ဝိုင်းဝန်း ဆွေးနွေး အကြံပြုခဲ့ကြသည်။

မြ၀တီ

No comments:

Post a Comment