Thursday, February 20, 2014

ဇာတိမြေကို မစွန့်ခွာလိုသည့် သမီးကလေး ကျေးရွာနေသူများ DKBA အဖွဲ့နှင့် လိုက်ပါခြင်းမရှိ

Photo: ဇာတိမြေကို မစွန့်ခွာလိုသည့် သမီးကလေး ကျေးရွာနေသူများ DKBA အဖွဲ့နှင့် လိုက်ပါခြင်းမရှိ
Thursday, February 20, 2014

ပဲခူးတိုင်းဒေသကြီး အလိုင်နီဆည် အနီးရှိ အောင်သိဒ္ဓိ ဘုန်းတော်ကြီး ပညာသင်ကျောင်းတွင် ယာယီခိုလှုံနေသော သမီးကလေးကျေးရွာ နေသူများကို ဖေဖော်ဝါရီလ ၁၉ ရက် နံနက် ၁၀ နာရီခန့်က ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) အဖွဲ့မှ ၁၂ ဘီး ယာဉ်များဖြင့် ကရင်ပြည်နယ်သို့ ပြောင်းရွှေ့နေထိုင်ရန် လာရောက် ခေါ်ဆောင်သော်လည်း မွေးရပ်ဇာတိမြေ မစွန့်ခွာလိုသဖြင့် အဆိုပါအဖွဲ့နှင့် လတ်တလောတွင် လိုက်ပါခြင်း မရှိကြောင်း ယင်းကျေးရွာနေသူများထံမှ သိရှိရသည်။

DKBA အရာရှိကြီးတွေက နေစရာမရှိရင် ကူညီပေးမယ်လို့ ပြောခဲ့တဲ့အတိုင်း ဒီနေ့ကားကြီးတွေနဲ့ လာခေါ်တယ်။ ဟိုရောက်ရင် စားရေး ဒုက္ခရောက်မှာစိုးလို့ ဆန်နဲ့ အခြားရိက္ခာ ပစ္စည်းတွေပါ ရွာသားတွေအတွက် ဝယ်လာခဲ့တယ်။ ဒါပေမဲ့ လူဆိုတာ ကိုယ့်ဇာတိမှာ နေချင်တာကြောင့် မလိုက်သွားတာပါ။ လုံးဝနေခွင့်မရတော့တဲ့ အခြေအနေ ရောက်ခဲ့ရင်တော့ လိုက်သွားမယ်” ဟု သမီးကလေး ကျေးရွာသား ကိုကျော်စိန်ဦးက ပြောကြားသည်။

ဘုန်းတော်ကြီးကျောင်းတွင်း ယာယီ နေထိုင်နေသော သမီးကလေး ကျေးရွာမှ လူဦးရေ ၅၀၀ ကျော်ကို သက်ဆိုင်ရာ တာဝန်ရှိသူများက နေရာမပေးဘဲ ချက်ချင်း ဖယ်ရှားနေမှုကြောင့် DKBA ဌာနချုပ်၏ ထိန်းချုပ်နယ်မြေအတွင်း နေထိုင်ခွင့်ပြုမည်ဟု ဖေဖော်ဝါရီ ၁၅ ရက်နေ့က ပြောကြားထားသည့်အတိုင်း ဖေဖော်ဝါရီလ ၁၉ ရက် နံနက်ပိုင်းတွင် အဆိုပါ ဘုန်းတော်ကြီးကျောင်းသို့ ၁၂ ဘီးယာဉ်၊ ၁၀ ဘီးယာဉ်များဖြင့် လာရောက် ခေါ်ဆောင်ခြင်း ဖြစ်ကြောင်း ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) နည်းဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က The Voice သို့ ပြောကြားသည်။
“လူဆိုရင် အိုးအိမ်ဆိုတာ ရှိရမယ်။ အခု ဒုက္ခရောက်နေသူတွေကို DKBA က နေစရာ မြေနေရာ ကူညီပေးမယ်။ အစိုးရ အဖွဲ့မဟုတ်လို့ အိမ်တော့ မဆောက်ပေးနိုင်ပေမယ့် ကိုယ့်ဘာသာ သစ်ဝါးခုတ်ပြီး အိမ်ဆောက် နေထိုင်လို့ရအောင် စီမံပေးမယ်။ တောင်ယာလုပ်ကိုင် စားသောက်လို့ရအောင် ကူညီပေးသွားမယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ဖယ်ရှားပေးရန် အမိန့်စာ ထုတ်ပြန်ခံထားရသော ဒုက္ခသည်များ ရွှေ့ပြောင်း နေထိုင်နိုင်ရန် မြဝတီမြို့နယ် ဆုံဆည်းမြိုင်အနီးရှိ ကျောက်ခတ်ကျေးရွာတွင် တစုတဝေးတည်း နေထိုင်နိုင်ရန် လတ်တလော စီစဉ်ထားပြီး ယင်းအနီးရှိ ကျေးရွာများတွင်လည်း မိမိစိတ်ကြိုက် ရွေးချယ်ကာ နေထိုင်ခွင့်ပြုမည် ဖြစ်ကြောင်း ဗိုလ်မှူးကြီး စောဆန်းအောင်က ရှင်းလင်းပြောကြားသည်။
“DKBA က ကူညီမယ်လို့ ပြောခဲ့တုန်းက လိုက်မယ်လို့ ကတိပေးမထားပါဘူး။ မနေ့ည ၁၁ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးက ဦးပဉ္စင်းဆီ ဖုန်းဆက်ပြီး ဓမ္မာရုံထဲ ရွှေ့ပြောင်းနေသူတွေကို ဖယ်ခိုင်းတယ်။ ကလေးငယ်တွေ စာမေးပွဲပြီးချိန် တစ်ပတ်ကြာမှ အားလုံးဖယ်ပေးနိုင်မယ့်လို့တော့ အကြောင်းပြန်ခဲ့တယ်။ လုံးဝအကျပ်အတည်း ဖြစ်လာရင်တော့ သူတို့တွေ DKBA နောက် လိုက်သွားရမှာပေါ့လေ။ ဒီကြားမှာ နေစရာ မြေပြန်ရအောင် ပြည်သူတွေရဲ့ အကူအညီယူပြီး နိုင်ငံ့လူကြီးတွေထံမှာ အကူအညီ တောင်းရမှာပဲ” ဟု အောင်သိဒ္ဓိကျောင်းထိုင် ဆရာတော် အရှင်အဂ္ဂဓမ္မက မိန့်ကြားသည်။

DKBA ဌာနချုပ်၏ ထိန်းချုပ် နယ်မြေအတွင်း လိုက်ပါနေထိုင်သူများ၏ စားဝတ်နေရေး အဆင်ပြေစေရန် DKBA အဖွဲ့နှင့်အတူ မွန်ပြည်နယ် ဒေသခံများနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ လူမှုကွန်ရက်အဖွဲ့များမှ စုပေါင်းကာ ဆန်အိတ် ၁၀၀ ကျော်၊ ကော်ဖီထုပ်၊ ငါးသေတ္တာဘူး ၆၀၀ ကျော်၊ ဟင်းသီးဟင်းရွက်များ လှူဒါန်းခဲ့ကြောင်း လူမှုဘဝ တိုးတက်မြင့်မားရေးအသင်းမှ ဦးနေမျိုးဇင်က ပြောကြားသည်။
“အမှန်တကယ် ဒုက္ခရောက်တဲ့ မိသားစုဝင်တွေရဲ့ စာရင်းကောက်ပြီး မြေနေရာတစ်ခု ရရှိအောင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေဆီကို အသနားခံစာ တင်ပြထားပါတယ်။ အစိုးရပိုင်းက လက်မခံနိုင်ဘူး ဆိုရင်တော့ DKBA နဲ့ လိုက်သွားပြီး အဆင်ပြေစွာ နေထိုင်စားသောက်နိုင်ဖို့ DKBA က တာဝန်ရှိ အရာရှိပိုင်းတွေနဲ့ တိုင်ပင် ဆွေးနွေးထားပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အစိုးရက ကျူးကျော်သူများကို အင်အားသုံး ဖယ်ရှားမှုကြောင့် နေစရာမရှိ ဒုက္ခရောက်နေသူများကို DKBA အဖွဲ့က ကူညီဆောင်ရွက်ပေးခြင်းနှင့် ပတ်သက်၍ အစိုးရကို ယှဉ်ပြိုင်ချင်း မဟုတ်ဘဲ လူသားချင်း စာနာထောက်ထားစိတ်ဖြင့် ကူညီခြင်းဖြစ်ပြီး အဖွဲ့အတွင်းသို့ ဝင်ခိုင်းရန် အစီအစဉ် မရှိကြောင်း၊ သမီးကလေး ကျေးရွာအပြင် အခြားဖယ်ရှားခံရသော မြေနေရာ မဲ့နေသူများအတွက် ဆက်လက်ကူညီ ဆောင်ရွက်ပေးနိုင်ရန် တိုင်းရင်းသားလူမျိုးများ၊ လူမှုကွန်ရက် အသင်းအဖွဲ့တို့နှင့် ဆွေးနွေးလျက် ရှိပြီး ပူးပေါင်း ဆောင်ရွက်ရန် စီစဉ်နေကြောင်း DKBA မှ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က The Voice သို့ ပြောကြားသည်။

လှည်းကူးမြို့နယ်ရှိ တပ်ပိုင်မြေတွင် ကျူးကျော် နေထိုင်သည်ဟုဆိုကာ ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းက သက်ဆိုင်ရာက အင်အားသုံး ဖယ်ရှားခဲ့သော သမီးကလေးကျေးရွာမှ အိမ်ထောင်စုပေါင်း ၁၅၀ ခန့်၊ လူဦးရေ ၅၀၀ ကျော်မှာ အောင်သိဒ္ဓိ ဘုန်းတော်ကြီးကျောင်းတွင် ဖယ်ရှားခံရသောနေ့မှ စတင်နေထိုင်ခဲ့ပြီး လာရောက် လှူဒါန်းသော အလှူရှင်များ၏ အကူအညီဖြင့် ကျောင်းထိုင် ဆရာတော်က ကူညီစောင့်ရှောက် ထားရကြောင်း အောင်သိဒ္ဓိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးအဂ္ဂဓမ္မက မိန့်ကြားသည်။

The Voice Weekly
ပဲခူးတိုင်းဒေသကြီး အလိုင်နီဆည် အနီးရှိ အောင်သိဒ္ဓိ ဘုန်းတော်ကြီး ပညာသင်ကျောင်းတွင် ယာယီ ခိုလှုံနေသော သမီးကလေးကျေးရွာ နေသူများကို ဖေဖော်ဝါရီလ ၁၉ ရက် နံနက် ၁၀ နာရီခန့်က ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) အဖွဲ့မှ ၁၂ ဘီး ယာဉ်များဖြင့် ကရင်ပြည်နယ်သို့ ပြောင်းရွှေ့နေ ထိုင်ရန် လာရောက် ခေါ်ဆောင်သော်လည်း မွေးရပ်ဇာတိမြေ မစွန့်ခွာလိုသဖြင့် အဆိုပါအဖွဲ့နှင့် လတ်တလောတွင် လိုက်ပါခြင်း မရှိကြောင်း ယင်းကျေးရွာနေသူများထံမှ သိရှိရသည်။


DKBA အရာရှိကြီးတွေက နေစရာမရှိရင် ကူညီပေးမယ်လို့ ပြောခဲ့တဲ့အတိုင်း ဒီနေ့ကားကြီးတွေနဲ့ လာခေါ် တယ်။ ဟိုရောက်ရင် စားရေး ဒုက္ခရောက်မှာစိုးလို့ ဆန်နဲ့ အခြားရိက္ခာ ပစ္စည်းတွေပါ ရွာသားတွေအတွက် ဝယ်လာခဲ့တယ်။ ဒါပေမဲ့ လူဆိုတာ ကိုယ့်ဇာတိမှာ နေချင်တာကြောင့် မလိုက်သွားတာပါ။ လုံးဝနေခွင့်မရတော့တဲ့ အခြေအနေ ရောက်ခဲ့ရင်တော့ လိုက်သွားမယ်” ဟု သမီးကလေး ကျေးရွာသား ကိုကျော်စိန်ဦးက ပြောကြားသည်။

ဘုန်းတော်ကြီးကျောင်းတွင်း ယာယီ နေထိုင်နေသော သမီးကလေး ကျေးရွာမှ လူဦးရေ ၅၀၀ ကျော်ကို သက်ဆိုင်ရာ တာဝန်ရှိသူများက နေရာမပေးဘဲ ချက်ချင်း ဖယ်ရှားနေမှုကြောင့် DKBA ဌာနချုပ်၏ ထိန်းချုပ်နယ်မြေအတွင်း နေထိုင်ခွင့်ပြုမည်ဟု ဖေဖော်ဝါရီ ၁၅ ရက်နေ့က ပြောကြားထားသည့်အတိုင်း ဖေဖော်ဝါရီလ ၁၉ ရက် နံနက်ပိုင်းတွင် အဆိုပါ ဘုန်းတော်ကြီးကျောင်းသို့ ၁၂ ဘီးယာဉ်၊ ၁၀ ဘီးယာဉ်များဖြင့် လာရောက် ခေါ်ဆောင်ခြင်း ဖြစ်ကြောင်း ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) နည်းဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က The Voice သို့ ပြောကြားသည်။
“လူဆိုရင် အိုးအိမ်ဆိုတာ ရှိရမယ်။ အခု ဒုက္ခရောက်နေသူတွေကို DKBA က နေစရာ မြေနေရာ ကူညီပေးမယ်။ အစိုးရ အဖွဲ့မဟုတ်လို့ အိမ်တော့ မဆောက်ပေးနိုင်ပေမယ့် ကိုယ့်ဘာသာ သစ်ဝါးခုတ်ပြီး အိမ်ဆောက် နေထိုင်လို့ရအောင် စီမံပေးမယ်။ တောင်ယာလုပ်ကိုင် စားသောက်လို့ရအောင် ကူညီပေးသွားမယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ဖယ်ရှားပေးရန် အမိန့်စာ ထုတ်ပြန်ခံထားရသော ဒုက္ခသည်များ ရွှေ့ပြောင်း နေထိုင်နိုင်ရန် မြဝတီမြို့နယ် ဆုံဆည်းမြိုင်အနီးရှိ ကျောက်ခတ်ကျေးရွာတွင် တစုတဝေးတည်း နေထိုင်နိုင်ရန် လတ်တလော စီစဉ်ထားပြီး ယင်းအနီးရှိ ကျေးရွာများတွင်လည်း မိမိစိတ်ကြိုက် ရွေးချယ်ကာ နေထိုင်ခွင့်ပြုမည် ဖြစ်ကြောင်း ဗိုလ်မှူးကြီး စောဆန်းအောင်က ရှင်းလင်းပြောကြားသည်။

“DKBA က ကူညီမယ်လို့ ပြောခဲ့တုန်းက လိုက်မယ်လို့ ကတိပေးမထားပါဘူး။ မနေ့ည ၁၁ နာရီက မြို့နယ် အုပ်ချုပ်ရေးမှူးက ဦးပဉ္စင်းဆီ ဖုန်းဆက်ပြီး ဓမ္မာရုံထဲ ရွှေ့ပြောင်းနေသူတွေကို ဖယ်ခိုင်းတယ်။ ကလေးငယ်တွေ စာမေးပွဲပြီးချိန် တစ်ပတ်ကြာမှ အားလုံးဖယ်ပေးနိုင်မယ့်လို့တော့ အကြောင်းပြန်ခဲ့တယ်။ လုံးဝအကျပ်အတည်း ဖြစ်လာရင်တော့ သူတို့တွေ DKBA နောက် လိုက်သွားရမှာပေါ့လေ။ ဒီကြားမှာ နေစရာ မြေပြန်ရအောင် ပြည်သူတွေရဲ့ အကူအညီယူပြီး နိုင်ငံ့လူကြီးတွေထံမှာ အကူအညီ တောင်းရ မှာပဲ” ဟု အောင်သိဒ္ဓိကျောင်းထိုင် ဆရာတော် အရှင်အဂ္ဂဓမ္မက မိန့်ကြားသည်။

DKBA ဌာနချုပ်၏ ထိန်းချုပ် နယ်မြေအတွင်း လိုက်ပါနေထိုင်သူများ၏ စားဝတ်နေရေး အဆင်ပြေစေရန် DKBA အဖွဲ့နှင့်အတူ မွန်ပြည်နယ် ဒေသခံများနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ လူမှုကွန်ရက်အဖွဲ့များမှ စုပေါင်းကာ ဆန်အိတ် ၁၀၀ ကျော်၊ ကော်ဖီထုပ်၊ ငါးသေတ္တာဘူး ၆၀၀ ကျော်၊ ဟင်းသီးဟင်းရွက်များ လှူဒါန်းခဲ့ကြောင်း လူမှုဘဝ တိုးတက်မြင့်မားရေးအသင်းမှ ဦးနေမျိုးဇင်က ပြောကြားသည်။

“အမှန်တကယ် ဒုက္ခရောက်တဲ့ မိသားစုဝင်တွေရဲ့ စာရင်းကောက်ပြီး မြေနေရာတစ်ခု ရရှိအောင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေဆီကို အသနားခံစာ တင်ပြထားပါတယ်။ အစိုးရပိုင်းက လက်မခံနိုင်ဘူး ဆိုရင်တော့ DKBA နဲ့ လိုက်သွားပြီး အဆင်ပြေစွာ နေထိုင်စားသောက်နိုင်ဖို့ DKBA က တာဝန်ရှိ အရာရှိပိုင်းတွေနဲ့ တိုင်ပင် ဆွေးနွေးထားပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြား သည်။

အစိုးရက ကျူးကျော်သူများကို အင်အားသုံး ဖယ်ရှားမှုကြောင့် နေစရာမရှိ ဒုက္ခရောက်နေသူများကို DKBA အဖွဲ့က ကူညီဆောင်ရွက်ပေးခြင်းနှင့် ပတ်သက်၍ အစိုးရကို ယှဉ်ပြိုင်ချင်း မဟုတ်ဘဲ လူသားချင်း စာနာထောက်ထားစိတ်ဖြင့် ကူညီခြင်းဖြစ်ပြီး အဖွဲ့အတွင်းသို့ ဝင်ခိုင်းရန် အစီအစဉ် မရှိကြောင်း၊ သမီးကလေး ကျေးရွာအပြင် အခြားဖယ်ရှားခံရသော မြေနေရာ မဲ့နေသူများအတွက် ဆက်လက်ကူညီ ဆောင်ရွက်ပေးနိုင်ရန် တိုင်းရင်းသားလူမျိုးများ၊ လူမှုကွန်ရက် အသင်းအဖွဲ့တို့နှင့် ဆွေးနွေးလျက် ရှိပြီး ပူးပေါင်း ဆောင်ရွက်ရန် စီစဉ်နေကြောင်း DKBA မှ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က The Voice သို့ ပြောကြားသည်။

လှည်းကူးမြို့နယ်ရှိ တပ်ပိုင်မြေတွင် ကျူးကျော် နေထိုင်သည်ဟုဆိုကာ ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက်ပိုင်း က သက်ဆိုင်ရာက အင်အားသုံး ဖယ်ရှားခဲ့သော သမီးကလေးကျေးရွာမှ အိမ်ထောင်စုပေါင်း ၁၅၀ ခန့်၊ လူဦးရေ ၅၀၀ ကျော်မှာ အောင်သိဒ္ဓိ ဘုန်းတော်ကြီးကျောင်းတွင် ဖယ်ရှားခံရသောနေ့မှ စတင်နေထိုင်ခဲ့ပြီး လာရောက် လှူဒါန်းသော အလှူရှင်များ၏ အကူအညီဖြင့် ကျောင်းထိုင် ဆရာတော်က ကူညီစောင့်ရှောက် ထားရကြောင်း အောင်သိဒ္ဓိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ကျောင်းထိုင် ဆရာတော် ဦးအဂ္ဂဓမ္မက မိန့်ကြားသည်။

The Voice Weekly

No comments:

Post a Comment