Friday, February 28, 2014

မြန်မာနိုင်ငံ ထွက်ကုန် ပစ္စည်း များကို နိုင် ငံ တ ကာ ဈေးကွက်သို့ ပိုမိုတင်ပို့ လာနိုင်စေရန် MAERSK LINE သင်္ဘော ကုမ္ပဏီ မြန်မာနိုင်ငံ၌ ကိုယ်စားလှယ်ရုံး ဖွင့်လှစ်

Photo: မြန်မာနိုင်ငံ ထွက်ကုန် ပစ္စည်း များကို နိုင် ငံ တ ကာ ဈေးကွက်သို့ ပိုမိုတင်ပို့ လာနိုင်စေရန် MAERSK LINE သင်္ဘော ကုမ္ပဏီ မြန်မာနိုင်ငံ၌ ကိုယ်စားလှယ်ရုံး ဖွင့်လှစ်

ကမ္ဘာပေါ်ရှိ ထင်ရှားကျော်ကြားသော ကွန်တိန်နာ သယ်ယူပို့ဆောင်ရေး ပင်လယ်ကူး သင်္ဘောလိုင်း ကြီးများအနက် တစ်ခု အပါအဝင်ဖြစ်သော MAERSK LINE သင်္ဘောလိုင်း သည် မြန်မာနိုင်ငံ တွင်ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ခွင့်နှင့် ကွန်တိန်နာ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်း အမြဲတမ်း လုပ်ကိုင်ခွင့်ကို ရရှိသွားပြီဖြစ်ရာ မေလမှ စတင်၍ ရန်ကုန်မြို့၌ ၎င်း၏ ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ကာ လုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

MAERSK LINE သင်္ဘောလိုင်းသည် ပင်လယ်ကူး သင်္ဘောကြီးများကို အသုံးပြုကာ ကမ္ဘာ အနှံ့အပြားရှိ နိုင်ငံများသို့ ကွန်တိန်နာများ သယ်ယူပို့ဆောင်ခြင်း လုပ်ငန်းကို လုပ်ကိုင် ဆောင်ရွက် လျက်ရှိပြီး မြန်မာနိုင်ငံ တွင်လည်း တိုးချဲ့လုပ်ကိုင်ရန် ရည်ရွယ်ထားကြောင်း၊ လက်ရှိတွင်လည်း MAERSK LINE အနေဖြင့် မြန်မာနိုင်ငံအတွက် ကွန်တိန်နာများ သယ်ယူ ပို့ဆောင်ပေးခြင်းကို လုပ်ကိုင်ဆောင်ရွက် ပေးနေသော်လည်း အမြဲတမ်း တရားဝင် ကိုယ်စားလှယ် ရုံးခန်းဖွင့်လှစ်ကာ လုပ်ကိုင်ဆောင်ရွက် ခွင့်ကို ယခုကျမှသာ ရရှိခြင်း ဖြစ်ကြောင်း၊ ၎င်းတို့ အနေနှင့် မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ပြီးပါက မြန်မာနိုင်ငံထွက် ကုန်ပစ္စည်း များကို နိုင်ငံတကာ ဈေးကွက်သို့ ပိုမိုတင်ပို့ လာနိုင်စေရန် ကူညီ ဆောင်ရွက်ခြင်း များ ပြုလုပ်သွား မည် ဖြစ်ကြောင်း အဆိုပါ သင်္ဘောကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံတွင် ပင်လယ်ကူး သင်္ဘောများဖြင့် ကွန်တိန်နာများ သယ်ယူ ပို့ဆောင်ခြင်း လုပ်ငန်းပမာဏသည် လွန်ခဲ့သော ငါးနှစ်အတွင်း၌ နှစ်စဉ် ၁၅ ရာခိုင်နှုန်း ကျော် တိုးမြင့်လာခဲ့ပြီး လာမည့်နှစ်များ တွင်လည်း ပိုမိုတိုးတက် လာမည်ဖြစ်ကာ၂ဝ၂ဝ ပြည့်နှစ်တွင်မူ ကွန်တိန်နာ သင်္ဘောများနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းပမာဏသည် ယခုထက် လေးဆကျော် ပိုမိုတိုးတက်လာနိုင် ဖွယ်ရှိကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment