Friday, February 14, 2014

၂၀၃၀ တွင် တစ်နိုင်ငံလုံးလျှပ်စစ်မီးရရှိရေး ကမ္ဘာ့ဘဏ်နှင့် မြန်မာအစိုးရတို့ ပူးပေါင်းဆောင်ရွက်

၂၀၃၀ တွင် မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိရေးအတွက် ကမ္ဘာ့ဘဏ်နှင့် မြန်မာအစိုးရတို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း ကမ္ဘာ့ဘဏ်မှတာဝန်ရှိသူများက ပြောသည်။ လက်ရှိကာလတွင် မြန်မာ တစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိရေးအတွက် အစိုးရနှင့် ကမ္ဘာ့ဘဏ်တို့ပူးပေါင်းပြီး တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ် အားရရှိရေး စီမံကိန်း (National Electrification Plan) ကို ရေးဆွဲထားပြီး ၂၀၁၄ အောက်တိုဘာတွင် ပြီးစီးမည်ဟုဆိုသည်။

အဆိုပါစီမံကိန်းတွင် ၂၀၁၅၊ ၂၀၂၀၊ ၂၀၃၀ ခုနှစ်များအလိုက် လျှပ်စစ်မီးရရှိရေး စီမံကိန်းများကိုလည်း ပါဝင်ရေးဆွဲထားသည်ဟု ၎င်းတို့ကဆိုသည်။ ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူတစ်ဦးက “မြန်မာနိုင်ငံမှာက လျှပ်စစ်လိုအပ်ချက်က အရမ်းများနေတဲ့အတွက် National Electrification Plan ကို ရေးဆွဲတာပါ။ ဒီအစီအစဉ်ဟာ ကမ္ဘာ့ဘဏ်ရဲ့ ဒုတိယမြောက်အစီအစဉ်ပါ။ Plan က တစ်နိုင်ငံလုံး ကျေးလက်တွေအထိ မီးရရှိရေးကို ရည်ရွယ်ရေးဆွဲထားပါတယ်။ ၂၀၃၀ မှာ မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင့်မီ လျှပ်စစ်မီးရရှိနေရ မယ်ဆိုတဲ့ ရည်ရွက်ချက်နဲ့ပါ” ဟု ပြောသည်။

National Electrification Plan ကို ကမ္ဘာ့ဘဏ်အနေဖြင့် ကန်ဒေါ်လာနှစ်သန်း အကုန်အကျခံရေးဆွဲ မည်ဖြစ်ပြီး ကမ္ဘာ့ဘဏ်၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် လျှပ်စစ် စွမ်းအားဝန်ကြီးဌာနတို့မှ ပူးပေါင်းရေးဆွဲလျက်ရှိသည်ဟု ကမ္ဘာ့ဘဏ်မှတာဝန်ရှိသူများက ဆိုသည်။

ကမ္ဘာ့ဘဏ်သည် မြန်မာနိုင်ငံအတွင်း လျှပ်စစ်မီးရရှိရေးအတွက် ပထမအစီအစဉ်အနေဖြင့် မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် သက်တမ်းလွန် တာဘိုင်အဟောင်းနေရာ၌ လျှပ်စစ်ဓာတ်အား ၁၀၆ မဂ္ဂါဝပ်ထုတ် လုပ်နိုင်မည့် ကန်ဒေါ်လာသန်း ၁၄၀ တန် ခေတ်မီတာဘိုင်အသစ်များကို လဲလှယ်သွားမည်ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment