Monday, February 24, 2014

Photo: ဟံသာဝတီလေဆိပ်တည်ဆောက်ရေး စီမံကိန်းကို ၂၀၁၄ ခုနှစ်အတွင်း စတင်မည်ဖြစ်သောကြောင့် လုပ်ကိုင်ခွင့်ရ ကုမ္ပဏီများ အမြန် ဆုံးရွေးချယ်နိုင်ရေး နိုင်ငံတော်သမ္မတရုံးသို့ တင်ပြထား
Monday,February 24, 2014

ဟံသာဝတီလေဆိပ်တည်ဆောက်ရေး စီမံကိန်းကို ၂ဝ၁၄ ခုနှစ်အတွင်း စတင်တည်ဆောက်မည်ဖြစ်ကြောင်းနှင့် ယင်းသို့ စတင်နိုင်ရေးအတွက် လုပ်ကိုင်ခွင့်ရရှိမည့် ကုမ္ပဏီကို အမြန်ဆုံး ရွေးချယ်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတရုံးသို့ တင်ပြထားပြီဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်က ဆိုသည်။

“ဟံသာဝတီလေဆိပ် စီမံကိန်း Short list စာရင်းမှာ ကုမ္ပဏီလေးခုကို ရွေးချယ်ထားပါတယ်။ နံပါတ် (၁) ဦးစားပေး ကိုရီးယားအင်ချွန်းလေဆိပ်။ ညှိနှိုင်းဆွေးနွေးနေတာ လေးငါးခြောက်လလောက် ရှိပြီ။ သူတို့နိုင်ငံက ထုံးစံသူတို့ တောင်းဆိုချက်တွေက ကျွန်တော်တို့ဗမာပြည်ရဲ့ Overall နဲ့ မကိုက်ဘူးပေါ့။ အဲဒါနဲ့ ခဏရပ်လိုက်တယ်။ ဒုတိယ ဦးစားပေးဖြစ်တဲ့ Yongnam ဆိုတဲ့ စင်ကာပူနဲ့ ဂျပန်နဲ့ပေါင်းထားတဲ့ ကုမ္ပဏီနဲ့ ဆွေးနွေးနေ တယ်။ နှစ်ပတ်လောက်ရှိပြီ” ဟု ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင် က ပြောကြားသည်။

ဟံသာဝတီလေဆိပ်တည်ဆောက်ရေး စီမံကိန်းအတွက် တန်ဖိုးဒေါ်လာ ၁ ဒသမ ၅ ဘီလျံ ခန့်မှန်းထားကြောင်းနှင့် အဆိုပါလေဆိပ်သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် မန္တလေးလေဆိပ်တို့ထက် ၁ဝ ဆပို၍ကြီး မားကြောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ဧရိယာမှာ ဧက ၁ဝဝဝ ခန့်သာရှိပြီး ဟံသာဝတီလေဆိပ် စီမံကိန်းမှာ ဧက ၉၆ဝဝ ခန့် အသုံးပြုသွား မည်ဖြစ်သည်။

ဟံသာဝတီလေဆိပ်သစ် တည်ဆောက်ရန် ဒုတိယဦးစားပေး ရွေးချယ်ခံရ သည့် စင်ကာပူကုမ္ပဏီနှင့် ပထမအကြိမ် ညှိနှိုင်းပြီးစီးခဲ့ကြောင်း၊ တောင် ကိုရီးယားနိုင်ငံ အင်ချွန်းကုမ္ပဏီနှင့် လေဆိပ်တည်ဆောက်ရေး ညှိနှိုင်းမှုအား ရပ်ဆိုင်းပြီး ဒုတိယဦးစားပေး ရွေးချယ်ခံရသည့် Yongnam-CAPE-JGC  ကုမ္ပဏီနှင့် လေဆိပ်သစ်တည်ဆောက်ရေး ညှိနှိုင်းမှုများ ဆက်လက်ပြုလုပ် ခဲ့ခြင်းဖြစ်သည်။

“Back up tenderer အဖြစ် ရွေးချယ်ထားတဲ့ Yongnam-CAPE-JGC ကုမ္ပဏီနဲ့ ပထမအကြိမ် ညှိနှိုင်းဆွေးနွေးမှုပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း ပြီးစီးခဲ့ပါပြီ” ဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံ၏ အဓိကဝင်ပေါက် တစ်ခုဖြစ်သည့်အပြင် အကြီးဆုံးလေဆိပ် အဖြစ် သတ်မှတ်ရမည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်သစ်ကြီး တည်ဆောက်ရန် တောင်ကိုရီးယားနိုင်ငံမှ Incheon Airport Consortium သည် Successful tenderer အဖြစ် ရွေးချယ်ခံခဲ့ရသည်။ Back up tenderer အဖြစ် Yongnam-CAPE-JGC ကုမ္ပဏီအား ရွေးချယ်ခဲ့သည်။ Yongnam-CAPE-JGC ကုမ္ပဏီသည် စင်ကာပူနိုင်ငံမှ Yongnam Holdings Limited၊ ဂျပန်နိုင်ငံမှ JGC Corporation၊ စင်ကာပူနိုင်ငံမှ Changi Airport Planners & Engineers Pte ltd စသည့် ကုမ္ပဏီသုံးခုတို့ ပူးပေါင်းထားခြင်းဖြစ်သည်။  

Eleven Media Group

ဟံသာဝတီလေဆိပ်သစ်တည်ဆောက်မည့် မြေနေရာ တစ်စိတ်တစ်ပိုင်းကို တွေ့ရစဉ်
ဟံသာဝတီလေဆိပ်သစ်တည်ဆောက်မည့် မြေနေရာ တစ်စိတ်တစ်ပိုင်းကို တွေ့ရစဉ်
ဟံသာဝတီလေဆိပ်တည်ဆောက်ရေး စီမံကိန်းကို ၂ဝ၁၄ ခုနှစ်အတွင်း စတင်တည်ဆောက် မည်ဖြစ်ကြော င်းနှင့် ယင်းသို့ စတင်နိုင်ရေးအတွက် လုပ်ကိုင်ခွင့်ရရှိမည့် ကုမ္ပဏီကို အမြန်ဆုံး ရွေးချယ်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတရုံးသို့ တင်ပြထားပြီဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင် က ဆိုသည်။


“ဟံသာဝတီလေဆိပ် စီမံကိန်း Short list စာရင်းမှာ ကုမ္ပဏီလေးခုကို ရွေးချယ်ထားပါတယ်။ နံပါတ် (၁) ဦးစားပေး ကိုရီးယားအင်ချွန်းလေဆိပ်။ ညှိနှိုင်းဆွေးနွေးနေတာ လေးငါးခြောက်လလောက် ရှိပြီ။ သူတို့နိုင်ငံ က ထုံးစံသူတို့ တောင်းဆိုချက်တွေက ကျွန်တော်တို့ဗမာပြည်ရဲ့ Overall နဲ့ မကိုက်ဘူးပေါ့။ အဲဒါနဲ့ ခဏရပ်လိုက်တယ်။ ဒုတိယ ဦးစားပေးဖြစ်တဲ့ Yongnam ဆိုတဲ့ စင်ကာပူနဲ့ ဂျပန်နဲ့ပေါင်းထားတဲ့ ကုမ္ပဏီနဲ့ ဆွေးနွေးနေ တယ်။ နှစ်ပတ်လောက်ရှိပြီ” ဟု ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင် က ပြောကြား သည်။

ဟံသာဝတီလေဆိပ်တည်ဆောက်ရေး စီမံကိန်းအတွက် တန်ဖိုးဒေါ်လာ ၁ ဒသမ ၅ ဘီလျံ ခန့်မှန်း ထားကြော င်းနှင့် အဆိုပါလေဆိပ်သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် မန္တလေးလေဆိပ် တို့ထက် ၁ဝ ဆပို၍ကြီး မားကြောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ဧရိယာမှာ ဧက ၁ဝဝဝ ခန့် သာ ရှိပြီး ဟံသာဝတီလေဆိပ် စီမံကိန်းမှာ ဧက ၉၆ဝဝ ခန့် အသုံးပြုသွား မည်ဖြစ်သည်။

ဟံသာဝတီလေဆိပ်သစ် တည်ဆောက်ရန် ဒုတိယဦးစားပေး ရွေးချယ်ခံရ သည့် စင်ကာပူကုမ္ပဏီနှင့် ပထမအကြိမ် ညှိနှိုင်းပြီးစီးခဲ့ကြောင်း၊ တောင် ကိုရီးယားနိုင်ငံ အင်ချွန်းကုမ္ပဏီနှင့် လေဆိပ်တည်ဆော က်ရေး ညှိနှိုင်းမှုအား ရပ်ဆိုင်းပြီး ဒုတိယဦးစားပေး ရွေးချယ်ခံရသည့် Yongnam-CAPE-JGC  ကုမ္ပဏီနှင့် လေဆိပ်သစ်တည်ဆောက်ရေး ညှိနှိုင်းမှုများ ဆက်လက်ပြုလုပ် ခဲ့ခြင်းဖြစ်သည်။

“Back up tenderer အဖြစ် ရွေးချယ်ထားတဲ့ Yongnam-CAPE-JGC ကုမ္ပဏီနဲ့ ပထမအကြိမ် ညှိနှိုင်းဆွေးနွေး မှု ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း ပြီးစီးခဲ့ပါပြီ” ဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံ၏ အဓိကဝင်ပေါက် တစ်ခုဖြစ်သည့်အပြင် အကြီးဆုံးလေဆိပ် အဖြစ် သတ်မှတ်ရမည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်သစ်ကြီး တည်ဆောက်ရန် တောင်ကိုရီးယားနိုင်ငံမှ Incheon Airport Consortium သည် Successful tenderer အဖြစ် ရွေးချယ်ခံခဲ့ရသည်။ Back up tenderer အဖြစ် Yongnam-CAPE-JGC ကုမ္ပဏီအား ရွေးချယ်ခဲ့သည်။ Yongnam-CAPE-JGC ကုမ္ပဏီသည် စင်ကာပူနိုင်ငံမှ Yongnam Holdings Limited၊ ဂျပန်နိုင်ငံမှ JGC Corporation၊ စင်ကာပူနိုင်ငံမှ Changi Airport Planners & Engineers Pte ltd စသည့် ကုမ္ပဏီသုံးခုတို့ ပူးပေါင်းထားခြင်းဖြစ်သည်။  

Eleven Media Group 

No comments:

Post a Comment