Monday, March 17, 2014

အာဖဂန်နစ္စတန်၌ အမေရိကန်တပ်ဖွဲ့များ မလိုအပ်ဟု ကာဇိုင်းပြောကြား

Photo: အာဖဂန်နစ္စတန်၌ အမေရိကန်တပ်ဖွဲ့များ မလိုအပ်ဟု ကာဇိုင်းပြောကြား
Monday, March 17, 2014

အာဖဂန်နစ္စတန်နိုင်ငံ၏ အနားယူတော့မည့် သမ္မတက အာဖဂန်တပ်မတော်သည် အမေရိကန်ပြည်ထောင်စု၏ အကူအညီမပါရှိဘဲ လုံခြုံရေးတာဝန်များကို ထမ်းဆောင်ရန် အဆင်သင့်ရှိနေပြီဖြစ်ကြောင်း ထုတ်ဖော်ပြောကြားပြီး အမေရိကန်တပ်ဖွဲ့များ နိုင်ငံအတွင်း ဆက်လက်တပ်စွဲထားရန် ခွင့်ပြုမည့်စာချုပ်ကို ဆန့်ကျင်သည့် ၎င်း၏သဘောထားကိုလည်း စနေနေ့တွင် ထပ်မံအတည်ပြုခဲ့သည်။

အာဖဂန်သမ္မတ ဟာမစ်ကာဇိုင်းသည် စနေနေ့၌ကျင်းပသော လွှတ်တော်၌ နောက်ဆုံးအနေဖြင့် ပြောကြားသောမိန့်ခွန်းတွင် အမေရိကန်ပြည်ထောင်စုအပေါ် ၎င်း၏မလိုလားမှုကို ထုတ်ဖော်ပြခဲ့သည်။ အာဖဂန်နစ္စတန်နိုင်ငံ၌ အမေရိကန်တပ်ဖွဲ့များ မလိုအပ်တော့ကြောင်း၊ ၎င်း၏တပ်ဖွဲ့များက တစ်နိုင်ငံလုံးကို တာဝန်ယူရန် အဆင်သင့် ဖြစ်နေကြောင်း ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုနှင့် လုံခြုံရေးဆိုင်ရာ သဘောတူညီချက်ကို ၎င်းအနေဖြင့် လက်မှတ်ရေးထိုးမည် မဟုတ်ကြောင်းလည်း ထပ်မံအတည်ပြု ပြောကြားခဲ့သည်။

အာဖဂန်တပ်ဖွဲ့များကို လေ့ကျင့်သင်ကြားပေးရေးနှင့် အယ်လ်ခိုင်ဒါများကို ရှာဖွေချေမှုန်းရေးအတွက် အမေရိကန်တပ်ဖွဲ့များအား အာဖဂန်နစ္စတန်တွင် ဆက်လက်ထားရှိရန် အဆိုပါလုံခြုံရေး သဘောတူစာချုပ်က ခွင့်ပြုမည်ဖြစ်သည်ဟု အေပီသတင်းဌာနက ဖော်ပြသည်။

နှစ်နိုင်ငံ လုံခြုံရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးရန်အတွက် သမ္မတဟာမစ်ကာဇိုင်းကို အမေရိကန်ပြည်ထောင်စု၊ အခြားနိုင်ငံများနှင့် ထင်ရှားသောပုဂ္ဂိုလ်များပါဝင်သည့် အာဖဂန်ကောင်စီတို့က ဖိအားပေးလျက်ရှိသည်။
ကာဇိုင်းသည် ၂ဝဝ၁ ခုနှစ် ဒီဇင်ဘာလတွင် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရပြီး ၂ဝဝ၉ ခုနှစ် သမ္မတရွေးချယ်ပွဲတွင်လည်း အနိုင်ရရှိခဲ့သည်။

အမေရိကန်ပြည်ထောင်စုနှင့် လုံခြုံရေးသဘော တူညီချက်စာချုပ်ကို လက်မှတ်ရေးထိုးရန် ၎င်း၏ငြင်းဆန်မှုသည် အချည်းနှီးဖြစ်ဖွယ်ရှိသည်။ ဧပြီ ၅ ရက်နေ့ သမ္မတ ရွေးချယ်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်း ၁ဝ ဦးက ၎င်းတို့အနေဖြင့် ယင်းစာချုပ်ကို လက်မှတ်ရေးထိုးကြမည်ဟု ပြောကြားထားနှင့်ပြီးဖြစ်သည်။

တိုင်းမ်စ်။
Myanmaalinn

အာဖဂန်နစ္စတန်နိုင်ငံ၏ အနားယူတော့မည့် သမ္မတက အာဖဂန်တပ်မတော်သည် အမေရိကန်ပြည်ထောင်စု ၏ အကူအညီမပါရှိဘဲ လုံခြုံရေးတာဝန်များကို ထမ်းဆောင်ရန် အဆင်သင့်ရှိနေပြီဖြစ်ကြောင်း ထုတ်ေ ဖ်ာပြော ကြားပြီး အမေရိကန်တပ်ဖွဲ့များ နိုင်ငံအတွင်း ဆက်လက်တပ်စွဲထားရန် ခွင့်ပြုမည့်စာချုပ်ကို ဆန့်ကျင် သည့် ၎င်း၏သဘောထားကိုလည်း စနေနေ့တွင် ထပ်မံအတည်ပြုခဲ့သည်။

အာဖဂန်သမ္မတ ဟာမစ်ကာဇိုင်းသည် စနေနေ့၌ကျင်းပသော လွှတ်တော်၌ နောက်ဆုံးအနေဖြင့် ပြော ကြားသောမိန့်ခွန်းတွင် အမေရိကန်ပြည်ထောင်စုအပေါ် ၎င်း၏မလိုလားမှုကို ထုတ်ဖော်ပြခဲ့သည်။ အာဖဂန် နစ္စတန်နိုင်ငံ၌ အမေရိကန်တပ်ဖွဲ့များ မလိုအပ်တော့ကြောင်း၊ ၎င်း၏တပ်ဖွဲ့များက တစ်နိုင်ငံလုံးကို တာဝန် ယူရန် အဆင်သင့် ဖြစ်နေကြောင်း ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုနှင့် လုံခြုံရေးဆိုင်ရာ သဘောတူညီချက်ကို ၎င်းအနေဖြင့် လက်မှတ်ရေးထိုးမည် မဟုတ်ကြောင်းလည်း ထပ်မံအတည်ပြု ပြောကြားခဲ့သည်။

အာဖဂန်တပ်ဖွဲ့များကို လေ့ကျင့်သင်ကြားပေးရေးနှင့် အယ်လ်ခိုင်ဒါများကို ရှာဖွေချေမှုန်းရေးအတွက် အမေရိ ကန် တပ်ဖွဲ့များအား အာဖဂန်နစ္စတန်တွင် ဆက်လက်ထားရှိရန် အဆိုပါလုံခြုံရေး သဘောတူစာချုပ်က ခွင့်ပြုမည်ဖြစ်သည်ဟု အေပီသတင်းဌာနက ဖော်ပြသည်။

နှစ်နိုင်ငံ လုံခြုံရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးရန်အတွက် သမ္မတဟာမစ်ကာဇိုင်းကို အမေရိ ကန်ပြည်ထောင်စု၊ အခြားနိုင်ငံများနှင့် ထင်ရှားသောပုဂ္ဂိုလ်များပါဝင်သည့် အာဖဂန်ကောင်စီတို့က ဖိအားပေးလျက်ရှိသည်။ ကာဇိုင်းသည် ၂ဝဝ၁ ခုနှစ် ဒီဇင်ဘာလတွင် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရပြီး ၂ဝဝ၉ ခုနှစ် သမ္မတရွေးချယ်ပွဲတွင်လည်း အနိုင်ရရှိခဲ့သည်။

အမေရိကန်ပြည်ထောင်စုနှင့် လုံခြုံရေးသဘော တူညီချက်စာချုပ်ကို လက်မှတ်ရေးထိုးရန် ၎င်း၏ငြင်းဆန်မှု သည် အချည်းနှီးဖြစ်ဖွယ်ရှိသည်။ ဧပြီ ၅ ရက်နေ့ သမ္မတ ရွေးချယ်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ကိုယ်စား လှယ်လောင်း ၁ဝ ဦးက ၎င်းတို့အနေဖြင့် ယင်းစာချုပ်ကို လက်မှတ်ရေးထိုးကြမည်ဟု ပြောကြား ထားနှင့်ပြီးဖြစ်သည်။

တိုင်းမ်စ်။
Myanmaalinn

No comments:

Post a Comment