Monday, March 17, 2014

ထူးခြားသည့် ဆိုလာစွမ်းအင်နည်းပညာ

Photo: ထူးခြားသည့် ဆိုလာစွမ်းအင်နည်းပညာ
Monday, March 17, 2014

အင်္ဂလန်နိုင်ငံ အခြေစိုက် Rawlemons အမည်ရလုပ်ငန်းစုမှ နည်းပညာသစ်ဖြင့် ဖန်တီးမှု ဆန်းသစ်လိုက်သည့် နေရောင်ခြည် စွမ်းအင်နည်းပညာတစ်မျိုးကို နည်းပညာသတင်း စာမျက်နှာများတွင် မိတ်ဆက်ပြသလိုက်သည်။ အဆိုပါလုပ်ငန်းမှ ယခင် ဆိုလာ စွမ်းအင်နည်းပညာများနှင့် မတူဘဲ ထွင်းဖောက်မြင်နိုင်ပြီး ပိုမိုစွမ်းအင် ထုတ်လုပ်နိုင်သော ဆိုလာစွမ်းအင် နည်းပညာတစ်မျိုးကို ဖန်တီး ပြုလုပ်ခဲ့သည်။ ၎င်းနည်းပညာကို Andre Broessel ဆိုသူ ဂျာမန် ဗိသုကာပညာရှင်တစ်ဦးက ဖန်တီး ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ဂျီသြ မေတြီပညာရပ်ကို အခြေခံ၍ တည်ဆောက်ဖန်တီးခဲ့ခြင်းဖြစ်ကာ ရိုးရှင်းသောစိတ်ကူးဒီဇိုင်းရှိပြီး ယခင်ဆိုလာစနစ်များနှင့်မတူဘဲ စွမ်းအင် ရရှိမှုပိုမိုမြင့်မားသည်ဟု အဆိုပါ ဗိသုကာပညာရှင်၏ Rawlemons ၏ ပြန်ကြားရေးစာမျက်နှာတွင် ပြောကြားထားကြောင်း သိရသည်။ ၎င်း၏ဆိုလာနည်းပညာတွင် နေမှ အလင်းကို စုပ်ယူနိုင်ရန်အတွက် မှန်ဘီလူးကဲ့သို့သော ဖန်လုံးမျိုးကို တပ်ဆင်ထားပြီး အဆိုပါ မှန်ဘီလူး ၏အောက်ခြေဘက်တွင် စွမ်းအင် ပြောင်းလဲပေးသည့် PV Panal တစ်ခုပါဝင်ကာ ဘက်ထရီသို့ စွမ်းအင်ပြောင်းလဲ ပို့ဆောင်ပေး မည် ဖြစ်သည်ဟု သိရသည်။ အဆိုပါ နည်းပညာကို စမတ်ဖုန်းအားသွင်း ခြင်းမှစ၍ အိမ်သုံးလျှပ်စစ်စွမ်းအင် အထိ အသုံးပြုနိုင်စေရန် ပုံစံအမျိုးမျိုး ဖန်တီးထားပြီး ဈေးနှုန်းကွာခြားမှု ရှိသည်ဟု သိရသည်။ အဆိုပါ ဖန်လုံး မှာ နေ့အခါတွင် အလင်းရောင် စုပ်ယူထားပြီး ညအခါတွင်လကဲ့သို့ အလင်းရောင်ပြန်လည်ထုတ်လွှင့် နိုင်စွမ်းလည်းရှိကြောင်း သိရသည်။ ရိုးရှင်းလွယ်ကူစွာတပ်ဆင်အသုံးပြု နိုင်ပြီး စွမ်းအင်ရရှိမှုယခင်ကထက်ပိုမိုမြန်ဆန်ကာ ဒီဇိုင်းလှပသော အဆိုပါ မှန်ဘီလူးတပ်ဆိုလာစွမ်းအင် သုံးပစ္စည်းများကို ဥရောပနိုင်ငံ အချို့က မှာယူမှုများလည်းရှိနေပြီ ဟု သိရသည်။

TIKILA

Myanmaalinn
အင်္ဂလန်နိုင်ငံ အခြေစိုက် Rawlemons အမည်ရလုပ်ငန်းစုမှ နည်းပညာသစ်ဖြင့် ဖန်တီးမှု ဆန်းသစ်လိုက် သည့် နေရောင်ခြည် စွမ်းအင်နည်းပညာတစ်မျိုးကို နည်းပညာသတင်း စာမျက်နှာများတွင် မိတ်ဆက်ပြသ လိုက်သည်။
အဆိုပါလုပ်ငန်းမှ ယခင် ဆိုလာ စွမ်းအင်နည်းပညာများနှင့် မတူဘဲ ထွင်းဖောက်မြင်နိုင်ပြီး ပိုမိုစွမ်းအင် ထုတ် လုပ်နိုင်သော ဆိုလာစွမ်းအင် နည်းပညာတစ်မျိုးကို ဖန်တီး ပြုလုပ်ခဲ့သည်။ ၎င်းနည်းပညာကို Andre Broessel ဆိုသူ ဂျာမန် ဗိသုကာပညာရှင်တစ်ဦးက ဖန်တီး ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ဂျီသြ မေတြီပညာရပ်ကို အခြေခံ၍ တည်ဆောက်ဖန်တီးခဲ့ခြင်းဖြစ်ကာ ရိုးရှင်းသောစိတ်ကူးဒီဇိုင်းရှိပြီး ယခင်ဆိုလာစနစ်များနှင့်မတူဘဲ စွမ်းအင် ရရှိမှုပိုမိုမြင့်မားသည်ဟု အဆိုပါ ဗိသုကာပညာရှင်၏ Rawlemons ၏ ပြန်ကြားရေးစာမျက်နှာတွင် ပြောကြားထားကြောင်း သိရသည်။

 ၎င်း၏ဆိုလာနည်းပညာတွင် နေမှ အလင်းကို စုပ်ယူနိုင်ရန်အတွက် မှန်ဘီလူးကဲ့သို့သော ဖန်လုံးမျိုးကို တပ်ဆင်ထားပြီး အဆိုပါ မှန်ဘီလူး ၏အောက်ခြေဘက်တွင် စွမ်းအင် ပြောင်းလဲပေးသည့် PV Panal တစ်ခုပါဝင်ကာ ဘက်ထရီသို့ စွမ်းအင်ပြောင်းလဲ ပို့ဆောင်ပေး မည် ဖြစ်သည်ဟု သိရသည်။ အဆိုပါ နည်းပညာကို စမတ်ဖုန်းအားသွင်း ခြင်းမှစ၍ အိမ်သုံးလျှပ်စစ်စွမ်းအင် အထိ အသုံးပြုနိုင်စေရန် ပုံစံအမျိုးမျိုး ဖန်တီးထားပြီး ဈေးနှုန်းကွာခြားမှု ရှိသည်ဟု သိရသည်။ အဆိုပါ ဖန်လုံး မှာ နေ့အခါတွင် အလင်းရောင် စုပ်ယူထားပြီး ညအခါတွင်လကဲ့သို့ အလင်းရောင်ပြန်လည်ထုတ်လွှင့် နိုင်စွမ်းလည်းရှိကြောင်း သိရသည်။ ရိုးရှင်းလွယ်ကူစွာတပ်ဆင်အသုံးပြု နိုင်ပြီး စွမ်းအင်ရရှိမှုယခင်ကထက်ပိုမိုမြန်ဆန်ကာ ဒီဇိုင်းလှပသော အဆိုပါ မှန်ဘီလူးတပ်ဆိုလာစွမ်းအင် သုံးပစ္စည်းများကို ဥရောပနိုင်ငံ အချို့က မှာယူမှုများလည်းရှိနေပြီ ဟု သိရသည်။

TIKILA
Myanmaalinn

No comments:

Post a Comment