Monday, March 3, 2014

ရွှေပြည်သာမြို့နယ်တွင် မီးဖိုရှိ မီးကြွင်းမီးကျန်မှတဆင့် လူနေအိမ်သုံးလုံး မီးလောင်ကျွမ်းမှုဖြစ်ပွား

Photo: ရွှေပြည်သာမြို့နယ်တွင် မီးဖိုရှိ မီးကြွင်းမီးကျန်မှတဆင့် လူနေအိမ်သုံးလုံး မီးလောင်ကျွမ်းမှုဖြစ်ပွား
Monday, March 3, 2014

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် ၈ ရပ်ကွက် ကနောင် ပန်းခြံ(၂)လမ်း၌ မတ် ၂ ရက် မွန်းလွဲ ၃ နာရီဝန်းကျင်တွင် မီးလောင်ကျွမ်းမှု တစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းသို့ မီးလောင်ကျွမ်းမှုကြောင့် သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းနှစ်ထပ်အိမ် နှစ်အိမ်နှင့် သွပ်မိုး၊ ထရံကာ ပျဉ်ခင်းအိမ်တစ်အိမ် မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အဆိုပါရပ်ကွက် ကနောင်ပန်းခြံ(၂)လမ်း၌ သွပ်မိုးပျဉ်ကာ နှစ်ထပ်အိမ်တစ်အိမ်တွင် နောက်ဖေးမီးဖိုချောင် မီးဖိုထဲရှိ မီးကြွင်းမီးကျန်များမှတဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၎င်းနေအိမ်မှတဆင့် ဘေးနှစ်ဖက်ရှိ ၀ဲ၊ ယာ နေအိမ်နှစ်လုံးသို့ ကူးစက်၍ မီးထပ်မံ လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မီးလောင်သံကြားလို့ ကျွန်တော်ပြေးလာတဲ့အခါ မီးလောင်တဲ့အိမ်မှာ ဘယ်သူမှမရှိဘူး။ ကျွန်တော်တို့ ရပ်ကွက်ကလူတွေ ၀ိုင်းငြှိမ်းပေမယ့်လည်း မီးအားကောင်းတော့ ဘေးနှစ်ဖက်မှာရှိတဲ့ အိမ်နှစ်အိမ်ကို ထပ်ကူးပြီး ဆက်လောင်တယ်။ ခဏအကြာတော့ မီးသတ်ကားတွေ ရောက်လာပြီး ထပ်ငြှိမ်းတော့မှ မီးငြိမ်းသွားတယ်” ဟု မီးလောင်မှု ဖြစ်ပွားခဲ့သည့် အိမ်အနီးတွင် နေထိုင်သူ ကိုဇော်မျိုးက ပြောကြားခဲ့သည်။

“မီးစလောင်တာက အလယ်မှာရှိတဲ့ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းနှစ်ထပ်အိမ်ကနေ စလောင်တာပါ။ အဲဒီက အိမ်ရှင်အမျိုးသမီးက နေ့လည် ၁ နာရီခွဲလောက်မှာ ချက်ပြုတ်စားသောက်ပြီး ထွက်သွားတယ်လို့ သိရတယ်။ အဲဒီအိမ်ရဲ့ မီးဖိုမှာရှိတဲ့ မီးကြွင်းမီးကျန်ကနေ ကြမ်းပြင်သို့ ကူးစက်လောင်တယ်။ အဲဒီကတဆင့် ဘေးနားမှာရှိတဲ့ ကလေးကျောင်းစာအုပ်တွေကို ဆက်လက်ကူးစက်ပြီး လောင်ကျွမ်းတာပါ။ အိမ်ရှင်ဖြစ်သူကိုတော့ သက်ဆိုင်ရာရဲစခန်းမှာ မီးပေါ့ဆစွာ သုံးစွဲမှုနှင့် အမှုဖွင့် အရေးယူသွားမှာပါ” ဟု မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးဖြစ်သူ ဦးမျိုးမြင့်အောင်က ပြောကြားခဲ့သည်။

မီးလောင်မှုကြောင့် နေအိမ်ပျက်စီး ဆုံးရှုံးခဲ့ရသည့် အိမ်ထောင်စုသုံးစုကို ရပ်ကွက်အတွင်းရှိ ကနောင်ပန်းခြံလမ်း စာကြည့်တိုက်ဓမ္မာရုံတွင် ယာယီကယ်ဆယ်ရေးစခန်း ဖွင့်ထားကာ မီးပေါ့ဆစွာ သုံးစွဲသည့် အိမ်ရှင်ကို ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာ မြို့မရဲစခန်းတွင် (ပ)၁၃၃/၂၀၁၄ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

အလားတူ မတ် ၂ ရက် နံနက် ၂ နာရီခန့်တွင်လည်း မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက် ပတ္တမြားလမ်းရှိ နေအိမ်တစ်အိမ်ရှိ အိပ်ခန်းအတွင်း ၀ါးထရံကြမ်းခင်းပေါ်၌ ခြင်ဆေးခွေ ထွန်းထားရာမှ ကြမ်းခင်းနှင့် ၀ါးထရံအကာများသို့ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ပတ်ဝန်းကျင်မှလူများ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ကြရာ မီးငြိမ်းသွားခဲ့ကြောင်း သိရှိရသည်။

Eleven Media Group

မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည့် နေအိမ်များကို တွေ့ရစဉ် 
(ဓာတ်ပုံ - မင်းသိန်းနိုင်)
မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည့် နေအိမ်များကို တွေ့ရစဉ်(ဓာတ်ပုံ - မင်းသိန်းနိုင်)

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် ၈ ရပ်ကွက် ကနောင်ပန်းခြံ(၂)လမ်း၌ မတ် ၂ ရက် မွန်းလွဲ ၃ နာရီဝန်းကျင်တွင် မီးလောင်ကျွမ်းမှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ယင်းသို့ မီးလောင်ကျွမ်းမှုကြောင့် သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းနှစ်ထပ်အိမ် နှစ်အိမ်နှင့် သွပ်မိုး၊ ထရံကာ ပျဉ်ခင်းအိမ်တစ်အိမ် မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အဆိုပါရပ်ကွက် ကနောင်ပန်းခြံ(၂)လမ်း၌ သွပ်မိုးပျဉ်ကာ နှစ်ထပ်အိမ်တစ်အိမ်တွင် နောက်ဖေးမီးဖိုချောင် မီးဖိုထဲရှိ မီးကြွင်းမီးကျန်များမှတဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၎င်းနေအိမ်မှ တဆင့် ဘေးနှစ်ဖက်ရှိ ၀ဲ၊ ယာ နေအိမ်နှစ်လုံးသို့ ကူးစက်၍ မီးထပ်မံ လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မီးလောင်သံကြားလို့ ကျွန်တော်ပြေးလာတဲ့အခါ မီးလောင်တဲ့အိမ်မှာ ဘယ်သူမှမရှိဘူး။ ကျွန်တော်တို့ ရပ်ကွက်ကလူတွေ ၀ိုင်းငြှိမ်းပေမယ့်လည်း မီးအားကောင်းတော့ ဘေးနှစ်ဖက်မှာရှိတဲ့ အိမ်နှစ်အိမ်ကို ထပ်ကူးပြီး ဆက်လောင်တယ်။ ခဏအကြာတော့ မီးသတ်ကားတွေ ရောက်လာပြီး ထပ်ငြှိမ်းတော့မှ မီးငြိမ်းသွားတယ်” ဟု မီးလောင်မှု ဖြစ်ပွားခဲ့သည့် အိမ်အနီးတွင် နေထိုင်သူ ကိုဇော်မျိုးက ပြောကြားခဲ့သည်။

“မီးစလောင်တာက အလယ်မှာရှိတဲ့ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းနှစ်ထပ်အိမ်ကနေ စလောင်တာပါ။ အဲဒီက အိမ်ရှင်အမျိုးသမီးက နေ့လည် ၁ နာရီခွဲလောက်မှာ ချက်ပြုတ်စားသောက်ပြီး ထွက်သွားတယ်လို့ သိရတယ်။ အဲဒီအိမ်ရဲ့ မီးဖိုမှာရှိတဲ့ မီးကြွင်းမီးကျန်ကနေ ကြမ်းပြင်သို့ ကူးစက်လောင်တယ်။ အဲဒီကတဆင့် ဘေးနားမှာရှိတဲ့ ကလေးကျောင်းစာအုပ်တွေကို ဆက်လက်ကူးစက်ပြီး လောင်ကျွမ်းတာပါ။ အိမ်ရှင်ဖြစ်သူကိုတော့ သက်ဆိုင်ရာရဲစခန်းမှာ မီးပေါ့ဆစွာ သုံးစွဲမှုနှင့် အမှုဖွင့် အရေးယူသွားမှာပါ” ဟု မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးဖြစ်သူ ဦးမျိုးမြင့်အောင်က ပြောကြားခဲ့သည်။

မီးလောင်မှုကြောင့် နေအိမ်ပျက်စီး ဆုံးရှုံးခဲ့ရသည့် အိမ်ထောင်စုသုံးစုကို ရပ်ကွက်အတွင်းရှိ ကနောင် ပန်းခြံလမ်း စာကြည့်တိုက်ဓမ္မာရုံတွင် ယာယီကယ်ဆယ်ရေးစခန်း ဖွင့်ထားကာ မီးပေါ့ဆစွာ သုံးစွဲသည့် အိမ်ရှင်ကို ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာ မြို့မရဲစခန်းတွင် (ပ)၁၃၃/၂၀၁၄ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

အလားတူ မတ် ၂ ရက် နံနက် ၂ နာရီခန့်တွင်လည်း မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက် ပတ္တမြားလမ်းရှိ နေအိမ်တစ်အိမ်ရှိ အိပ်ခန်းအတွင်း ၀ါးထရံကြမ်းခင်းပေါ်၌ ခြင်ဆေးခွေ ထွန်းထားရာမှ ကြမ်းခင်းနှင့် ၀ါးထရံအကာများသို့ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ပတ်ဝန်းကျင်မှလူများ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ကြရာ မီးငြိမ်းသွားခဲ့ကြောင်း သိရှိရသည်။

Eleven Media Group

No comments:

Post a Comment